ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ ျမန္မာနိုင္ငံအေျခစိုက္ ျပည္ပသတင္းဌာနမ်ားႏွင့္ အလြတ္သေဘာေတြ႕ဆုံ

 

ဇူလိုင္ ၂၁၊ ရန္ကုန္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ၂၀၂၄ ခုႏွစ္၊ ဇူလိုင္လ ၂၀ ရက္ေန႔တြင္ ျမန္မာနိုင္ငံအေျခစိုက္ ျပည္ပသတင္းဌာန ၁၀ ခုမွ တာဝန္ခံသတင္းေထာက္မ်ားအား ပါတီဌာနခ်ဳပ္႐ုံးခြဲ(ရန္ကုန္)၌ နံနက္ ၁၀၀၀ မွ ၁၁၄၅ အခ်ိန္ထိ အလြတ္သေဘာေတြ႕ဆုံ ေဆြးေႏြးခဲ့ၾကပါသည္။
ေတြ႕ဆုံစဥ္တြင္ ပါတီဥကၠ႒မွ လက္ရွိနိုင္ငံေတာ္၏ ေဆာင္ရြက္ခ်က္မ်ား၊ ပါတီမွေဆာင္ရြက္ခ်က္မ်ားအား ရွင္းလင္းေျပာၾကားခဲ့ၿပီး တက္ေရာက္လာသည့္ သတင္းဌာနမ်ားႏွင့္ ပူးတြဲသေဘာထားထုတ္ျပန္ခ်က္မ်ားႏွင့္စပ္လ်ဥ္းသည့္ကိစၥရပ္မ်ား၊ ေရြးေကာက္ပြဲျဖစ္နိုင္မႈအေျခအေနႏွင့္ ပါတီ၏အျမင္၊ သန္းေခါင္စာရင္း ေကာက္ခံမႈအေျခအေန၊ ပါတီမွေဆာင္ရြက္လ်က္ရွိေသာ အစိမ္းေရာင္စီမံခ်က္ဆိုင္ရာ လႈပ္ရွားမႈမ်ားႏွင့္ အၾကမ္းဖက္မႈမ်ားအား ဆန္႔က်င္ရာတြင္ အႏုပညာရွင္မ်ား အပါအဝင္ လူထုလူတန္းစားတစ္ရပ္လုံး ပါဝင္လာနိုင္မႈရွိ မရွိကိစၥရပ္မ်ားအား အျပန္အလွန္ေဆြးေႏြးခဲ့ၾကပါသည္။
အဆိုပါေတြ႕ဆုံရာသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီႏွင့္အတူ ဗဟိုအတြင္းေရးမႉး ဦးပိုက္ေထြး၊ရန္ကုန္တိုင္းေဒသႀကီးပါတီဥကၠ႒ ဦးခင္ေမာင္စိုး၊ ျမန္မာနိုင္ငံအေျခစိုက္ ျပည္ပသတင္းဌာနမ်ားမွ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကပါသည္။

_________________________________________________

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ မြန်မာနိုင်ငံအခြေစိုက် ပြည်ပသတင်းဌာနများနှင့် အလွတ်သဘောတွေ့ဆုံ
==============
ဇူလိုင် ၂၁၊ ရန်ကုန်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် မြန်မာနိုင်ငံအခြေစိုက် ပြည်ပသတင်းဌာန ၁၀ ခုမှ တာဝန်ခံသတင်းထောက်များအား ပါတီဌာနချုပ်ရုံးခွဲ(ရန်ကုန်)၌ နံနက် ၁၀၀၀ မှ ၁၁၄၅ အချိန်ထိ အလွတ်သဘောတွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံစဥ်တွင် ပါတီဥက္ကဋ္ဌမှ လက်ရှိနိုင်ငံတော်၏ ဆောင်ရွက်ချက်များ၊ ပါတီမှဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် သတင်းဌာနများနှင့် ပူးတွဲသဘောထားထုတ်ပြန်ချက်များနှင့်စပ်လျဥ်းသည့်ကိစ္စရပ်များ၊ ရွေးကောက်ပွဲဖြစ်နိုင်မှုအခြေအနေနှင့် ပါတီ၏အမြင်၊ သန်းခေါင်စာရင်းကောက်ခံမှုအခြေအနေ၊ ပါတီမှဆောင်ရွက်လျက်ရှိသော အစိမ်းရောင်စီမံချက်ဆိုင်ရာ လှုပ်ရှားမှုများနှင့် အကြမ်းဖက်မှုများအား ဆန့်ကျင်ရာတွင် အနုပညာရှင်များအပါအဝင် လူထုလူတန်းစားတစ်ရပ်လုံး ပါဝင်လာနိုင်မှုရှိ မရှိကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံရာသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့်အတူ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ မြန်မာနိုင်ငံအခြေစိုက် ပြည်ပသတင်းဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။