
ကျုံပျော် ဇူလိုင် ၁၆
ဦးအောင်တင်မြင့်မှ တိုင်း၊ခရိုင်၊မြို့နယ် ကော်မတီများအားတွေ့ရှိရသည့် အတွက် လေးစားအသိအမှတ်ပြုပါကြောင်း၊လက်ရှိနိုင်ငံရေး၊ စီးပွားရေးနှင့် ပြည်ခိုင်ဖြိုးပါတီ၏ရပ်တည်ချက်၊ မူဝါဒ သဘောတရားများကိုရှင်းလင်းဆွေးနွေးပြီးတက်ရောက်လာသောခရိုင်ဥက္ကဌ၊မြို့နယ်ဥက္ကဌများ၏ ခရိုင်တွင်းလှုပ်ရှားဆောင်ရွက်မှု၊မြို့နယ်တွင်းလှုပ်ရှားဆောင်ရွက်မှုများကိုတင်ပြကြရာ ပါတီဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့် မှလိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
အခမ်းအနားသို့ပါတီဗဟိုအလုပ် အမှုဆောင် ဦးအောင်တင်မြင့်၊တိုင်းကော်မတီဝင်ဒေါက်တာထိန်ဝင်း (ကျုံပျော်ခရိုင် တာဝန်ခံ)၊ဦးသန်းထွန်း၊ ဦးအောင်မြင့်သိန်း၊ ကျုံပျော်ခရိုင်ပါတီဥက္ကဌဦးမြင့်ကြိုင်နှင့်အတွင်းရေးမှူး၊မြို့နယ်ပါတီဥက္ကဌဦးထွန်းထွန်းဦး၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊အရန်ကော်မတီဝင်များ၊စုစုပေါင်း (၂၇)ဦးတက်ရောက်ကြကာ နံနက်(၀၉:၄၅)နာရီတွင်ပြီးဆုံးခဲ့ပါသည်။

===================

ပါတီဝင်နှစ်စဉ်ကြေးပေးအပ်ပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင်၊​တောင်သူလယ်သမားရေးရာ တာဝန်ခံဦးအောင်တင်မြင့်တက်ရောက်
===========================
ကျုံပျော် ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ (၁၆-၇-၂၀၂၄) နံနက် (၀၉:၃၀) နာရီအချိန်တွင်ပါတီဝင်နှစ်စဉ်ကြေး ပေးအပ်ပွဲအခမ်းအနားပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာပါတီဝင်နှစ်စဉ်ကြေးပေးအပ်ပွဲသို့ တက်ရောက်လာသောပါတီဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာတာဝန်ခံ
ဦးအောင်တင်မြင့်မှ တိုင်း၊ခရိုင်၊မြို့နယ် ကော်မတီများအားတွေ့ရှိရသည့် အတွက် လေးစားအသိအမှတ်ပြုပါကြောင်း၊လက်ရှိနိူင်ငံရေး၊ စီးပွားရေးနှင့်ပြည်ခိုင်ဖြိုးပါတီ၏ရပ်တည်ချက်၊ မူဝါဒ သဘောတရားများကိုရှင်းလင်းဆွေးနွေးပြီးတက်ရောက်လာသောခရိုင်ဥက္ကဌ၊မြို့နယ်ဥက္ကဌများ၏ ခရိုင်တွင်းလှုပ်ရှားဆောင်ရွက်မှု၊မြို့နယ်တွင်းလှုပ်ရှားဆောင်ရွက်မှုများကိုတင်ပြကြရာ ပါတီဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့် မှလိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးညှိနှိုင်းမှုအပြီးတွင် ကျုံပျော်ခရိုင်ပါတီဥက္ကဌ၊မြို့နယ်ပါတီဥက္ကဌတို့မှပါတီဝင်(၂၀၀)ဦးအတွက်ပထမအကြိမ်နှစ်စဉ်ကြေးပေးသွင်းရာ တိုင်းပါတီကော်မတီဝင် ဒေါက်တာထိန်ဝင်း(ကျုံပျော်ခရိုင်တာဝန်ခံ)၊ဦးသန်းထွန်း (စည်းရုံးရေးရာတာဝန်ခံ)၊ဦးအောင်မြင့်သ်န်း(မီဒီယာတာဝန်ခံ)တို့မှလက်ခံရယူခဲ့ပါသည်။
အခမ်းအနားသို့ပါတီဗဟိုအလုပ် အမှုဆောင် ဦးအောင်တင်မြင့်၊တိုင်းကော်မတီဝင်ဒေါက်တာထိန်ဝင်း (ကျုံပျော်ခရိုင် တာဝန်ခံ)၊ဦးသန်းထွန်း၊ ဦးအောင်မြင့်သိန်း၊ ကျုံပျော်ခရိူင်ပါတီဥက္ကဌဦးမြင့်ကြိုင်နှင့်အတွင်းရေးမှူး၊မြို့နယ်ပါတီဥက္ကဌဦးထွန်းထွန်းဦး၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊အရန်ကော်မတီဝင်များ၊စုစုပေါင်း (၂၇)ဦးတက်ရောက်ကြကာ နံနက်(၀၉:၄၅)နာရီတွင်ပြီးဆုံးခဲ့ပါသည်။