႐ုရွားေတာင္ပိုင္း ဘုရားေက်ာင္းမ်ားတိုက္ခိုက္ခံရ၍ ရဲ ၆ ဦးေသဆုံး

႐ုရွားနိုင္ငံေတာင္ပိုင္း ဒါဂ်က္စတန္ေဒသမွာ ဇြန္ ၂၃ ရက္က ေသနတ္သမားေတြ ပစ္ခတ္မႈေၾကာင့္ ရဲတပ္ဖြဲ႕ဝင္ ေျခာက္ေယာက္ ေသဆုံးၿပီး ၁၂ ေယာက္ ဒဏ္ရာရရွိခဲ့တယ္လို႔ ႐ုရွားျပည္ထဲေရးဝန္ႀကီးဌာနရဲ့ ေျပာၾကားခ်က္ကို ကိုးကားၿပီး ႐ုရွားသတင္းဌာနေတြက ေဖာ္ျပခဲ့ပါတယ္။
ေသနတ္သမားေတြက ေအာ္သိုေဒါ့ ခရစ္ယာန္ဘုရား ေက်ာင္းတစ္ခုနဲ႔ ဂ်ဴးဘုရားေက်ာင္းတစ္ခုကို ပစ္မွတ္ထားၿပီး ဆက္တိုက္တိုက္ခိုက္ခဲ့တာလို႔ သိရပါတယ္။ တိုက္ ခိုက္ခံရတဲ့ ဂ်ဴးဘုရားေက်ာင္းက မီးခိုးေတြ ထြက္ေနတဲ့ ဗီဒီယိုထြက္ေပၚလာခဲ့တာကို ရိုက္တာသတင္းဌာနက အခင္းျဖစ္ေနရာ ဟုတ္မွန္ေၾကာင္း အတည္ျပဳခဲ့ပါတယ္။
ဒါဂ်က္စတန္ေဒသရဲ့ မာခါခ်ာကလာက လမ္းတစ္ လမ္းေပၚမွာလည္း အနက္ေရာင္ဝတ္စုံနဲ႔ လူေတြက ပစ္ခတ္ခဲ့ ၿပီးေနာက္ အေရးေပၚကားေတြ ေရာက္လာတဲ့ သက္ ေသဗီဒီယို ထြက္ေပၚခဲ့ပါတယ္။ မာခါခ်ာကလာဟာ ကက္စပီ ယံပင္လယ္က မြတ္ဆလင္အမ်ားစု ေနထိုင္ရာ ဒါဂ်က္စတန္ရဲ့ အုပ္ခ်ဳပ္ေရးၿမိဳ႕ျဖစ္ၿပီး လမ္းေပၚမွာ ပစ္ခတ္တိုက္ ခိုက္မႈေတြ ျဖစ္ပြားခဲ့တယ္လို႔ ႐ုရွားသတင္းေအဂ်င္စီေတြက ေဖာ္ျပခဲ့ပါတယ္။

-Ref: AFP

++++++++++++++++++++++

ရုရှားတောင်ပိုင်း ဘုရားကျောင်းများတိုက်ခိုက်ခံရ၍ ရဲ ၆ ဦးသေဆုံး
———————–
ရုရှားနိုင်ငံတောင်ပိုင်း ဒါဂျက်စတန်ဒေသမှာ ဇွန် ၂၃ ရက်က သေနတ်သမားတွေ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ခြောက်ယောက် သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရုရှားပြည်ထဲရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရုရှားသတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။
သေနတ်သမားတွေက အော်သိုဒေါ့ ခရစ်ယာန်ဘုရား ကျောင်းတစ်ခုနဲ့ ဂျူးဘုရားကျောင်းတစ်ခုကို ပစ်မှတ်ထားပြီး ဆက်တိုက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ တိုက် ခိုက်ခံရတဲ့ ဂျူးဘုရားကျောင်းက မီးခိုးတွေ ထွက်နေတဲ့ ဗီဒီယိုထွက်ပေါ်လာခဲ့တာကို ရိုက်တာသတင်းဌာနက အခင်းဖြစ်နေရာ ဟုတ်မှန်ကြောင်း အတည်ပြုခဲ့ပါတယ်။
ဒါဂျက်စတန်ဒေသရဲ့ မာခါချာကလာက လမ်းတစ် လမ်းပေါ်မှာလည်း အနက်ရောင်ဝတ်စုံနဲ့ လူတွေက ပစ်ခတ်ခဲ့ ပြီးနောက် အရေးပေါ်ကားတွေ ရောက်လာတဲ့ သက် သေဗီဒီယို ထွက်ပေါ်ခဲ့ပါတယ်။ မာခါချာကလာဟာ ကက်စပီ ယံပင်လယ်က မွတ်ဆလင်အများစု နေထိုင်ရာ ဒါဂျက်စတန်ရဲ့ အုပ်ချုပ်ရေးမြို့ဖြစ်ပြီး လမ်းပေါ်မှာ ပစ်ခတ်တိုက် ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ရုရှားသတင်းအေဂျင်စီတွေက ဖော်ပြခဲ့ပါတယ်။

-Ref: AFP