မိတ္ထီလာ ဇွန် ၂၁
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၊အောင်ဇေယျာ၊နယ်မြေ(၁)ရပ်ကွက်ရှိ စက်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျောင်းသုံးစာရေးကရိယာများ လှုဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီး ပေါင်းစပ်ညှိနှိုင်းရေးမှုး ဒေါက်တာမောင်သင်း၊ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးကျော်စန်း၊ဦးမျိုးမြင့်၊မိတ္ထီလာခရိုင်ပါတီဥက္ကဌ ဦးထွန်းထွန်းဦး၊အတွင်းရေးမှုး ဦးရဲထွန်းနိုင်၊မိတ္ထီလာမြို့နယ်ပါတီဥက္ကဌ ဦးမြင့်ဆန်း၊အတွင်းရေးမှုး ဦးဇေယျာဟိန်းနှင့်ကော်မတီဝင်များ၊ပါတီဝင်များ၊ဆရာ/ဆရာမများ၊ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။
++++++++++++++++++++++++++++++++++++++++
မိတ္ထီလာမြို့၊စက်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ပြည်ခိုင်ဖြိုးပါတီမှ ကျောင်းသုံးစာရေး ကရိယာများ လှူဒါန်းပွဲသို့မန္တလေးတိုင်းဒေသကြီး ပေါင်းစပ်ညှိနှိုင်းရေးမှူး၊ဗဟိုအလုပ်အမှုဆောင်ဒေါက်တာမောင်သင်းတက်ရောက်လှူဒါန်း
===========================
မိတ္ထီလာ ဇွန် ၂၁
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၊အောင်ဇေယျာ၊နယ်မြေ(၁)ရပ်ကွက်ရှိ စက်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျောင်းသုံးစာရေးကရိယာများ လှုဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီး ပေါင်းစပ်ညှိနှိုင်းရေးမှုး ဒေါက်တာမောင်သင်း၊ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးကျော်စန်း၊ဦးမျိုးမြင့်၊မိတ္ထီလာခရိုင်ပါတီဥက္ကဌ ဦးထွန်းထွန်းဦး၊အတွင်းရေးမှုး ဦးရဲထွန်းနိူင်၊မိတ္ထီလာမြို့နယ်ပါတီဥက္ကဌ ဦးမြင့်ဆန်း၊အတွင်းရေးမှုး ဦးဇေယျာဟိန်းနှင့်ကော်မတီဝင်များ၊ပါတီဝင်များ၊ဆရာ/ဆရာမများ၊ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် တက်ရောက်လာသူများက စက်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ဆရာတော် ဘဒ္ဒန္တနန္ဒာစရိယအား ဖူးမျှော်ကန်တော့ခဲ့ကာ ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီး ပေါင်းစပ်ညှိနှိုင်းရေးမှုး ဒေါက်တာမောင်သင်းက ကျောင်းသုံးစာရေး ကရိယာများ လှုဒါန်းရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း လျောက်ထားခဲ့ပါသည်။၎င်းနောက် ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီး ပေါင်းစပ်ညှိနှိုင်းရေးမှုး ဒေါက်တာမောင်သင်း၊ပါတီဗဟိုအလုပ်အမှုဆောင်၊တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ခရိုင်ပါတီဥက္ကဌ ဦးထွန်းထွန်းဦး၊အတွင်းရေးမှုး ဦးရဲထွန်းနိူင်၊မြို့နယ်ပါတီဥက္ကဌ ဦးမြင့်ဆန်းတို့က ကျောင်းသုံးစာရေး ကရိယာများ ပေးအပ်လှုဒါန်းခဲ့ကြပါသည်။
၎င်းနောက် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနန္ဒာစရိယက ကျေးဇူးတင်စကား ပြန်လည်မိန့်ကြားခဲ့ပြီး တာဝန်ရှိသူများက ဆရာတော်၊သံဃာတော်များအား လှုဖွယ်ဝတ္ထုငွေ ၂၀၀၀၀ကျပ်စီ ဆက်ကပ်လှုဒါန်းခဲ့ကြပါသည်။အဆိုပါ စက်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကိုရင် ၄၆ပါး၊ကျောင်းသား/ကျောင်းသူ ၅၀၀ဦး ရှိပြီး အထွေထွေကိစ္စရပ်များ သုံးစွဲရန်အတွက် လစဥ် ၁သိန်းကျပ်ခန့် လိုအပ်နေကြောင်း ဆရာတော် ဘဒ္ဒန္တနန္ဒာစရိယ၏ မိန်ကြားမှုအရ ဒေါက်တာမောင်သင်း၊မန္တလေးတိုင်းဒေသကြီးပါတီ၊မိတ္ထီလာခရိုင်နှင့်ခရိုင်အတွင်းရှိ မြို့နယ်များ စုပေါင်း၍ လစဥ် ၁သိန်းကျပ် လှုဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။