ဒန္အက္ရွ္ဝက္သ္ကို အားကစားဒါရိုက္တာအျဖစ္ မန္ယူခန႔္အပ္

မန္ယူအသင္းဟာ ဒန္အက္ရွ္ဝက္သ္ကို အသင္းအားကစားဒါရိုက္တာအျဖစ္ ခန႔္အပ္လိုက္ပါတယ္။ အသက္(၅၃)ႏွစ္အရြယ္ ဒန္အက္ရွ္ဝက္သ္ဟာ မန္ယူအသင္းမွာ သူရဲ့အခန္းက႑သစ္ကို ခ်က္ခ်င္းစတင္မွာပဲျဖစ္ပါတယ္။ မန္ယူနဲ႔ နယူးကာဆယ္တို႔ပူးတြဲထုတ္ျပန္ခ်က္မွာ “အသင္းနဲ႔စာခ်ဳပ္ခ်ဳပ္ဆိုထားတဲ့ ဒန္အက္ရွ္ဝက္သ္ကို အျမန္ဆုံးလႊတ္ေပးဖို႔ နယူးကာဆယ္နဲ႔ မန္ယူတို႔သေဘာတူညီမႈရခဲ့ပါတယ္။ ဒန္ရဲ့ေဆာင္ရြက္မႈေတြအတြက္ နယူးကာဆယ္အသင္းက ေက်းဇူးတင္ၿပီး အနာဂတ္ေကာင္းမြန္ဖို႔ ဆႏၵျပဳပါတယ္”လို႔ ပါရွိပါတယ္။ အေစာပိုင္းက နယူးကာဆယ္ဟာ ဒန္အက္ရွ္ဝက္သ္အတြက္ ေလ်ာ္ေၾကးေပါင္သန္း(၂၀)ေတာင္းဆိုခဲ့ၿပီး ယခုအခါ ကလပ္အသင္းႏွစ္သင္းအၾကား သေဘာတူညီမႈရရွိခဲ့တာျဖစ္ပါတယ္။ မန္ယူအသင္းမွာ ရက္ကလစ္ဖ္ ရင္းႏွီးျမႇပ္ႏွံခဲ့ၿပီးေနာက္ မန္စီးတီးအသင္းက ဘာရာဒါကို အသင္းအမႈေဆာင္ခ်ဳပ္အျဖစ္ ခန႔္အပ္ခဲ့သလို ေဆာက္သမ္တန္အသင္းက ဝီလ္ေကာ့ကလည္း အကယ္ဒမီဒါရိုက္တာအျဖစ္ မန္ယူကို ေရာက္ရွိခဲ့ပါတယ္။

++++++++++++++++++++++++++++++

ဒန်အက်ရှ်ဝက်သ်ကို အားကစားဒါရိုက်တာအဖြစ် မန်ယူခန့်အပ်
======================================
မန်ယူအသင်းဟာ ဒန်အက်ရှ်ဝက်သ်ကို အသင်းအားကစားဒါရိုက်တာအဖြစ် ခန့်အပ်လိုက်ပါတယ်။ အသက်(၅၃)နှစ်အရွယ် ဒန်အက်ရှ်ဝက်သ်ဟာ မန်ယူအသင်းမှာ သူရဲ့အခန်းကဏ္ဍသစ်ကို ချက်ချင်းစတင်မှာပဲဖြစ်ပါတယ်။ မန်ယူနဲ့ နယူးကာဆယ်တို့ပူးတွဲထုတ်ပြန်ချက်မှာ “အသင်းနဲ့စာချုပ်ချုပ်ဆိုထားတဲ့ ဒန်အက်ရှ်ဝက်သ်ကို အမြန်ဆုံးလွှတ်ပေးဖို့ နယူးကာဆယ်နဲ့ မန်ယူတို့သဘောတူညီမှုရခဲ့ပါတယ်။ ဒန်ရဲ့ဆောင်ရွက်မှုတွေအတွက် နယူးကာဆယ်အသင်းက ကျေးဇူးတင်ပြီး အနာဂတ်ကောင်းမွန်ဖို့ ဆန္ဒပြုပါတယ်”လို့ ပါရှိပါတယ်။ အစောပိုင်းက နယူးကာဆယ်ဟာ ဒန်အက်ရှ်ဝက်သ်အတွက် လျော်ကြေးပေါင်သန်း(၂၀)တောင်းဆိုခဲ့ပြီး ယခုအခါ ကလပ်အသင်းနှစ်သင်းအကြား သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းမှာ ရက်ကလစ်ဖ် ရင်းနှီးမြှပ်နှံခဲ့ပြီးနောက် မန်စီးတီးအသင်းက ဘာရာဒါကို အသင်းအမှုဆောင်ချုပ်အဖြစ် ခန့်အပ်ခဲ့သလို ဆောက်သမ်တန်အသင်းက ဝီလ်ကော့ကလည်း အကယ်ဒမီဒါရိုက်တာအဖြစ် မန်ယူကို ရောက်ရှိခဲ့ပါတယ်။