ကိုလံဘီယာအသင္းကုိ အနုိင္ယူျပီး ၂၀၂၄ ကိုပါအေမရိကဖလားအား အာဂ်င္တီးနားအသင္း ရရွိ

ကိုပါအေမရိကဖလား ေဘာလုံးၿပိဳင္ပြဲ ေနာက္ဆုံးဗိုလ္လုပြဲအျဖစ္ ဇူလိုင္ ၁၅ ရက္ ယေန႔နံနက္ အာဂ်င္တီးနားအသင္းနဲ႔ ကိုလံဘီယာအသင္းတို႔ ယွဥ္ၿပိဳင္ကစားခဲ့ရာမွာ အာဂ်င္တီးနားက ၁ ဂိုး ဂိုးမရွိနဲ႔ အနိုင္ရရွိသြားေၾကာင္း သိရပါတယ္။

ဒီပြဲမွာ ပထမပိုင္းနဲ႔ ဒုတိယပိုင္း ပုံမွန္ပြဲခ်ိန္ေတြမွာ ႏွစ္သင္းစလုံး ဂိုးေပါက္ကန္သြင္းခြင့္ေတြ အျပန္အလွန္ရခဲ့ေပမဲ့ ဂိုးဝင္ေအာင္ မသြင္းနိုင္ခဲ့ဘဲ သေရက်ေနခဲ့ပါတယ္။ အခ်ိန္ပို ဆက္ကစားရာမွာ ပြဲခ်ိန္ ၁၁၂ မိနစ္အေရာက္မွာ အာဂ်င္တီးနားအသင္းက မာတီနက္ဇ္ရဲ့ သြင္းဂိုးနဲ႔ အနိုင္ရသြားတာ ျဖစ္ပါတယ္။

ဒီပြဲမွာ အာဂ်င္တီးနားအသင္းေခါင္းေဆာင္ မက္ဆီကေတာ့ ဒဏ္ရာရသြားလို႔ လူစားလဲခံရၿပီးေနာက္မွာ ငိုေႂကြးေနခဲ့ပါတယ္။

ကိုပါအေမရိကဖလား ေဘာလုံးၿပိဳင္ပြဲသမိုင္းမွာ အာဂ်င္တီးနားအသင္းက ၁၆ ႀကိမ္ေျမာက္ ဗိုလ္စြဲတာျဖစ္ပါတယ္။

ကိုလံဘီယာအသင္းကေတာ့ တႀကိမ္သာဗိုလ္စြဲခဲ့ဖူးၿပီး ၂၀၀၁ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ကိုပါအေမရိကဖလား ဗိုလ္လုပြဲ တက္ေရာက္နိုင္ခဲ့တာ ျဖစ္ပါတယ္။


ကိုလံဘီယာအသင်းကို အနိုင်ယူပြီး ၂၀၂၄ ကိုပါအမေရိကဖလားအား အာဂျင်တီးနားအသင်း ရရှိ
=================

ကိုပါအမေရိကဖလား ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် ဇူလိုင် ၁၅ ရက် ယနေ့နံနက် အာဂျင်တီးနားအသင်းနဲ့ ကိုလံဘီယာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ အာဂျင်တီးနားက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားကြောင်း သိရပါတယ်။

ဒီပွဲမှာ ပထမပိုင်းနဲ့ ဒုတိယပိုင်း ပုံမှန်ပွဲချိန်တွေမှာ နှစ်သင်းစလုံး ဂိုးပေါက်ကန်သွင်းခွင့်တွေ အပြန်အလှန်ရခဲ့ပေမဲ့ ဂိုးဝင်အောင် မသွင်းနိုင်ခဲ့ဘဲ သရေကျနေခဲ့ပါတယ်။ အချိန်ပို ဆက်ကစားရာမှာ ပွဲချိန် ၁၁၂ မိနစ်အရောက်မှာ အာဂျင်တီးနားအသင်းက မာတီနက်ဇ်ရဲ့ သွင်းဂိုးနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။

ဒီပွဲမှာ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီကတော့ ဒဏ်ရာရသွားလို့ လူစားလဲခံရပြီးနောက်မှာ ငိုကြွေးနေခဲ့ပါတယ်။

ကိုပါအမေရိကဖလား ဘောလုံးပြိုင်ပွဲသမိုင်းမှာ အာဂျင်တီးနားအသင်းက ၁၆ ကြိမ်မြောက် ဗိုလ်စွဲတာဖြစ်ပါတယ်။

ကိုလံဘီယာအသင်းကတော့ တကြိမ်သာဗိုလ်စွဲခဲ့ဖူးပြီး ၂၀၀၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကိုပါအမေရိကဖလား ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။