ေလးႀကိမ္ေျမာက္ ယူရိုခ်န္ပီယံျဖစ္လာတဲ့ စပိန္

ယေန႔မနက္အေစာပိုင္းမွာ ကစားသြားတဲ့ ယူရို ၂၀၂၄ ေနာက္ဆုံးဗိုလ္လုပြဲမွာေတာ့ ယခုႏွစ္ၿပိဳင္ပြဲမွာ ေတာက္ေလၽွာက္ေျခစြမ္းေကာင္းရေနတဲ့ စပိန္တို႔ဟာ အဂၤလန္တို႔ ၂-၁ နဲ႔နိုင္ၿပီး ယူရိုဖလားႀကီးကို ကိုင္ေျမာက္နိုင္ခဲ့ပါတယ္။
အဂၤလန္ကေတာ့ ၂၀၂၀၊ ၂၀၂၄ ႏွစ္ႀကိမ္ဆက္ ယူရိုဖိုင္နယ္ကို တက္ခဲ့ေပမယ့္ ဆုဖလားနဲ႔ ဆက္လက္ကင္းေဝးေနဆဲျဖစ္ပါတယ္။
ႏွစ္သင္းစလုံးဟာ လူငယ္ကစားသမားေကာင္းေတြပိုင္ဆိုင္ထားၾကတာျဖစ္ၿပီး လူစုံထုတ္ကစားသြားခဲ့ပါတယ္။ စပိန္လူငယ္ကစားသမားႏွစ္ဦးျဖစ္တဲ့ ဝီလီယံနဲ႔ယာမင္လာမယ္တို႔ရဲ့ ေတာင္ပံႏွစ္ဖက္က ထိုးေဖာက္တိုက္စစ္ဆင္မႈေတြဟာ အဂၤလန္ေနာက္တန္းလူေတြကို အလုပ္ရႈပ္ေစခဲ့တာေတြ႕ရပါတယ္။ စပိန္ဟာ ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ပြဲကို စိုးမိုးကစားခဲ့ပါတယ္။ အဂၤလန္ကေတာ့ ဘယ္လင္ဂမ္၊ ဆာကာ၊ ဖိုဒန္တို႔ရဲ့ တိုးအားေတြနဲ႔ တန္ျပန္တိုက္စစ္ကစားခဲ့ပါတယ္။ ပထမပိုင္းမွာေတာ့ ႏွစ္သင္းစလုံး ဂိုးသြင္းနိုင္ျခင္းမရွိဘဲ သေရနဲ႔ အဆုံးသတ္ခဲ့ပါတယ္။
ဒုတိယပိုင္းအစမွာေတာ့ ထုံးစံအတိုင္း အဂၤလန္တို႔ရဲ့ အထေႏွးမႈကို လ်င္ျမန္တဲ့ စပိန္တိုက္စစ္က အခြင့္ေကာင္းယူကာ ဦးေဆာင္ဂိုးစရသြားခဲ့ပါတယ္။ ၄၇ မိနစ္မွာ ယာမင္လာမယ္ခ်ေပးလိုက္တဲ့ ေဘာလုံးကို စီလီယံက ကန္သြင္းကာ ဂိုးအျဖစ္ေျပာင္းလဲခဲ့တာပါ။
ယင္းေနာက္ အဂၤလန္တို႔ ေခ်ပဂိုးရဖို႔တင္ကစားလာခဲ့ၿပီး လူစားလဲမႈအခ်ိဳ႕လည္း လုပ္ခဲ့ပါတယ္။ ၇၃ မိနစ္မွာေတာ့ အဂၤလန္တို႔ ေခ်ပဂိုးရသြားခဲ့ၿပီး ဘယ္လင္ဂမ္ခ်ေပးတဲ့ေဘာလုံးကို လူစားဝင္ကစားသမား ပါးလ္မာက အျပင္းကန္သြင္းၿပီး ေခ်ပဂိုးရယူေပးခဲ့တာျဖစ္ကာ နည္းျပေဆာက္ဂိတ္ရဲ့ လူစားလဲမႈဟာ ဒီတစ္ႀကိမ္မွာလည္း အလုပ္ျဖစ္ခဲ့တယ္လို႔ ဆိုရမွာပါ။
ဒီဂိုးရလဒ္နဲ႔ ပြဲၿပီးေတာ့မယ္လို႔ ထင္မွတ္ခဲ့ရေပမယ့္ ၈၇ မိနစ္မွာ စပိန္တို႔ ဒုတိယဦးေဆာင္ဂိုးရသြားခဲ့ပါတယ္။ စပိန္ရဲ့ လူစားဝင္ကစားသမား အိုယာဇဗာက အဂၤလန္ေနာက္တန္းလူေတြကို ျဖတ္ေက်ာ္ကာ သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ ယင္းေနာက္ အဂၤလန္ေခ်ပဂိုးရဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဂိုးရရွိျခင္း မရွိေတာ့ပဲ ၂-၁ ဂိုးရလဒ္နဲ႔ ပြဲၿပီးခဲ့ပါတယ္။
အနိုင္ရခဲ့တဲ့ စပိန္ဟာ ယူရိုဖလားကို ၄ ႀကိမ္ေျမာက္ ရရွိခဲ့တာျဖစ္ၿပီး အဂၤလန္တို႔ကေတာ့ အဓိကဆုဖလားတစ္လုံး အသည္းအသန္လိုအပ္ခဲ့ေပမယ့္ ႏွစ္ႀကိမ္ဆက္ ဒုတိယနဲ႔သာ ေက်နပ္ခဲ့ရသလို အဂၤလန္အသင္းေခါင္းေဆာင္ ဟယ္ရီကိန္းအေနနဲ႔လည္း သူရဲ့ ဖလားလက္မဲ့ ကံၾကမၼာကို အဆုံးသတ္နိုင္ခဲ့ျခင္း မရွိေသးပါဘူး။

========================

လေးကြိမ်မြောက် ယူရိုချန်ပီယံဖြစ်လာတဲ့ စပိန်

ယနေ့မနက်အစောပိုင်းမှာ ကစားသွားတဲ့ ယူရို ၂၀၂၄ နောက်ဆုံးဗိုလ်လုပွဲမှာတော့ ယခုနှစ်ပြိုင်ပွဲမှာ တောက်လျှောက်ခြေစွမ်းကောင်းရနေတဲ့ စပိန်တို့ဟာ အင်္ဂလန်တို့ ၂-၁ နဲ့နိုင်ပြီး ယူရိုဖလားကြီးကို ကိုင်မြောက်နိုင်ခဲ့ပါတယ်။
အင်္ဂလန်ကတော့ ၂၀၂၀၊ ၂၀၂၄ နှစ်ကြိမ်ဆက် ယူရိုဖိုင်နယ်ကို တက်ခဲ့ပေမယ့် ဆုဖလားနဲ့ ဆက်လက်ကင်းဝေးနေဆဲဖြစ်ပါတယ်။
နှစ်သင်းစလုံးဟာ လူငယ်ကစားသမားကောင်းတွေပိုင်ဆိုင်ထားကြတာဖြစ်ပြီး လူစုံထုတ်ကစားသွားခဲ့ပါတယ်။ စပိန်လူငယ်ကစားသမားနှစ်ဦးဖြစ်တဲ့ ဝီလီယံနဲ့ယာမင်လာမယ်တို့ရဲ့ တောင်ပံနှစ်ဖက်က ထိုးဖောက်တိုက်စစ်ဆင်မှုတွေဟာ အင်္ဂလန်နောက်တန်းလူတွေကို အလုပ်ရှုပ်စေခဲ့တာတွေ့ရပါတယ်။ စပိန်ဟာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပွဲကို စိုးမိုးကစားခဲ့ပါတယ်။ အင်္ဂလန်ကတော့ ဘယ်လင်ဂမ်၊ ဆာကာ၊ ဖိုဒန်တို့ရဲ့ တိုးအားတွေနဲ့ တန်ပြန်တိုက်စစ်ကစားခဲ့ပါတယ်။ ပထမပိုင်းမှာတော့ နှစ်သင်းစလုံး ဂိုးသွင်းနိုင်ခြင်းမရှိဘဲ သရေနဲ့ အဆုံးသတ်ခဲ့ပါတယ်။
ဒုတိယပိုင်းအစမှာတော့ ထုံးစံအတိုင်း အင်္ဂလန်တို့ရဲ့ အထနှေးမှုကို လျင်မြန်တဲ့ စပိန်တိုက်စစ်က အခွင့်ကောင်းယူကာ ဦးဆောင်ဂိုးစရသွားခဲ့ပါတယ်။ ၄၇ မိနစ်မှာ ယာမင်လာမယ်ချပေးလိုက်တဲ့ ဘောလုံးကို စီလီယံက ကန်သွင်းကာ ဂိုးအဖြစ်ပြောင်းလဲခဲ့တာပါ။
ယင်းနောက် အင်္ဂလန်တို့ ချေပဂိုးရဖို့တင်ကစားလာခဲ့ပြီး လူစားလဲမှုအချို့လည်း လုပ်ခဲ့ပါတယ်။ ၇၃ မိနစ်မှာတော့ အင်္ဂလန်တို့ ချေပဂိုးရသွားခဲ့ပြီး ဘယ်လင်ဂမ်ချပေးတဲ့ဘောလုံးကို လူစားဝင်ကစားသမား ပါးလ်မာက အပြင်းကန်သွင်းပြီး ချေပဂိုးရယူပေးခဲ့တာဖြစ်ကာ နည်းပြဆောက်ဂိတ်ရဲ့ လူစားလဲမှုဟာ ဒီတစ်ကြိမ်မှာလည်း အလုပ်ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။
ဒီဂိုးရလဒ်နဲ့ ပွဲပြီးတော့မယ်လို့ ထင်မှတ်ခဲ့ရပေမယ့် ၈၇ မိနစ်မှာ စပိန်တို့ ဒုတိယဦးဆောင်ဂိုးရသွားခဲ့ပါတယ်။ စပိန်ရဲ့ လူစားဝင်ကစားသမား အိုယာဇဗာက အင်္ဂလန်နောက်တန်းလူတွေကို ဖြတ်ကျော်ကာ သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ယင်းနောက် အင်္ဂလန်ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးရရှိခြင်း မရှိတော့ပဲ ၂-၁ ဂိုးရလဒ်နဲ့ ပွဲပြီးခဲ့ပါတယ်။
အနိုင်ရခဲ့တဲ့ စပိန်ဟာ ယူရိုဖလားကို ၄ ကြိမ်မြောက် ရရှိခဲ့တာဖြစ်ပြီး အင်္ဂလန်တို့ကတော့ အဓိကဆုဖလားတစ်လုံး အသည်းအသန်လိုအပ်ခဲ့ပေမယ့် နှစ်ကြိမ်ဆက် ဒုတိယနဲ့သာ ကျေနပ်ခဲ့ရသလို အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းအနေနဲ့လည်း သူရဲ့ ဖလားလက်မဲ့ ကံကြမ္မာကို အဆုံးသတ်နိုင်ခဲ့ခြင်း မရှိသေးပါဘူး။