ဟာ့ဂ္်ဘုရားဖူးရင္း ‌ေ-သဆုံးသူ ၁,၃၀၀ ေက်ာ္လာၿပီျဖစ္

ကိုင္ရို၊ဇြန္ ၂၄

ယခုႏွစ္အတြက္ ဟာ့ဂ္် ဘုရားဖူးခရီးစဥ္အတြင္း ‌ေ-သဆုံးသူအေရအတြက္သည္ စုစုေပါင္း ၁,၃၀၁ ဦးအထိရွိလာၿပီျဖစ္ေၾကာင္း ေဆာ္ဒီအာေရးဗ် က်န္းမာေရးဝန္ႀကီး Fahad Al-Jalajel က ဇြန္ ၂၃ ရက္တြင္ေျပာၾကားခဲ့သည္။

အစိုးရ႐ုပ္ျမင္သံၾကား၏‌ေဖာ္ျပခ်က္ကို ကိုးကား၍ ဝန္ႀကီးက “ဘုရားဖူးမ်ားသည္ ေနေရာင္ျခည္တိုက္ရိုက္ေအာက္တြင္ လုံေလာက္ေသာအမိုးအကာလည္း မရွိ သက္ေသာင့္သက္သာလည္း မရွိဘဲ လမ္းကို ေဝးလံစြာ ေလၽွာက္ရျခင္းေၾကာင့္ ‌ေ-သဆုံးရျခင္းျဖစ္သည္” ဟုလည္းေျပာၾကားခဲ့သည္။

‌ေ-သဆုံးသူမ်ားတြင္ သက္ႀကီးရြယ္အိုမ်ားႏွင့္ နာတာရွည္ေရာဂါေဝဒနာခံစားရသူမ်ားလည္း ပါဝင္ၿပီး ‌ေ-သဆုံးသူမ်ား၏ ၈၃ ရာခိုင္ႏႈန္းခန႔္သည္ ဘုရားဖူးျပဳရန္ တရားဝင္ခြင့္ျပဳထားျခင္းမရွိသူမ်ားထဲတြင္ ပါဝင္သည္ဟုလည္း၎ကဆိုခဲ့သည္။

ဟာ့ဂ္်ဘုရားဖူးခရီးစဥ္ကုန္က်စရိတ္ကို မတတ္နိုင္သုမ်ားသည္ တရားမဝင္ ဝင္ေရာက္ဘုရားဖူးရာမွ ပူျပင္းလွသည့္ရာသီဥတုအတြင္း ေရမလုံေလာက္မႈ၊တည္းခိုစရာေနရာသက္ေသာင့္သက္သာမရွိမႈမ်ားေၾကာင့္ ယခု ကဲ့သို႔ အစုလိုက္အျပဳံလိုက္‌ေ-သဆုံးၾကရျခင္း ျဖစ္သည္။

“တရားမဝင္ ဝင္ေရာက္လာတယ္ဆိုေပမဲ့ ျမင့္ျမတ္တဲ့ေနရာရဲ့ ဂိတ္တံခါးေရာက္လာမွေတာ့ ကၽြန္ေတာ္တို႔ က အတင္းေမာင္းမထုတ္လိုပါဘူး၊ဒါေၾကာင့္လည္း လူအရမ္းမ်ားၿပီး အခုလိုေတြျဖစ္ၾကရတာပါ” ဟု ေဆာ္ဒီအာဏာပိုင္တစ္ဦးကေျပာၾကားခဲ့သည္။

တရားမဝင္ ဘုရားလာဖူးသူမ်ားတြင္ အီဂ်စ္နိုင္ငံသားမ်ားသည္ အမ်ားစုျဖစ္ကာ စုစုေပါင္း ၆၅၈ ဦးအထိ‌ေ-သဆုံးခဲ့ေၾကာင္းလည္းသိရသည္။‌ေ-သဆုံးသူ ၆၅၈ ဦးတြင္ ၆၃၀ သည္ တရားမဝင္လမ္းမွဝင္ေရာက္လာသူမ်ားျဖစ္သည္ဟုသိရသည္။

Source : CNA

======================

ဟာ့ဂ်ျဘုရားဖူးရင်း ‌ေ-သဆုံးသူ ၁,၃၀၀ ကျော်လာပြီဖြစ်

ကိုင်ရို၊ဇွန် ၂၄

ယခုနှစ်အတွက် ဟာ့ဂ်ျ ဘုရားဖူးခရီးစဉ်အတွင်း ‌ေ-သဆုံးသူအရေအတွက်သည် စုစုပေါင်း ၁,၃၀၁ ဦးအထိရှိလာပြီဖြစ်ကြောင်း ဆော်ဒီအာရေးဗျ ကျန်းမာရေးဝန်ကြီး Fahad Al-Jalajel က ဇွန် ၂၃ ရက်တွင်ပြောကြားခဲ့သည်။
အစိုးရရုပ်မြင်သံကြား၏‌ဖော်ပြချက်ကို ကိုးကား၍ ဝန်ကြီးက “ဘုရားဖူးများသည် နေရောင်ခြည်တိုက်ရိုက်အောက်တွင် လုံလောက်သောအမိုးအကာလည်း မရှိ သက်သောင့်သက်သာလည်း မရှိဘဲ လမ်းကို ဝေးလံစွာ လျှောက်ရခြင်းကြောင့် ‌ေ-သဆုံးရခြင်းဖြစ်သည်” ဟုလည်းပြောကြားခဲ့သည်။

‌ေ-သဆုံးသူများတွင် သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါဝေဒနာခံစားရသူများလည်း ပါဝင်ပြီး ‌ေ-သဆုံးသူများ၏ ၈၃ ရာခိုင်နှုန်းခန့်သည် ဘုရားဖူးပြုရန် တရားဝင်ခွင့်ပြုထားခြင်းမရှိသူများထဲတွင် ပါဝင်သည်ဟုလည်း၎င်းကဆိုခဲ့သည်။

ဟာ့ဂ်ျဘုရားဖူးခရီးစဉ်ကုန်ကျစရိတ်ကို မတတ်နိုင်သုများသည် တရားမဝင် ဝင်ရောက်ဘုရားဖူးရာမှ ပူပြင်းလှသည့်ရာသီဥတုအတွင်း ရေမလုံလောက်မှု၊တည်းခိုစရာနေရာသက်သောင့်သက်သာမရှိမှုများကြောင့် ယခု ကဲ့သို့ အစုလိုက်အပြုံလိုက်‌ေ-သဆုံးကြရခြင်း ဖြစ်သည်။

“တရားမဝင် ဝင်ရောက်လာတယ်ဆိုပေမဲ့ မြင့်မြတ်တဲ့နေရာရဲ့ ဂိတ်တံခါးရောက်လာမှတော့ ကျွန်တော်တို့ က အတင်းမောင်းမထုတ်လိုပါဘူး၊ဒါကြောင့်လည်း လူအရမ်းများပြီး အခုလိုတွေဖြစ်ကြရတာပါ” ဟု ဆော်ဒီအာဏာပိုင်တစ်ဦးကပြောကြားခဲ့သည်။

တရားမဝင် ဘုရားလာဖူးသူများတွင် အီဂျစ်နိုင်ငံသားများသည် အများစုဖြစ်ကာ စုစုပေါင်း ၆၅၈ ဦးအထိ‌ေ-သဆုံးခဲ့ကြောင်းလည်းသိရသည်။‌ေ-သဆုံးသူ ၆၅၈ ဦးတွင် ၆၃၀ သည် တရားမဝင်လမ်းမှဝင်ရောက်လာသူများဖြစ်သည်ဟုသိရသည်။

Source : CNA