
ဇူလိုင် ၁၁၊ နေပြည်တော်

________________________

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (၂၈)ကြိမ်မြောက် ပါတီတွင်းဆွေးနွေးပွဲပြုလုပ်
=============
ဇူလိုင် ၁၁၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီတွင်းဆွေးနွေးပွဲကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် ပါတီဌာနချုပ် ညီလာခံခန်းမ၌ ပြုလုပ်လျက်ရှိရာ ၁၁-၇-၂၀၂၄ ရက်နေ့ နံနက် ၀၉၃၀ အချိန်တွင် (၂၈)ကြိမ်မြောက် ဆွေးနွေးပွဲအား ပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် သုတေသနနှင့်ဖွံ့ဖြိုးရေးရာဌာနကြီး၏ ဌာနကြီးမှူး ဦးကျော်မိုးသက်မှ “သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍအကြောင်းသိကောင်းစရာ ” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့် ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ဌာနချုပ်မှူးတို့မှ ပြန်လည်ဆွေးနွေးခဲ့ပါသည်။
ထို့နောက် တွဲဖက်အထွေထွေအတွင်းရေးမှူး၊ ဒုတိယဥက္ကဋ္ဌများက ဆွေးနွေးမှုများနှင့်စပ်လျဉ်းပြီး ဖြည့်စွက်ဆွေးနွေးခြင်း၊ အကြံပြုခြင်းနှင့် သုံးသပ်ချက် များအား ဆွေးနွေးခဲ့ကြပြီး ပါတီဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားကာ ဆွေးနွေးပွဲကို ရုတ်သိမ်းခဲ့ပါသည်။
အဆိုပါ ပါတီတွင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ဦးမျိုးဇော်သိန်း၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ဌာနချုပ်မှူးနှင့် ဌာနမှူးများ၊ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။