လာမည့္ ဇူလိုင္(၇)ရက္တြင္ ရႈံးပြဲမရွိ စံခ်ိန္ရွင္ ရိုးရာဖိုက္တာေက်ာ္စြာဝင္း ႏွင့္ အေမရိကန္ MMA ဖိုက္တာ Brett Pastore တို႔ ယွဥ္ၿပိဳင္ထိုးသ-တ္မည္

လာမည့္ ဇူလိုင္(၇)ရက္၌ The Great Lethwei က က်င္းပျပဳလုပ္မည့္ ျမန္မာ့ရိုးရာလက္ေဝွ႕ပြဲစဥ္တြင္ ရိုးရာဖိုက္တာ ေက်ာ္စြာဝင္းႏွင့္ အေမရိကန္ MMA ဖိုက္တာ ဘရတ္ပစ္စတို တို႔ ေခါင္တြဲဆိုင္းအေနျဖင့္ ယွဥ္ၿပိဳင္ထိုးသ-တ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ရိုးရာလက္ေဝွ႕ဖိုက္တာ ေက်ာ္စြာဝင္းသည္ ရိုးရာလက္ေဝွ႕ပြဲစဥ္မ်ားအတြင္း ရႈံးပြဲမရွိသူတစ္ဦးျဖစ္ကာ လက္ရွိတြင္ M2K ကလပ္ကို ကိုယ္စားျပဳကစားေနသူျဖစ္သည္။
ၿပိဳင္ဘက္ျဖစ္သူ MMA ဖိုက္တာ အေမရိကန္နိုင္ငံသား ဘရတ္ပစ္စတို မွာ အသက္ (၂၉)ႏွစ္အရြယ္ရွိသူျဖစ္ကာ MMA ပြဲစဥ္တြင္( ၄) ပြဲနိုင္ (၃) ပြဲရႈံး ရလဒ္ပိုင္ဆိုင္ထားၿပီး One Championship ပြဲစဥ္တြင္ (၂) ပြဲထိုး (၂)ပြဲရႈံး ရလဒ္ ထြက္ထားသူျဖစ္သည္။
၎သည္ လက္ရွိ Tiger Muay Thai Club ကိုယ္စားျပဳ ကစားသမားတစ္ဦးျဖစ္သည္။

+++++++++++++++++

လာမည့် ဇူလိုင်(၇)ရက်တွင် ရှုံးပွဲမရှိ စံချိန်ရှင် ရိုးရာဖိုက်တာကျော်စွာဝင်း နှင့် အမေရိကန် MMA ဖိုက်တာ Brett Pastore တို့ ယှဥ်ပြိုင်ထိုးသ-တ်မည်

လာမည့် ဇူလိုင်(၇)ရက်၌ The Great Lethwei က ကျင်းပပြုလုပ်မည့် မြန်မာ့ရိုးရာလက်ဝှေ့ပွဲစဉ်တွင် ရိုးရာဖိုက်တာ ကျော်စွာဝင်းနှင့် အမေရိကန် MMA ဖိုက်တာ ဘရတ်ပစ်စတို တို့ ခေါင်တွဲဆိုင်းအနေဖြင့် ယှဥ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရိုးရာလက်ဝှေ့ဖိုက်တာ ကျော်စွာဝင်းသည် ရိုးရာလက်ဝှေ့ပွဲစဥ်များအတွင်း ရှုံးပွဲမရှိသူတစ်ဦးဖြစ်ကာ လက်ရှိတွင် M2K ကလပ်ကို ကိုယ်စားပြုကစားနေသူဖြစ်သည်။
ပြိုင်ဘက်ဖြစ်သူ MMA ဖိုက်တာ အမေရိကန်နိုင်ငံသား ဘရတ်ပစ်စတို မှာ အသက် (၂၉)နှစ်အရွယ်ရှိသူဖြစ်ကာ MMA ပွဲစဉ်တွင်( ၄) ပွဲနိုင် (၃) ပွဲရှုံး ရလဒ်ပိုင်ဆိုင်ထားပြီး One Championship ပွဲစဉ်တွင် (၂) ပွဲထိုး (၂)ပွဲရှုံး ရလဒ် ထွက်ထားသူဖြစ်သည်။
၎င်းသည် လက်ရှိ Tiger Muay Thai Club ကိုယ်စားပြု ကစားသမားတစ်ဦးဖြစ်သည်။