ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ “စည္း႐ုံးေရးဆိုင္ရာေခါင္းေဆာင္မႈသင္တန္း အမွတ္စဥ္(၂)” သင္တန္းဆင္းပြဲအခမ္းအနားျပဳလုပ္

ဇူလိုင္ ၁၂၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီသည္ ၂၀၂၄ ခုႏွစ္၊ ဇူလိုင္လ ၁ ရက္ေန႔မွ ၁၂ ရက္ေန႔ထိ ဖြင့္လွစ္သင္ၾကားခဲ့သည့္ “စည္း႐ုံးေရးဆိုင္ရာေခါင္းေဆာင္မႈသင္တန္း အမွတ္စဥ္ (၂)” သင္တန္းဆင္းပြဲအခမ္းအနားကို ၁၂-၇-၂၀၂၄ ရက္ေန႔ ၁၅၀၀ အခ်ိန္တြင္ ပါတီဌာနခ်ဳပ္ ညီလာခံခန္းမ၌ က်င္းပျပဳလုပ္ခဲ့ပါသည္။
ပထမဦးစြာ အခမ္းအနားကို တက္ေရာက္ၾကသူအားလုံးက နိုင္ငံေတာ္အလံအေလးျပဳၿပီး နိုင္ငံေတာ္သီခ်င္းသီဆို၍ ဖြင့္လွစ္ၾကပါသည္။ ၎ေနာက္ ပါတီဥကၠ႒ ဦးခင္ရီက သင္တန္းဆင္းအမွာစကားေျပာၾကားရာ ” ၿမိဳ႕နယ္ေတြမွာေဆာင္ရြက္ေနတဲ့ ပါတီတာဝန္ရွိသူမ်ားဟာ ျပည္သူနဲ႔ ထိေတြ႕မႈအမ်ားဆုံးရွိေၾကာင္း၊ ၎တို႔ရဲ့ေဆာင္ရြက္ခ်က္မ်ားက ပါတီကို ခ်စ္ျခင္း၊ မုန္းျခင္း ေရာင္ျပန္ဟပ္တာျဖစ္တဲ့အတြက္ နိုင္ငံေရးသမားေကာင္းပီသစြာ ျပဳမူ ေျပာဆိုေနထိုင္ဖို႔လိုေၾကာင္းႏွင့္ သင္တန္းမွပို႔ခ်ေပးလိုက္တဲ့ သင္ခန္းစာမ်ားကို မိမိတို႔နယ္ေျမမ်ားမွာ လက္ေတြ႕အေကာင္အထည္ေဖာ္ေဆာင္ရြက္ၾကရန္လိုေၾကာင္း ” မွာၾကားခဲ့ပါသည္။ ထို႔ေနာက္ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္မွ သင္တန္းဆင္းလက္မွတ္မ်ားအား ေပးအပ္ခ်ီးျမႇင့္ရာ သင္တန္းသားတစ္ဦးမွ လက္ခံယူခဲ့ၿပီး ၁၆၃၀ အခ်ိန္တြင္ သင္တန္းဆင္းပြဲ အခမ္းအနား ၿပီးေျမာက္ခဲ့ပါသည္။
အဆိုပါ စည္း႐ုံးေရးဆိုင္ေခါင္းေဆာင္မႈသင္တန္း အမွတ္စဥ္(၂) သင္တန္းဆင္းပြ​ဲအခမ္းအနားသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီႏွင့္အတူ ဒုတိယဥကၠ႒ ဦးမ်ိဳးေဇာ္သိန္း၊ တြဲဘက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ ဌာနခ်ဳပ္မႉးႏွင့္ ဌာနမႉးမ်ား၊ တိုင္းေဒသႀကီး/ျပည္နယ္မ်ားမွ သင္တန္းသား/သူ (၁၀၀) ဦးတို႔တက္ေရာက္ခဲ့ပါသည္။

__________________________

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ “စည်းရုံးရေးဆိုင်ရာခေါင်းဆောင်မှုသင်တန်း အမှတ်စဥ်(၂)” သင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်
===============
ဇူလိုင် ၁၂၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ ၁၂ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားခဲ့သည့် “စည်းရုံးရေးဆိုင်ရာခေါင်းဆောင်မှုသင်တန်း အမှတ်စဥ် (၂)” သင်တန်းဆင်းပွဲအခမ်းအနားကို ၁၂-၇-၂၀၂၄ ရက်နေ့ ၁၅၀၀ အချိန်တွင် ပါတီဌာနချုပ် ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ပထမဦးစွာ အခမ်းအနားကို တက်ရောက်ကြသူအားလုံးက နိုင်ငံတော်အလံအလေးပြုပြီး နိုင်ငံတော်သီချင်းသီဆို၍ ဖွင့်လှစ်ကြပါသည်။ ၎င်းနောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီက သင်တန်းဆင်းအမှာစကားပြောကြားရာ ” မြို့နယ်တွေမှာဆောင်ရွက်နေတဲ့ ပါတီတာဝန်ရှိသူများဟာ ပြည်သူနဲ့ ထိတွေ့မှုအများဆုံးရှိကြောင်း၊ ၎င်းတို့ရဲ့ဆောင်ရွက်ချက်များက ပါတီကို ချစ်ခြင်း၊ မုန်းခြင်း ရောင်ပြန်ဟပ်တာဖြစ်တဲ့အတွက် နိုင်ငံရေးသမားကောင်းပီသစွာ ပြုမူ ပြောဆိုနေထိုင်ဖို့လိုကြောင်းနှင့် သင်တန်းမှပို့ချပေးလိုက်တဲ့ သင်ခန်းစာများကို မိမိတို့နယ်မြေများမှာ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ကြရန်လိုကြောင်း ” မှာကြားခဲ့ပါသည်။ ထို့နောက် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်မှ သင်တန်းဆင်းလက်မှတ်များအား ပေးအပ်ချီးမြှင့်ရာ သင်တန်းသားတစ်ဦးမှ လက်ခံယူခဲ့ပြီး ၁၆၃၀ အချိန်တွင် သင်တန်းဆင်းပွဲ အခမ်းအနား ပြီးမြောက်ခဲ့ပါသည်။
အဆိုပါ စည်းရုံးရေးဆိုင်ခေါင်းဆောင်မှုသင်တန်း အမှတ်စဥ်(၂) သင်တန်းဆင်းပွ​ဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း၊ တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ဌာနချုပ်မှူးနှင့် ဌာနမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား/သူ (၁၀၀) ဦးတို့တက်ရောက်ခဲ့ပါသည်။