ဘယ္ဂ်ီယံကို ကပ္နိုင္ခဲ့တဲ့ ျပင္သစ္နဲ႔ ဂိုးသမား လက္စြမ္းျပမႈေၾကာင့္ ကြာတားတက္တဲ့ ေပၚတူဂီ

ဒီေန႔မနက္အေစာပိုင္း ကစားခဲ့တဲ့ ယူရို ၂၀၂၄ ၁၆ သင့္အဆင့္ ရႈံးထြက္ပြဲစဥ္ေတြမွာေတာ့ ျပင္သစ္အသင္းနဲ႔ ေပၚတူဂီအသင္းတို႔ ၿပိဳင္ဘက္ေတြကို အနိုင္ရၿပီး ကြာတာဖိုင္နယ္ကို အသီးသီး တက္ေရာက္သြားၾကပါၿပီ။
ျပင္သစ္အသင္းက ဘယ္ဂ်ီယံနဲ႔ ေတြ႕ခဲ့တာျဖစ္ၿပီး ဒုတိယပိုင္း ၈၅ မိနစ္မွာ သြင္းယူခဲ့တဲ့ တိုက္စစ္မႉး မူအာနီရဲ့ တစ္လုံးတည္းေသာဂိုးနဲ႔ ကပ္အနိုင္ရခဲ့ပါတယ္။ ဒီဘရိုင္း၊ လူကာကူ၊ ဒိုကူတို႔ပါဝင္တဲ့ ဘယ္ဂ်ီယံကလည္း ဂိုးရဖို႔ႀကိဳးပမ္းခဲ့ေပမယ့္ ျပင္သစ္ဂိုးသမား ကာကြယ္ေနခဲ့လို႔ ဂိုးရဖို႔ ခက္ခဲခဲ့တာျဖစ္ပါတယ္။ ျပင္သစ္ဖက္မွာလည္း အမ္ဘတ္ေပ၊ သူရမ္၊ ဂရဇ္မန္း၊ တက္ခ်ဴအာမန္နီတို႔ရဲ့ တိုးအားေတြ၊ ကန္ခ်က္ေတြနဲ႔ ဂိုးဂရဖို႔ႀကိဳးပမ္းခဲ့ၿပီး ပြဲဟာအႀကိတ္အနယ္ရွိခဲ့တာေတြ႕ရပါတယ္။
တစ္ဖက္က ေပၚတူဂီနဲ႔ ဆလိုေဗးနီးယားတို႔ပြဲမွာေတာ့ ဆလိုေဗးနီးယားက ခံစစ္ပိတ္ကာ တန္ျပန္တိုက္စစ္နဲ႔ ကစားခဲ့တာကိုေတြ႕ရပါတယ္။ စီေရာ္နယ္ဒို ဦးေဆာင္တဲ့ ေပၚတူဂီကလည္း ဘ႐ူနိုဖာနန္ဒက္၊ ဗာနာဒိုေဆးဗားတို႔ရဲ့ ထိုးေဖာက္ကန္သြင္းမႈေတြနဲ႔ တိုက္စစ္ျမႇင့္ကစားခဲ့ေပမယ့္ ဆလိုေဗးနီးယား ဂိုးသမား အေကာင္းဆုံးကာကြယ္ေနခဲ့လို႔ ဂိုးရဖို႔ ခက္ခဲ့ပါတယ္။ မိနစ္ ၉၀ ျပည့္တဲ့အထိ ႏွစ္ဖက္လုံး ဂိုးမသြင္းနိုင္ခဲ့တာေၾကာင့္ အခ်ိန္ပို ဆက္ကစားခဲ့ရပါတယ္။
အခ်ိန္ပို ပထမပိုင္းမွာ ေပၚတူဂီတို႔ ပင္နယ္တီရခဲ့တာကို ေရာ္နယ္ဒို ကန္သြင္းခဲ့ေပမယ့္ ဆလိုေဗးနီးယားဂိုးသမား အိုဘလက္ ပုတ္ထုတ္ကာကြယ္သြားခဲ့လို႔ အခြင့္အေရး နစ္နာခဲ့ရပါတယ္။ ဆလိုေဗးနီးယားတို႔ဟာလည္း ေပၚတူဂီ ေနာက္ခံလူ ပီပီရဲ့ အမွားကတဆင့္ ဂိုးသမားနဲ႔ တစ္ေယာက္ခ်င္းေတြ႕ကာ အပိုင္းကန္သြင္းခြင့္ရခဲ့ေသးေပမယ့္ ဂိုးသမား ေကာ္စတာ ကာကြယ္သြားနိုင္ခဲ့တာျဖစ္ပါတယ္။ ဒီလိုနဲ႔ မိနစ္ ၁၂၀ ျပည့္တဲ့အထိ ဂိုးမသြင္းနိုင္ခဲ့တာေၾကာင့္ ပင္နယ္တီ အဆုံးအျဖတ္ ခံယူခဲ့ရပါတယ္။
ယင္းမွာ ဆလိုေဗးနီးယားတို႔ဘက္က ကန္တဲ့ ပင္နယ္တီ သုံးလုံးကို ေပၚတူဂီဂိုးသမား ဒီေယဂို ေကာ္စတာ အံ့အားသင့္ဖြယ္ လက္စြမ္းနဲ႔ ကာကြယ္ျပသြားခဲ့ပါတယ္။ ေပၚတူဂီဖက္က ေရာ္နယ္ဒို၊ ဘ႐ူနို ဖာနန္ဒက္နဲ႔ ဗာနာဒိုေဆးဗားတို႔ ဂိုးဝင္ေအာင္ ကန္နိုင္ခဲ့တာေၾကာင့္ အဆုံးမွာ ေပၚတူဂီတို႔ ၃-၀ နဲ႔နိုင္ၿပီး ကြာတားတက္ခဲ့ပါတယ္။
ပင္နယ္တီ သုံးလုံးဆက္ ကာကြယ္ခဲ့တဲ့ ဂိုးသမား ေကာ္စတာဟာ ယူရိုၿပိဳင္ပြဲသမိုင္းတေလၽွာက္ ပထမဆုံး ဂိုးသမားအျဖစ္ မွတ္တမ္းဝင္ခဲ့တယ္လို႔သိရပါတယ္။
ဒီေန႔ပြဲနိုင္ခဲ့ၾကတဲ့ ျပင္သစ္နဲ႔ ေပၚတူဂီတို႔ႏွစ္သင္းဟာ ကြာတားမွာ ထိပ္တိုက္ဆုံေတြ႕ရမွာလည္းျဖစ္ပါတယ္။


ဘယ်ဂျီယံကို ကပ်နိုင်ခဲ့တဲ့ ပြင်သစ်နဲ့ ဂိုးသမား လက်စွမ်းပြမှုကြောင့် ကွာတားတက်တဲ့ ပေါ်တူဂီ

ဒီနေ့မနက်အစောပိုင်း ကစားခဲ့တဲ့ ယူရို ၂၀၂၄ ၁၆ သင့်အဆင့် ရှုံးထွက်ပွဲစဉ်တွေမှာတော့ ပြင်သစ်အသင်းနဲ့ ပေါ်တူဂီအသင်းတို့ ပြိုင်ဘက်တွေကို အနိုင်ရပြီး ကွာတာဖိုင်နယ်ကို အသီးသီး တက်ရောက်သွားကြပါပြီ။
ပြင်သစ်အသင်းက ဘယ်ဂျီယံနဲ့ တွေ့ခဲ့တာဖြစ်ပြီး ဒုတိယပိုင်း ၈၅ မိနစ်မှာ သွင်းယူခဲ့တဲ့ တိုက်စစ်မှူး မူအာနီရဲ့ တစ်လုံးတည်းသောဂိုးနဲ့ ကပ်အနိုင်ရခဲ့ပါတယ်။ ဒီဘရိုင်း၊ လူကာကူ၊ ဒိုကူတို့ပါဝင်တဲ့ ဘယ်ဂျီယံကလည်း ဂိုးရဖို့ကြိုးပမ်းခဲ့ပေမယ့် ပြင်သစ်ဂိုးသမား ကာကွယ်နေခဲ့လို့ ဂိုးရဖို့ ခက်ခဲခဲ့တာဖြစ်ပါတယ်။ ပြင်သစ်ဖက်မှာလည်း အမ်ဘတ်ပေ၊ သူရမ်၊ ဂရဇ်မန်း၊ တက်ချူအာမန်နီတို့ရဲ့ တိုးအားတွေ၊ ကန်ချက်တွေနဲ့ ဂိုးဂရဖို့ကြိုးပမ်းခဲ့ပြီး ပွဲဟာအကြိတ်အနယ်ရှိခဲ့တာတွေ့ရပါတယ်။
တစ်ဖက်က ပေါ်တူဂီနဲ့ ဆလိုဗေးနီးယားတို့ပွဲမှာတော့ ဆလိုဗေးနီးယားက ခံစစ်ပိတ်ကာ တန်ပြန်တိုက်စစ်နဲ့ ကစားခဲ့တာကိုတွေ့ရပါတယ်။ စီရော်နယ်ဒို ဦးဆောင်တဲ့ ပေါ်တူဂီကလည်း ဘရူနိုဖာနန်ဒက်၊ ဗာနာဒိုဆေးဗားတို့ရဲ့ ထိုးဖောက်ကန်သွင်းမှုတွေနဲ့ တိုက်စစ်မြှင့်ကစားခဲ့ပေမယ့် ဆလိုဗေးနီးယား ဂိုးသမား အကောင်းဆုံးကာကွယ်နေခဲ့လို့ ဂိုးရဖို့ ခက်ခဲ့ပါတယ်။ မိနစ် ၉၀ ပြည့်တဲ့အထိ နှစ်ဖက်လုံး ဂိုးမသွင်းနိုင်ခဲ့တာကြောင့် အချိန်ပို ဆက်ကစားခဲ့ရပါတယ်။
အချိန်ပို ပထမပိုင်းမှာ ပေါ်တူဂီတို့ ပင်နယ်တီရခဲ့တာကို ရော်နယ်ဒို ကန်သွင်းခဲ့ပေမယ့် ဆလိုဗေးနီးယားဂိုးသမား အိုဘလက် ပုတ်ထုတ်ကာကွယ်သွားခဲ့လို့ အခွင့်အရေး နစ်နာခဲ့ရပါတယ်။ ဆလိုဗေးနီးယားတို့ဟာလည်း ပေါ်တူဂီ နောက်ခံလူ ပီပီရဲ့ အမှားကတဆင့် ဂိုးသမားနဲ့ တစ်ယောက်ချင်းတွေ့ကာ အပိုင်းကန်သွင်းခွင့်ရခဲ့သေးပေမယ့် ဂိုးသမား ကော်စတာ ကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုနဲ့ မိနစ် ၁၂၀ ပြည့်တဲ့အထိ ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပါတယ်။
ယင်းမှာ ဆလိုဗေးနီးယားတို့ဘက်က ကန်တဲ့ ပင်နယ်တီ သုံးလုံးကို ပေါ်တူဂီဂိုးသမား ဒီယေဂို ကော်စတာ အံ့အားသင့်ဖွယ် လက်စွမ်းနဲ့ ကာကွယ်ပြသွားခဲ့ပါတယ်။ ပေါ်တူဂီဖက်က ရော်နယ်ဒို၊ ဘရူနို ဖာနန်ဒက်နဲ့ ဗာနာဒိုဆေးဗားတို့ ဂိုးဝင်အောင် ကန်နိုင်ခဲ့တာကြောင့် အဆုံးမှာ ပေါ်တူဂီတို့ ၃-၀ နဲ့နိုင်ပြီး ကွာတားတက်ခဲ့ပါတယ်။
ပင်နယ်တီ သုံးလုံးဆက် ကာကွယ်ခဲ့တဲ့ ဂိုးသမား ကော်စတာဟာ ယူရိုပြိုင်ပွဲသမိုင်းတလျှောက် ပထမဆုံး ဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့သိရပါတယ်။
ဒီနေ့ပွဲနိုင်ခဲ့ကြတဲ့ ပြင်သစ်နဲ့ ပေါ်တူဂီတို့နှစ်သင်းဟာ ကွာတားမှာ ထိပ်တိုက်ဆုံတွေ့ရမှာလည်းဖြစ်ပါတယ်။