လူ မရွိဘဲ ၁ ရက္မွာ ၂၄ နာရီ လည္ပတ္နိုင္တဲ့ Xiaomi ရဲ့ စမတ္ စက္႐ုံ

နည္းပညာ ကုမၸဏီေတြဟာ သူတို႔ရဲ့ စက္႐ုံေတြမွာ AI နဲ႔ အလိုအေလၽွာက္ အလုပ္လုပ္ေပးနိုင္တဲ့ စက္႐ုပ္ နည္းပညာေတြကို အသုံးျပဳေနၾကပါတယ္။ အခုလည္း Xiaomi က လူ မရွိဘဲ ၁ ရက္မွာ ၂၄ နာရီ လည္ပတ္နိုင္တဲ့ စမတ္ဖုန္း ထုတ္လုပ္တဲ့ စမတ္ စက္႐ုံကို ေဘဂ်င္း၊ Changping မွာ တည္ေဆာက္ထားၿပီး မၾကာခင္ လည္ပတ္ေတာ့မယ္လို႔ Xiaomi CEO Lei Jun က ဝီဘိုမွာ ေၾကညာလိုက္ပါတယ္။
အဲဒီ စက္႐ုံမွာ ဉာဏ္ရည္ျမင့္ စက္ေတြ တပ္ဆင္ထားၿပီး စက္ေတြဟာ ၁ ခုနဲ႔ ၁ ခု ပူးေပါင္း အလုပ္လုပ္နိုင္ပါတယ္။ အဲဒီ စက္ေတြက စမတ္ဖုန္း ထုတ္လုပ္မႈကို စီမံခန႔္ခြဲမွာ ျဖစ္ၿပီး ၁ စကၠန႔္မွာ စမတ္ဖုန္း ၁ လုံးထုတ္လုပ္နိုင္မယ္လို႔ သိရပါတယ္။
စက္႐ုံမွာ ဖုန္ ကင္းစင္ေစဖို႔အတြက္ Micron-level အမႈန္ေတြအထိ ဖယ္ရွားနိုင္တဲ့ နည္းပညာကို အသုံးျပဳထားပါတယ္။ စက္႐ုံအသစ္ရဲ့ အက်ယ္အဝန္းဟာ ၈၁,၀၀၀ စတုရန္း မီတာ ရွိပါတယ္။ ေနာက္ထြက္မယ့္ Xiaomi MIX Fold 4 နဲ႔ Xiaomi MIX Flip တို႔ကိုလည္း အဲဒီ စက္႐ုံကေန ထုတ္လုပ္မွာျဖစ္ၿပီး ႏွစ္စဥ္ စြမ္းရည္ျမင့္ စမတ္ဖုန္း ၁၀ သန္း ထုတ္လုပ္နိုင္မွာပါ။
Ref : theverge

+++++++++++++++++++++++

လူ မရှိဘဲ ၁ ရက်မှာ ၂၄ နာရီ လည်ပတ်နိုင်တဲ့ Xiaomi ရဲ့ စမတ် စက်ရုံ
=======================================
နည်းပညာ ကုမ္ပဏီတွေဟာ သူတို့ရဲ့ စက်ရုံတွေမှာ AI နဲ့ အလိုအလျှောက် အလုပ်လုပ်ပေးနိုင်တဲ့ စက်ရုပ် နည်းပညာတွေကို အသုံးပြုနေကြပါတယ်။ အခုလည်း Xiaomi က လူ မရှိဘဲ ၁ ရက်မှာ ၂၄ နာရီ လည်ပတ်နိုင်တဲ့ စမတ်ဖုန်း ထုတ်လုပ်တဲ့ စမတ် စက်ရုံကို ဘေဂျင်း၊ Changping မှာ တည်ဆောက်ထားပြီး မကြာခင် လည်ပတ်တော့မယ်လို့ Xiaomi CEO Lei Jun က ဝီဘိုမှာ ကြေညာလိုက်ပါတယ်။
အဲဒီ စက်ရုံမှာ ဉာဏ်ရည်မြင့် စက်တွေ တပ်ဆင်ထားပြီး စက်တွေဟာ ၁ ခုနဲ့ ၁ ခု ပူးပေါင်း အလုပ်လုပ်နိုင်ပါတယ်။ အဲဒီ စက်တွေက စမတ်ဖုန်း ထုတ်လုပ်မှုကို စီမံခန့်ခွဲမှာ ဖြစ်ပြီး ၁ စက္ကန့်မှာ စမတ်ဖုန်း ၁ လုံးထုတ်လုပ်နိုင်မယ်လို့ သိရပါတယ်။
စက်ရုံမှာ ဖုန် ကင်းစင်စေဖို့အတွက် Micron-level အမှုန်တွေအထိ ဖယ်ရှားနိုင်တဲ့ နည်းပညာကို အသုံးပြုထားပါတယ်။ စက်ရုံအသစ်ရဲ့ အကျယ်အဝန်းဟာ ၈၁,၀၀၀ စတုရန်း မီတာ ရှိပါတယ်။ နောက်ထွက်မယ့် Xiaomi MIX Fold 4 နဲ့ Xiaomi MIX Flip တို့ကိုလည်း အဲဒီ စက်ရုံကနေ ထုတ်လုပ်မှာဖြစ်ပြီး နှစ်စဉ် စွမ်းရည်မြင့် စမတ်ဖုန်း ၁၀ သန်း ထုတ်လုပ်နိုင်မှာပါ။
Ref : theverge