ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ အပတ္စဥ္ Book Review Section ျပဳလုပ္

ဇူလိုင္ ၁၂၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ ပညာေရးႏွင့္ေလ့က်င့္ေရးဌာနႀကီးမွ ႀကီးမႉး၍ အပတ္စဥ္ျပဳလုပ္ေသာ စာဖတ္ရွိန္ျမႇင့္တင္ေရး အစီအစဥ္တစ္ရပ္ျဖစ္သည့္ Book Review Section ကို ၁၂-၇-၂၀၂၄ ရက္ေန႔ နံနက္ပိုင္းတြင္ ပါတီဌာနခ်ဳပ္ စာၾကည့္တိုက္၌ က်င္းပျပဳလုပ္ရာ ပါတီဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒ ဦးျမတ္ဟိန္း၊ ဦးမ်ိဳးေဇာ္သိန္း၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ ပါတီဌာနခ်ဳပ္မႉး၊ ဌာနႀကီးမႉး၊ ဌာနမႉးမ်ားႏွင့္ ဒုတိယဌာနမႉးမ်ား၊ စာအုပ္စာေပ စိတ္ပါဝင္စားသူမ်ားတက္ေရာက္ၾကပါသည္။
အဆိုပါအစီအစဥ္တြင္ ဌာနမႉး ေဒၚပပဝင္းမွ “တ႐ုတ္ျပည္သူ႔သမၼတနိုင္ငံ ဖြဲစည္းပုံအေျခခံဥပေဒႏွင့္ တရားစီရင္ေရးစနစ္ ” စာအုပ္၊ ဒုတိယဌာနမႉး ေဒါက္တာျမတ္သူရေဌးမွ “ျမန္မာ့နိုင္ငံေရးဓေလ့ႏွင့္ တတိယလွိင္းအေတြ႕” စာအုပ္တိုႏွင့္ပတ္သက္ၿပီး ရွင္းလင္းေဆြးေႏြးၾကရာ တက္ေရာက္လာၾကသူမ်ားမွ ေဆြးေႏြးအႀကံျပဳခဲ့ၾကပါသည္။
၎ေနာက္ ဒုတိယဥကၠ႒မ်ားျဖစ္ၾကသည့္ ဦးမ်ိဳးေဇာ္သိန္း၊ ဦးျမတ္ဟိန္း၊ ပါတီဥကၠ႒ ဦးခင္ရီတိုမွ ေဆြးေႏြးသည့္စာအုပ္မ်ားႏွင့္ပတ္သက္၍လည္းေကာင္း သုံးသပ္ေဆြးေႏြးကာ လိုအပ္သည္မ်ားအား မွာၾကားခဲ့ပါသည္။ ေဆြးေႏြးမႈမ်ားအၿပီးတြင္ ပါတီဥကၠ႒ ဦးခင္ရီမွ ဦးေဆာင္ေဆြးေႏြးသူႏွစ္ဦးအား အမွတ္တရလက္ေဆာင္စာအုပ္မ်ားေပးအပ္ခဲ့ၿပီး Book Review Section ကို ႐ုတ္သိမ္းခဲ့ပါသည္။

______________________

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ အပတ်စဉ် Book Review Section ပြုလုပ်
=================================
ဇူလိုင် ၁၂၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ပညာရေးနှင့်လေ့ကျင့်ရေးဌာနကြီးမှ ကြီးမှူး၍ အပတ်စဉ်ပြုလုပ်သော စာဖတ်ရှိန်မြှင့်တင်ရေး အစီအစဉ်တစ်ရပ်ဖြစ်သည့် Book Review Section ကို ၁၂-၇-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် ပါတီဌာနချုပ် စာကြည့်တိုက်၌ ကျင်းပပြုလုပ်ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ဦးမျိုးဇော်သိန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ပါတီဌာနချုပ်မှူး၊ ဌာနကြီးမှူး၊ ဌာနမှူးများနှင့် ဒုတိယဌာနမှူးများ၊ စာအုပ်စာပေ စိတ်ပါဝင်စားသူများတက်ရောက်ကြပါသည်။
အဆိုပါအစီအစဉ်တွင် ဌာနမှူး ဒေါ်ပပဝင်းမှ “တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖွဲစည်းပုံအခြေခံဥပဒေနှင့် တရားစီရင်ရေးစနစ် ” စာအုပ်၊ ဒုတိယဌာနမှူး ဒေါက်တာမြတ်သူရဌေးမှ “မြန်မာ့နိုင်ငံရေးဓလေ့နှင့် တတိယလှိင်းအတွေ့” စာအုပ်တိုနှင့်ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးကြရာ တက်ရောက်လာကြသူများမှ ဆွေးနွေးအကြံပြုခဲ့ကြပါသည်။
၎င်းနောက် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမျိုးဇော်သိန်း၊ ဦးမြတ်ဟိန်း၊ ပါတီဥက္ကဋ္ဌ ဦးခင်ရီတိုမှ ဆွေးနွေးသည့်စာအုပ်များနှင့်ပတ်သက်၍လည်းကောင်း သုံးသပ်ဆွေးနွေးကာ လိုအပ်သည်များအား မှာကြားခဲ့ပါသည်။ ဆွေးနွေးမှုများအပြီးတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ ဦးဆောင်ဆွေးနွေးသူနှစ်ဦးအား အမှတ်တရလက်ဆောင်စာအုပ်များပေးအပ်ခဲ့ပြီး Book Review Section ကို ရုတ်သိမ်းခဲ့ပါသည်။