ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ့ၿဖိဳးေရးပါတီ ဒုတိယဥကၠ႒ ဦးလွထြန္း ဦးေဆာင္ေသာကိုယ္စားလွယ္အဖြဲ႕ တ႐ုတ္ကြန္ျမဴနစ္ပါတီ၏ ဖိတ္ၾကားခ်က္အရ တ႐ုတ္ျပည္သူ႔သမၼတနိုင္ငံသို႔ ထြက္ခြာ

ဇူလိုင္ ၂၀၊ ရန္ကုန္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဒုတိယဥကၠ႒ ဦးလွထြန္း ဦးေဆာင္ေသာ အဖြဲ႕ဝင္ (၉)ဦးပါ ကိုယ္စားလွယ္အဖြဲ႕သည္ တ႐ုတ္ကြန္ျမဴနစ္ပါတီက ဖိတ္ၾကားခ်က္အရ တ႐ုတ္ျပည္သူ႔သမၼတနိုင္ငံသို႔ ၂၀၂၄ ခုႏွစ္၊ ဇူလိုင္လ၊ ၂၀ ရက္ေန႔မွ ၂၇ ရက္ေန႔ထိ ေလ့လာေရးခရီးသြားေရာက္ရန္ ယေန႔ မြန္းလြဲ ၃ နာရီ ၁၀ မိနစ္အခ်ိန္တြင္ ေလယာဥ္အမွတ္ – 9642၊ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွ ထြက္ခြာသြားခဲ့သည္။
ေလ့လာေရးခရီးစဥ္တြင္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီႏွင့္အတူ ျပည္သူ႔ပါတီ၊ ရခိုင္ဦးေဆာင္ပါတီ၊ ရွမ္းႏွင့္တိုင္းရင္းသားမ်ား ဒီမိုကရက္တစ္ ပါတီတို႔မွ အဖြဲ႕ဝင္မ်ား လိုက္ပါသြားခဲ့ၾကပါသည္။
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဒုတိယဥကၠ႒ ဦးလွထြန္းႏွင့္ကိုယ္စားလွယ္အဖြဲ႕ ျပည္ပထြက္ခြာရာသို႔ ရန္ကုန္တိုင္းေဒသႀကီး ပါတီေကာ္မတီဝင္မ်ား၊ နိုင္ငံတကာေရးရာေကာ္မတီမွ တာဝန္ရွိသူမ်ားက ေလဆိပ္တြင္ လိုက္ပါပို႔ေဆာင္ ႏႈတ္ဆက္ခဲ့ၾကပါသည္။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ထွက်ခွာ
=======
ဇူလိုင် ၂၀၊ ရန်ကုန်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း ဦးဆောင်သော အဖွဲ့ဝင် (၉)ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ကွန်မြူနစ်ပါတီကဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ၊ ၂၀ ရက်နေ့မှ ၂၇ ရက်နေ့ထိ လေ့လာရေးခရီးသွားရောက်ရန် ယနေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်အချိန်တွင် လေယာဥ်အမှတ် – 9642၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားခဲ့သည်။
လေ့လာရေးခရီးစဥ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့်အတူ ပြည်သူ့ပါတီ၊ ရခိုင်ဦးဆောင်ပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့မှ အဖွဲ့ဝင်များ လိုက်ပါသွားခဲ့ကြပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းနှင့်ကိုယ်စားလှယ်အဖွဲ့ ပြည်ပထွက်ခွာရာသို့ ရန်ကုန်တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ နိုင်ငံတကာရေးရာကော်မတီမှ တာဝန်ရှိသူများက လေဆိပ်တွင် လိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့ကြပါသည်။