

+++++++++++++++++++++++++

စတိဗ်ကော့ပါးကို အသင်းနည်းပြသစ်အဖြစ် လက်စတာ ခန့်အပ်
======================================
လက်စတာအသင်းဟာ နော်တင်ဟမ်ဖောရက်စ်နည်းပြဟောင်း စတိဗ်ကော့ပါးကို (၃)နှစ်စာချုပ်နဲ့ အသင်းနည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ စတိဗ်ကော့ပါးဟာ ယခုနွေရာသီအစောပိုင်းမှာ ချဲလ်ဆီးကို ပြောင်းရွှေ့သွားခဲ့တဲ့ အန်ဇိုမာရက်စ်ကာနေရာမှာ လက်စတာနည်းပြအဖြစ် အစားထိုးခန့်အပ်ခံခဲ့ရတာပါ။ ကော့ပါးဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလက နော်တင်ဟမ်ဖောရက်စ်နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပါတယ်။ စတိဗ်ကော့ပါးက လက်စတာအသင်းနည်းပြအဖြစ်ခန့်အပ်ခံရတဲ့အတွက် စိတ်လှုပ်ရှားပြီး ဂုဏ်ယူမိတယ်လို့ အသင်းဝက်ဘ်ဆိုက်ဒ်ကနေ ပြောကြားခဲ့ပါတယ်။