အေထာက္ထားမဲ့ျမန္မာေရႊ႕ေျပာင္းအလုပ္သမားမ်ားအား CI ထုတ္ေပးသည့္စင္တာမ်ားကို ထိုင္းအစိုးရမွ အၿပီးပိတ္သိမ္း ေတာ့မည္

(နိုင္ငံတကာ) ဇူလိုင္ ၂

အေထာက္အထားမဲ့ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားမ်ားအတြက္ သက္ေသခံလက္မွတ္ (CI) ထုတ္ေပးသည့္ စင္တာမ်ားကို လာမည့္ ဇူလိုင္လ ၇ ရက္မွ စတင္ကာ အၿပီးတိုင္ပိတ္သိမ္းမည္ဟု ထိုင္း အလုပ္သမားဝန္ႀကီးဌာနက ထုတ္ျပန္ထားေၾကာင္း သိရသည္။

Cl စင္တာမ်ားမွာ ထိုင္းနိုင္ငံေရာက္ နိုင္ငံကူးလက္မွတ္မရွိသည့္ ျမန္မာနိုင္ငံသားမ်ား တရားဝင္ေနထိုင္ အလုပ္လုပ္ကိုင္ခြင့္ ရေရးအတြက္ လုပ္ေဆာင္ ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ထိုင္းနိုင္ငံအတြင္း ဖြင့္လွစ္ထားဆဲ CI စခန္းမ်ားျဖစ္သည့္ ထိုင္းနိုင္ငံေတာင္ပိုင္းရွိ စူရက္ဌာနီႏွင့္ ဖုခတ္၊ ထိုင္းနိုင္ငံ ေျမာက္ပိုင္းမွ ခ်င္းမိုင္၊ ထိုင္းနိုင္ငံအလယ္ပိုင္းမွ မဟာခ်ိဳင္ႏွင့္ စမူပရာကန္၊ ထိုင္းအေရွ႕ပိုင္းမွ ခၽြန္ဘူရီစသည့္ စခန္း ေျခာက္ခုကို ဇူလိုင္ ၆ ရက္ထိသာ ဖြင့္လွစ္ခြင့္ ေပးမည္ျဖစ္ေၾကာင္းလည္း သိရသည္။

ျပည္သူ႔စစ္မႈထမ္းဥပေဒအား အေၾကာင္းျပဳကာ အၾကမ္းဖက္မီဒီယာမ်ား၊ အၾကမ္းဖက္အားေပးေထာက္ခံသူမ်ားမွ မဟုတ္ မမွန္သည့္ သတင္းမ်ား ေကာလာဟလ ထုတ္လြင့္မႈမ်ားေၾကာင့္ လူငယ္အေျမာက္အျမား ထိုင္းဘက္ကို ေရာက္ရွိေနေၾကာင္း ျမန္မာေရႊ႕ေျပာင္းလုပ္သားေတြအေရး ကူညီေဆာင္ရြက္ေပးေနသူမ်ားမွ ​ေျပာသည္။

+++++++++++++++++++++++

အထောက်ထားမဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားများအား CI ထုတ်ပေးသည့်စင်တာများကို ထိုင်းအစိုးရမှ အပြီးပိတ်သိမ်း တော့မည်

(နိုင်ငံတကာ) ဇူလိုင် ၂

အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် သက်သေခံလက်မှတ် (CI) ထုတ်ပေးသည့် စင်တာများကို လာမည့် ဇူလိုင်လ ၇ ရက်မှ စတင်ကာ အပြီးတိုင်ပိတ်သိမ်းမည်ဟု ထိုင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။

Cl စင်တာများမှာ ထိုင်းနိုင်ငံရောက် နိုင်ငံကူးလက်မှတ်မရှိသည့် မြန်မာနိုင်ငံသားများ တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့်ရရေးအတွက် လုပ်ဆောင် ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံအတွင်း ဖွင့်လှစ်ထားဆဲ CI စခန်းများဖြစ်သည့် ထိုင်းနိုင်ငံတောင်ပိုင်းရှိ စူရက်ဌာနီနှင့် ဖုခတ်၊ ထိုင်းနိုင်ငံမြောက်ပိုင်းမှ ချင်းမိုင်၊ ထိုင်းနိုင်ငံအလယ်ပိုင်းမှ မဟာချိုင်နှင့် စမူပရာကန်၊ ထိုင်းအရှေ့ပိုင်းမှ ချွန်ဘူရီစသည့် စခန်း ခြောက်ခုကို ဇူလိုင် ၆ ရက်ထိသာ ဖွင့်လှစ်ခွင့် ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအား အကြောင်းပြုကာ အကြမ်းဖက်မီဒီယာများ၊ အကြမ်းဖက်အားပေးထောက်ခံသူများမှ မဟုတ်မမှန်သည့်သတင်းများ ကောလာဟလ ထုတ်လွင့်မှုများကြောင့် လူငယ်အမြောက်အမြား ထိုင်းဘက်ကို ရောက်ရှိနေကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားတွေအရေး ကူညီဆောင်ရွက်ပေးနေသူများမှ ​ပြောသည်။