The Great Lethwei -TGL-7 ၿပိဳင္ပြဲတြင္ ျမန္မာ့လက္ေဝွ႕ေက်ာ္ ေက်ာ္စြာဝင္းႏွင့္ ဘရတ္ပတ္စ္တိုး ပူးတြဲသေရ ရရွိ

မေန့ကက်င္းပျပဳလုပ္သည့္ The Great Lethwei -TGL-7 ၿပိဳင္ပြဲတြင္ ေခါင္တြဲ‌ဆိုင္းအျဖစ္ ယွဥ္ၿပိဳင္ထိုးသ-တ္ခဲ့ၾကသည့္ ရိုးရာဖိုက္တာ ေက်ာ္စြာဝင္းႏွင့္ အေမရိကန္နိုင္ငံသား ဘရတ္ပတ္စ္တိုးတို႔ ပူးတြဲသေရျဖင့္ ပြဲၿပီးဆုံးခဲ့သည္။
ဒုေခါင္တြဲဆိုင္းျဖစ္သည့္ ရိုးရာဖိုက္တာ ရန္နိုင္ထြန္းႏွင့္ ထိုင္းဖိုက္တာ နီရန္ တြဲဆိုင္းတြင္ ရန္နိုင္ထြန္းက အလဲထိုးျဖင့္ ထိုင္းၿပိဳင္ဘက္အား အနိုင္ရရွိခဲ့သည္။
ယေန႔ ယွဥ္ၿပိဳင္ထိုးသ-တ္ခဲ့ၾကသည့္ တြဲဆိုင္း (၈)ဆိုင္းအနက္ ျမန္မာအခ်င္းခ်င္း ယွဥ္ၿပိဳင္ၾကသည့္ တြဲဆိုင္း (၅)ဆိုင္းမွာ အလူးအလဲျဖင့္ ပူးတြဲသေရမ်ား ရရွိခဲ့ၾကၿပီး၊ တြဲဆိုင္း(၆) ဆိုင္းေျမာက္တြင္ ထိုးသ-တ္ခဲ့ၾကသည့္ ရိုးရာဖိုက္တာ ေအာင္ထက္ဟိန္းႏွင့္ ေသြးလင္းထက္တို႔ ပြဲစဥ္တြင္ ေသြးလင္းထက္ က အနိုင္ရရွိခဲ့သည္။
ယေန႔ က်င္းပျပဳလုပ္မည့္ The Great Lethwei -TGL-7 ၿပိဳင္ပြဲတြင္ ရိုးရာလက္ေဝွ႕စည္းမ်ဥ္းအတိုင္း အလဲထိုးသူကို အနိုင္ယူစနစ္ျဖင့္ က်င့္သုံးထားျခင္းျဖစ္ၿပီး Canal+မွ ပြဲႀကိဳတြဲဆိုင္း (၄)ဆိုင္းကိုသာ Live လႊင့္ ျပသေပးခဲ့သည္။
ၿပိဳင္ပြဲတြင္ မယ္ဒယ္ဝိတ္တန္းမွ ဖယ္သာ ဝိတ္တန္းအထိ ဝိတ္တန္းအလိုက္ တြဲဆိုင္း (၈)ဆိုင္း ပါဝင္ထိုးသ-တ္ခဲ့ၾကျခင္းျဖစ္သည္။
အဓိက ေခါင္တြဲဆိုင္းတြင္ ထိုးသ-တ္ခဲ့သည့္ ရိုးရာလက္ေဝွ႕ဖိုက္တာ ေက်ာ္စြာဝင္းသည္ ရိုးရာလက္ေဝွ႕ပြဲမ်ားအတြင္း ရႈံးပြဲမရွိသူ တစ္ဦးျဖစ္ကာ လက္ရွိတြင္ M2K ကလပ္တြင္ ကိုယ္စားျပဳကစားေနသူျဖစ္သည္။
အလားတူ ၿပိဳင္ဘက္ျဖစ္သူ အေမရိကန္နိုင္ငံသား ဖိုက္တာဘရတ္ပတ္စ္တိုး မွာ MMA ပြဲစဥ္တြင္( ၄) ပြဲနိုင္ (၃) ပြဲရႈံး ရလဒ္ပိုင္ဆိုင္ထားၿပီး One Championship ပြဲစဥ္တြင္ (၂) ပြဲထိုး (၂)ပြဲရႈံး ရလဒ္ ထြက္ေပၚထားသူျဖစ္သည္။
၎သည္ လက္ရွိ Tiger Muay Thai Club ကိုယ္စားျပဳ ကစားသမားတစ္ဦးလည္း ျဖစ္သည္။

________________________________

The Great Lethwei -TGL-7 ပြိုင်ပွဲတွင် မြန်မာ့လက်ဝှေ့ကျော် ကျော်စွာဝင်းနှင့် ဘရတ်ပတ်စ်တိုး ပူးတွဲသရေ ရရှိ

++++++++++++++++++
မနေ့ကကျင်းပပြုလုပ်သည့် The Great Lethwei -TGL-7 ပြိုင်ပွဲတွင် ခေါင်တွဲ‌ဆိုင်းအဖြစ် ယှဉ်ပြိုင်ထိုးသ-တ်ခဲ့ကြသည့် ရိုးရာဖိုက်တာ ကျော်စွာဝင်းနှင့် အမေရိကန်နိုင်ငံသား ဘရတ်ပတ်စ်တိုးတို့ ပူးတွဲသရေဖြင့် ပွဲပြီးဆုံးခဲ့သည်။
ဒုခေါင်တွဲဆိုင်းဖြစ်သည့် ရိုးရာဖိုက်တာ ရန်နိုင်ထွန်းနှင့် ထိုင်းဖိုက်တာ နီရန် တွဲဆိုင်းတွင် ရန်နိုင်ထွန်းက အလဲထိုးဖြင့် ထိုင်းပြိုင်ဘက်အား အနိုင်ရရှိခဲ့သည်။
ယနေ့ ယှဉ်ပြိုင်ထိုးသ-တ်ခဲ့ကြသည့် တွဲဆိုင်း (၈)ဆိုင်းအနက် မြန်မာအချင်းချင်း ယှဉ်ပြိုင်ကြသည့် တွဲဆိုင်း (၅)ဆိုင်းမှာ အလူးအလဲဖြင့် ပူးတွဲသရေများ ရရှိခဲ့ကြပြီး၊ တွဲဆိုင်း(၆) ဆိုင်းမြောက်တွင် ထိုးသ-တ်ခဲ့ကြသည့် ရိုးရာဖိုက်တာ အောင်ထက်ဟိန်းနှင့် သွေးလင်းထက်တို့ ပွဲစဉ်တွင် သွေးလင်းထက် က အနိုင်ရရှိခဲ့သည်။
ယနေ့ ကျင်းပပြုလုပ်မည့် The Great Lethwei -TGL-7 ပြိုင်ပွဲတွင် ရိုးရာလက်ဝှေ့စည်းမျဉ်းအတိုင်း အလဲထိုးသူကို အနိုင်ယူစနစ်ဖြင့် ကျင့်သုံးထားခြင်းဖြစ်ပြီး Canal+မှ ပွဲကြိုတွဲဆိုင်း (၄)ဆိုင်းကိုသာ Live လွှင့် ပြသပေးခဲ့သည်။
ပြိုင်ပွဲတွင် မယ်ဒယ်ဝိတ်တန်းမှ ဖယ်သာ ဝိတ်တန်းအထိ ဝိတ်တန်းအလိုက် တွဲဆိုင်း (၈)ဆိုင်း ပါဝင်ထိုးသ-တ်ခဲ့ကြခြင်းဖြစ်သည်။
အဓိက ခေါင်တွဲဆိုင်းတွင် ထိုးသ-တ်ခဲ့သည့် ရိုးရာလက်ဝှေ့ဖိုက်တာ ကျော်စွာဝင်းသည် ရိုးရာလက်ဝှေ့ပွဲများအတွင်း ရှုံးပွဲမရှိသူ တစ်ဦးဖြစ်ကာ လက်ရှိတွင် M2K ကလပ်တွင် ကိုယ်စားပြုကစားနေသူဖြစ်သည်။
အလားတူ ပြိုင်ဘက်ဖြစ်သူ အမေရိကန်နိုင်ငံသား ဖိုက်တာဘရတ်ပတ်စ်တိုး မှာ MMA ပွဲစဉ်တွင်( ၄) ပွဲနိုင် (၃) ပွဲရှုံး ရလဒ်ပိုင်ဆိုင်ထားပြီး One Championship ပွဲစဉ်တွင် (၂) ပွဲထိုး (၂)ပွဲရှုံး ရလဒ် ထွက်ပေါ်ထားသူဖြစ်သည်။
၎င်းသည် လက်ရှိ Tiger Muay Thai Club ကိုယ်စားပြု ကစားသမားတစ်ဦးလည်း ဖြစ်သည်။