တူရကီဖိုက္တာ အာဒိုဂန္ နဲ႔ ယွဥ္ၿပိဳင္ထိုးသတ္မယ့္ ေအာင္လအန္ဆန္

ၿပိဳင္ပြဲမ်ားႏွင့္ တစ္ႏွစ္ေက်ာ္ၾကာေဝးကြာေနသည့္ MMA ဖိုက္တာ ေအာင္လအန္ဆန္ႏွင့္ တူရကီဖိုက္တာ အာဒိုဂန္တို႔ စက္တင္ဘာ ၆ ရက္တြင္ အေမရိကန္နိုင္ငံ၊ ဒန္ဗာၿမိဳ႕၌ က်င္းပျပဳလုပ္မည့္ ONE 168 ၿပိဳင္ပြဲတြင္ ထိုးသတ္သြားၾကမည္ျဖစ္ေၾကာင္း သိရသည္။

အသက္ ၃၉ ႏွစ္အရြယ္ ေအာင္လအန္ဆန္သည္ MMA ၿပိဳင္ပြဲ ၄၃ ပြဲထိုးသတ္ထားၿပီး ပြဲ ၃၀ နိုင္ရရွိၿပီး ၁၃ ပြဲ ရႈံးနိမ့္ထားေၾကာင္း ၿပိဳင္ဘက္ တူရကီနိုင္ငံသား အာဒိုဂန္မွာ အသက္ ၃၃ ႏွစ္အရြယ္ရွိကာ MMA ၿပိဳင္ပြဲ ၉ ပြဲတြင္ ၉ ပြဲ အနိုင္ရရွိထားသူတစ္ဦးျဖစ္ေၾကာင္း သိရသည္။

=================

တူရကီဖိုက်တာ အာဒိုဂန် နဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် အောင်လအန်ဆန်

ပြိုင်ပွဲများနှင့် တစ်နှစ်ကျော်ကြာဝေးကွာနေသည့် MMA ဖိုက်တာ အောင်လအန်ဆန်နှင့် တူရကီဖိုက်တာ အာဒိုဂန်တို့ စက်တင်ဘာ ၆ ရက်တွင် အမေရိကန်နိုင်ငံ၊ ဒန်ဗာမြို့၌ ကျင်းပပြုလုပ်မည့် ONE 168 ပြိုင်ပွဲတွင် ထိုးသတ်သွားကြမည်ဖြစ်ကြောင်း သိရသည်။

အသက် ၃၉ နှစ်အရွယ် အောင်လအန်ဆန်သည် MMA ပြိုင်ပွဲ ၄၃ ပွဲထိုးသတ်ထားပြီး ပွဲ ၃၀ နိုင်ရရှိပြီး ၁၃ ပွဲ ရှုံးနိမ့်ထားကြောင်း ပြိုင်ဘက် တူရကီနိုင်ငံသား အာဒိုဂန်မှာ အသက် ၃၃ နှစ်အရွယ်ရှိကာ MMA ပြိုင်ပွဲ ၉ ပွဲတွင် ၉ ပွဲ အနိုင်ရရှိထားသူတစ်ဦးဖြစ်ကြောင်း သိရသည်။