ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ ရန္ကုန္တိုင္း ေဒသႀကီးအတြင္းရွိ လူမႈေရးအသင္းအဖြဲ႕မ်ားႏွင့္ေတြ႕ဆုံ

ဇူလိုင္ ၈၊ ရန္ကုန္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ဗဟိုအတြင္ေရးမႉး ဦးသန္းထြန္း၊ ရန္ကုန္တိုင္းေဒသႀကီးပါတီဥကၠ႒ ဦးခင္ေမာင္စိုးတို႔ႏွင့္အတူ ၂၀၂၄ ခုႏွစ္၊ ဇူလိုင္လ ၇ ရက္ေန႔ နံနက္ ၀၉၅၀ အခ်ိန္တြင္ သံလြင္လမ္းရွိ ပါတီဌာနခ်ဳပ္(ရန္ကုန္႐ုံးခြဲ)၌ က်င္းပျပဳလုပ္သည့္ Three Seasons Foundation ႏွင့္ လူမႈကူညီေရး အဖြဲ႕အစည္းမ်ားမွ ဖြင့္လွစ္သင္ၾကားလ်က္ရွိေသာ ယဥ္ေက်းလိမၼာ သင္တန္းမ်ားအတြက္ (၃၈)ျဖာ ယဥ္ေက်းလိမၼာသင္ခန္းစာ စာအုပ္မ်ားႏွင့္ အလႉ‌ေငြမ်ားလႉဒါန္းပြဲ အခမ္းအနား ကို တက္ေရာက္ခဲ့ပါသည္။
အခမ္းအနားတြင္ ပါတီဥကၠ႒မွ အလႉေငြမ်ားႏွင့္ စာအုပ္စာတမ္းမ်ားအား ေပးအပ္လႉဒါန္းရာ Three Seasons Foundation ဥကၠ႒ႏွင့္ လူမႈေရးအသင္းအဖြဲ႕ တာဝန္ရွိသူမ်ားမွ လက္ခံခဲ့ၾကပါသည္။ ထိုေနာက္ ပါတီဥကၠ႒ ဦးခင္ရီမွ လႉဒါန္းရသည့္ အေၾကာင္းႏွင့္ နိုင္ငံေတာ္အတြက္ အေရးပါသည့္ က႑တြင္ရွိေသာ NGO မ်ား၏ အခန္းက႑ကိစၥရပ္မ်ားအား ေဆြးေႏြးေျပာၾကားခဲ့ပါသည္။
ထိုေနာက္ Three Seasons Foundation ဥကၠ႒ ဦးေနရွိုင္းမွ ေက်းဇူးတင္စကားေျပာၾကားရာတြင္ Foundation ဖြဲ႕စည္းျဖစ္မႈႏွင့္ ေဆာင္ရြက္ခဲ့ေသာလုပ္ငန္းမ်ား၊ လတ္တေလာ ေဆာင္ရြက္ေနေသာ လုပ္ငန္းမ်ားအား ရွင္းလင္းေျပာၾကား ပါသည္။ ထို႔ေနာက္ တက္ေရာက္လာၾကေသာ အဖြဲအစည္းအသီးသီးမွ တာဝန္ရွိသူမ်ားက ၎တို႔ေဆာင္ရြက္ေနေသာ လုပ္ငန္းမ်ား၊ လိုအပ္ခ်က္မ်ားႏွင့္ ဆက္လက္ေဆာင္ရြက္မည့္ ကိစၥရပ္မ်ားအား အသီးသီး ေဆြးေႏြးခဲ့ၾကၿပီး အခမ္းအနားကို နံနက္ ၁၁၀၀ အခ်ိန္တြင္ ႐ုတ္သိမ္းခဲ့ပါသည္။

+++++++++++++++++++++++

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ လူမှုရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံ
=============================
ဇူလိုင် ၈၊ ရန်ကုန်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဗဟိုအတွင်ရေးမှူး ဦးသန်းထွန်း၊ ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့နှင့်အတူ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ နံနက် ၀၉၅၀ အချိန်တွင် သံလွင်လမ်းရှိ ပါတီဌာနချုပ်(ရန်ကုန်ရုံးခွဲ)၌ ကျင်းပပြုလုပ်သည့် Three Seasons Foundation နှင့် လူမှုကူညီရေး အဖွဲ့အစည်းများမှ ဖွင့်လှစ်သင်ကြားလျက်ရှိသော ယဉ်ကျေးလိမ္မာ သင်တန်းများအတွက် (၃၈)ဖြာ ယဉ်ကျေးလိမ္မာသင်ခန်းစာ စာအုပ်များနှင့် အလှူ‌ငွေများလှူဒါန်းပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ပါတီဥက္ကဋ္ဌမှ အလှူငွေများနှင့် စာအုပ်စာတမ်းများအား ပေးအပ်လှူဒါန်းရာ Three Seasons Foundation ဥက္ကဋ္ဌနှင့် လူမှုရေးအသင်းအဖွဲ့ တာဝန်ရှိသူများမှ လက်ခံခဲ့ကြပါသည်။ ထိုနောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ လှူဒါန်းရသည့်အကြောင်းနှင့် နိုင်ငံတော်အတွက် အရေးပါသည့် ကဏ္ဍတွင်ရှိသော NGO များ၏ အခန်းကဏ္ဍကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ပါသည်။
ထိုနောက် Three Seasons Foundation ဥက္ကဋ္ဌ ဦးနေရှိုင်းမှ ကျေးဇူးတင်စကားပြောကြားရာတွင် Foundation ဖွဲ့စည်းဖြစ်မှုနှင့် ဆောင်ရွက်ခဲ့သောလုပ်ငန်းများ၊ လတ်တလော ဆောင်ရွက်နေသော လုပ်ငန်းများအား ရှင်းလင်းပြောကြား ပါသည်။ ထို့နောက် တက်ရောက်လာကြသော အဖွဲအစည်းအသီးသီးမှ တာဝန်ရှိသူများက ၎င်းတို့ဆောင်ရွက်နေသော လုပ်ငန်းများ၊ လိုအပ်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များအား အသီးသီး ဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို နံနက် ၁၁၀၀ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။