ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ (၂၆)ႀကိမ္ေျမာက္ ပါတီတြင္းေဆြးေႏြးပြဲျပဳလုပ္

ဇြန္ ၂၇၊ ေနျပည္ေတာ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီမွ ပါတီတြင္းေဆြးေႏြးပြဲမ်ားကို အပတ္စဥ္ ဗုဒၶဟူးေန႔တိုင္း ျပဳလုပ္ေဆာင္ရြက္လ်က္ရွိရာ (၂၆)ႀကိမ္ေျမာက္ ပါတီတြင္းေဆြးေႏြးပြဲကို ၂၆-၆-၂၀၁၃ ရကေန႔ နံနက္ (၀၉၃၀)အခ်ိန္တြင္ ပါတီဌာနခ်ဳပ္ ညီလာခံခန္းမ၌ က်င္းပခဲ့ပါသည္။
ေဆြးေႏြးပြဲတြင္ လူငယ္ႏွင့္အားကစားက႑ ေဆာင္ရြက္ခ်က္မ်ားအား ဗဟိုေကာ္မတီဝင္ ေဒါက္တာေဇာ္ေဇာ္ျမင့္မွ ဦးေဆာင္ေဆြးေႏြးခဲ့ၿပီး ေဆြးေႏြးမႈမ်ားႏွင့္စပ္လ်ဥ္း၍ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ ဌာနခ်ဳပ္မႉးႏွင့္ ဌာနမႉးမ်ားက သိရွိလိုသည္မ်ားအား ေမးျမန္းေဆြးေႏြးၾကရာ ဦးေဆာင္ေဆြးေႏြးသူမွ ျပန္လည္ေဆြးေႏြးခဲ့ပါသည္။
ထို႔ေနာက္ ပါတီဒုတိယဥကၠ႒ ဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ ဦးမ်ိဳးေဇာ္သိန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးတို႔မွ ေက်းဇူးတင္စကားႏွင့္ လိုအပ္သည္မ်ားအား ျဖည့္စြက္ေဆြးေႏြးၾကၿပီး ပါတီဥကၠ႒ ဦးခင္ရီမွ နိဂုံးခ်ဳပ္အမွာစကား ေျပာၾကားကာ (၂၆)ႀကိမ္ေျမာက္ ပါတီတြင္းေဆြးေႏြးပြဲကို ေန႔လည္ (၁၂၅၀)အခ်ိန္တြင္ ႐ုတ္သိမ္းခဲ့ပါသည္။
အဆိုပါ (၂၆)ႀကိမ္ေျမာက္ ပါတီတြင္းေဆြးေႏြးပြဲသို႔ ပါတီဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒မ်ားျဖစ္သည့္ ဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ ဦးမ်ိဳးေဇာ္သိန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ ဌာနခ်ဳပ္မႉးႏွင့္ ဌာနမႉးမ်ား၊ တာဝန္ရွိသူမ်ားတက္ေရာက္ခဲ့ပါသည္။

++++++++++++++++++

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (၂၆)ကြိမ်မြောက် ပါတီတွင်းဆွေးနွေးပွဲပြုလုပ်
====================================================

ဇွန် ၂၇၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီတွင်းဆွေးနွေးပွဲများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ပြုလုပ်ဆောင်ရွက်လျက်ရှိရာ (၂၆)ကြိမ်မြောက် ပါတီတွင်းဆွေးနွေးပွဲကို ၂၆-၆-၂၀၁၃ ရကနေ့ နံနက် (၀၉၃၀)အချိန်တွင် ပါတီဌာနချုပ် ညီလာခံခန်းမ၌ ကျင်းပခဲ့ပါသည်။
ဆွေးနွေးပွဲတွင် လူငယ်နှင့်အားကစားကဏ္ဍ ဆောင်ရွက်ချက်များအား ဗဟိုကော်မတီဝင် ဒေါက်တာဇော်ဇော်မြင့်မှ ဦးဆောင်ဆွေးနွေးခဲ့ပြီး ဆွေးနွေးမှုများနှင့်စပ်လျဉ်း၍ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ဌာနချုပ်မှူးနှင့် ဌာနမှူးများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူမှ ပြန်လည်ဆွေးနွေးခဲ့ပါသည်။
ထို့နောက် ပါတီဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးတို့မှ ကျေးဇူးတင်စကားနှင့် လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးကြပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ နိဂုံးချုပ်အမှာစကား ပြောကြားကာ (၂၆)ကြိမ်မြောက် ပါတီတွင်းဆွေးနွေးပွဲကို နေ့လည် (၁၂၅၀)အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။
အဆိုပါ (၂၆)ကြိမ်မြောက် ပါတီတွင်းဆွေးနွေးပွဲသို့ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ဌာနချုပ်မှူးနှင့် ဌာနမှူးများ၊ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။