ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ ရန္ကုန္တိုင္းေဒသႀကီးအတြင္းမွ ဥပေဒပညာရွင္အခ်ိဳ႕ႏွင့္ေတြ႕ဆုံ

ဇူလိုင္ ၉၊ ရန္ကုန္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ပါတီဗဟိုအတြင္းေရးမႉး ဦးသန္းထြန္း၊ ရန္ကုန္တိုင္းေဒသႀကီး ပါတီဥကၠ႒ ဗဟိုအလုပ္အမႈေဆာင္ ဦးခင္ေမာင္စိုးႏွင့္အတူ ၂၀၂၄ ခုႏွစ္၊ ဇူလိုင္လ ၇ ရက္ေန႔ ပါတီဌာနခ်ဳပ္(ရန္ကုန္႐ုံးခြဲ)၌ ေန႔လည္ ၁၁၀၀ နာရီအခ်ိန္တြင္ ျပဳလုပ္သည့္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းမွ ဥပေဒပညာရွင္အခ်ိဳ႕ႏွင့္ေတြ႕ဆုံေဆြးေႏြးပြဲသို႔ တက္ေရာက္ခဲ့ပါသည္။
ေဆြးေႏြးပြဲတြင္ ပါတီဥကၠ႒မွ အဖြင့္အမွာစကားေျပာၾကားခဲ့ၿပီး ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာ အေၾကာင္းအရာမ်ား၊ အၾကမ္းဖက္တိုက္ဖ်က္မႈဆိုင္ရာ ဥပေဒမ်ားႏွင့္ နိုင္ငံေတာ္ လုံျခဳံေရး၊ ကာကြယ္ေရးဆိုင္ရာ ဥပေဒကိစၥရပ္မ်ားအား တက္ေရာက္သူမ်ားႏွင့္ အျပန္အလွန္ ေဆြးေႏြးခဲ့ၿပီး ေန႔လည္ ၁၂၁၅ နာရီအခ်ိန္တြင္ ေဆြးေႏြးပြဲ ၿပီးေျမာက္ခဲ့ပါသည္။

+++++++++++++++++++++++++++++

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ဥပဒေပညာရှင်အချို့နှင့်တွေ့ဆုံ
================
ဇူလိုင် ၉၊ ရန်ကုန်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ရန်ကုန်တိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးနှင့်အတူ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ ပါတီဌာနချုပ်(ရန်ကုန်ရုံးခွဲ)၌ နေ့လည် ၁၁၀၀ နာရီအချိန်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ဥပဒေပညာရှင်အချို့နှင့်တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ပါတီဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကြောင်းအရာများ၊ အကြမ်းဖက် တိုက်ဖျက်မှုဆိုင်ရာ ဥပဒေများနှင့် နိုင်ငံတော် လုံခြုံရေး၊ ကာကွယ်ရေးဆိုင်ရာ ဥပဒေကိစ္စရပ်များအား တက်ရောက် သူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ပြီး နေ့လည် ၁၂၁၅ နာရီအချိန်တွင် ဆွေးနွေးပွဲ ပြီးမြောက်ခဲ့ပါသည်။