ေျမာက္ကိုရီးယားအား လက္နက္တပ္ဆင္ေပးနိုင္ေၾကာင္း ႐ုရွားသမၼတေျပာ

(နိုင္ငံတကာ) ဇြန္ ၂၃

႐ုရွားနိုင္ငံအေနျဖင့္ ေျမာက္ကိုရီးယားအား လက္နက္တပ္ဆင္ေပးနိုင္ေၾကာင္း ႐ု႐ုားသမၼတ ဗလာဒီမာ ပူတင္ က ေျပာၾကားလိုက္ေၾကာင္းသိရသည္။

႐ုရွားနိုင္ငံအေနျဖင့္ မဟာမိတ္နိုင္ငံမ်ားသို႔ လက္နက္ေထာက္ပံ့ေပးနိုင္ခြင့္ကို ထိန္းသိမ္းထားၿပီး ေျမာက္ကိုရီးယားႏွင့္ အျခားနိုင္ငံမ်ားသို႔ တာေဝးပစ္ဒုံးက်ည္မ်ား ေပးပို႔နိုင္ေၾကာင္း၊ ထိုသို႔ေသာလုပ္ေဆာင္မႈသည္ အေနာက္နိုင္ငံမ်ားက ယူကရိန္းသို႔ လက္နက္ပစၥည္းမ်ား ေထာက္ပံ့ေပးေနျခင္းကို ထင္ဟပ္ေစမည္ျဖစ္ေၾကာင္း သမၼတ ပူတင္ က ဗီယက္နမ္သမၼတႏွင့္ ဇြန္လ ၂ဝ ရက္တြင္ ေတြ႕ဆုံေဆြးေႏြးၿပီးေနာက္ ဟႏြိဳင္းၿမိဳ႕၌ သတင္းေထာက္မ်ားကို ေျပာၾကားစဉထည့္သြင္းေျပာၾကားျခင္းျဖစ္သည္။

ထို႔ျပင္ အေနာက္နိုင္ငံမ်ားက ေပါက္ကြဲအား တစ္ကီလိုတန္မွ ၁၀ ကီလိုတန္ၾကားရွိ လက္နက္မ်ားကို ထုတ္လုပ္ေနဖြယ္ရွိေသာေၾကာင့္ ႐ုရွားနိုင္ငံအေနျဖင့္လည္း န်ဴကလီးယားလက္နက္မ်ား အသုံးျပဳေရးႏွင့္ စပ္လ်ဥ္း၍ ခ်မွတ္ထားသည့္မူဝါဒကို ေျပာင္းလဲရန္ စဥ္းစားလ်က္ရွိေၾကာင္း ပူတင္ က ဆက္လက္ေျပာၾကား ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ႐ုရွားနိုင္ငံအေနျဖင့္ ဦးစြာတိုက္ခိုက္ရန္မလိုအပ္ေၾကာင္း၊ သို႔ေသာ္ မိမိတို႔၏ တုံ႔ျပန္ တိုက္ခိုက္မႈသည္ မည္သည့္ရန္သူကိုမဆို ဖ်က္ဆီးပစ္မည္ျဖစ္ေၾကာင္း ၎ကဆက္လက္ေျပာၾကားထားသည္။

==========================

မြောက်ကိုရီးယားအား လက်နက်တပ်ဆင်ပေးနိုင်ကြောင်း ရုရှားသမ္မတပြော
********************************
(နိုင်ငံတကာ) ဇွန် ၂၃

ရုရှားနိုင်ငံအနေဖြင့် မြောက်ကိုရီးယားအား လက်နက်တပ်ဆင်ပေးနိုင်ကြောင်း ရုရုားသမ္မတ ဗလာဒီမာ ပူတင် က ပြောကြားလိုက်ကြောင်းသိရသည်။

ရုရှားနိုင်ငံအနေဖြင့် မဟာမိတ်နိုင်ငံများသို့ လက်နက်ထောက်ပံ့ပေးနိုင်ခွင့်ကို ထိန်းသိမ်းထားပြီး မြောက်ကိုရီးယားနှင့် အခြားနိုင်ငံများသို့ တာဝေးပစ်ဒုံးကျည်များ ပေးပို့နိုင်ကြောင်း၊ ထိုသို့သောလုပ်ဆောင်မှုသည် အနောက်နိုင်ငံများက ယူကရိန်းသို့ လက်နက်ပစ္စည်းများ ထောက်ပံ့ပေးနေခြင်းကို ထင်ဟပ်စေမည်ဖြစ်ကြောင်း သမ္မတ ပူတင် က ဗီယက်နမ်သမ္မတနှင့် ဇွန်လ ၂ဝ ရက်တွင် တွေ့ဆုံဆွေးနွေးပြီးနောက် ဟနွိုင်းမြို့၌ သတင်းထောက်များကို ပြောကြားစဉထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ထို့ပြင် အနောက်နိုင်ငံများက ပေါက်ကွဲအား တစ်ကီလိုတန်မှ ၁၀ ကီလိုတန်ကြားရှိ လက်နက်များကို ထုတ်လုပ်နေဖွယ်ရှိသောကြောင့် ရုရှားနိုင်ငံအနေဖြင့်လည်း နျူကလီးယားလက်နက်များ အသုံးပြုရေးနှင့် စပ်လျဉ်း၍ ချမှတ်ထားသည့်မူဝါဒကို ပြောင်းလဲရန် စဉ်းစားလျက်ရှိကြောင်း ပူတင် က ဆက်လက်ပြောကြား ခဲ့ကြောင်း သိရသည်။

ထို့ပြင် ရုရှားနိုင်ငံအနေဖြင့် ဦးစွာတိုက်ခိုက်ရန်မလိုအပ်ကြောင်း၊ သို့သော် မိမိတို့၏ တုံ့ပြန် တိုက်ခိုက်မှုသည် မည်သည့်ရန်သူကိုမဆို ဖျက်ဆီးပစ်မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားထားသည်။