Nvidia ဟာ ကမၻာ့ တန္ဖိုးအႀကီးဆုံး ကုမၸဏီ ျဖစ္လာ

AI နည္းပညာ ေခတ္စားလာတဲ့အတြက္ AI Hardware ေတြ ထုတ္လုပ္ေရာင္းခ်ေနတဲ့ Nvidia ရဲ့ တန္ဖိုးဟာ တဟုန္ထိုး တက္လာပါတယ္။ အခုဆိုရင္ Nvidia ဟာ Microsoft ကို ေက်ာ္တက္ၿပီး ကမၻာ့ တန္ဖိုးအႀကီးဆုံး ကုမၸဏီ ျဖစ္လာပါတယ္။
Nvidia ရဲ့ တန္ဖိုးဟာ ေဒၚလာ ၃.၃၃၅ ထရီလီယမ္ ျဖစ္သြားၿပီး တစ္ကမၻာလုံးမွ ကုမၸဏီေတြထဲမွာ တန္ဖိုးအႀကီးဆုံး ျဖစ္လာပါတယ္။ Nvidia ရဲ့ စေတာ့ ေဈးႏႈန္းဟာ ၃.၅ ရာခိုင္ႏႈန္း တက္လာၿပီး ၁၃၅.၅၈ ေဒၚလာ ျဖစ္လာပါတယ္။ Nvidia ရဲ့ AI Processor ေတြဟာ ဝယ္လိုအားျမင့္မားလာတဲ့အတြက္ ဒီႏွစ္ထဲမွာ စေတာ့ ေဈးႏႈန္းဟာ ၃ ဆနီးပါးတက္လာတာပါ။
Nvidia ရဲ့ တန္ဖိုးဟာ ၉ လအတြင္း ေဒၚလာ ၁ ထရီလီယမ္ ကေန ၂ ထရီလီယမ္အထိ တိုးတက္ခဲ့ၿပီး ၃ လအတြင္း ေဒၚလာ ၃ ထရီလီယမ္ အထိ ျမင့္တက္ခဲ့ပါတယ္။ Nvidia ရဲ့ စေတာ့ ေဈးႏႈန္းဟာ မၾကာခင္က စံခ်ိန္တင္ျမင့္မားခဲ့ၿပီး ေဈးကြက္တန္ဖိုးမွာ ေဒၚလာ ၁၁၀ ဘီလီယမ္ တိုးတက္လာပါတယ္။
Microsoft ရဲ့ တန္ဖိုးက ေဒၚလာ ၃.၃၁၇ ထရီလီယမ္ျဖစ္ၿပီး နံပါတ္ ၂ ေနရာကို ရထားပါတယ္။ နံပါတ္ ၃ ေနရာမွာ Apple က ေဒၚလာ ၃.၂၈၆ ထရီလီယမ္နဲ႔ ရွိေနပါတယ္။
Ref : digitaltrends

++++++++++++++++++++++++

Nvidia ဟာ ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ကုမ္ပဏီ ဖြစ်လာ
==============================
AI နည်းပညာ ခေတ်စားလာတဲ့အတွက် AI Hardware တွေ ထုတ်လုပ်ရောင်းချနေတဲ့ Nvidia ရဲ့ တန်ဖိုးဟာ တဟုန်ထိုး တက်လာပါတယ်။ အခုဆိုရင် Nvidia ဟာ Microsoft ကို ကျော်တက်ပြီး ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ကုမ္ပဏီ ဖြစ်လာပါတယ်။
Nvidia ရဲ့ တန်ဖိုးဟာ ဒေါ်လာ ၃.၃၃၅ ထရီလီယမ် ဖြစ်သွားပြီး တစ်ကမ္ဘာလုံးမှ ကုမ္ပဏီတွေထဲမှာ တန်ဖိုးအကြီးဆုံး ဖြစ်လာပါတယ်။ Nvidia ရဲ့ စတော့ ဈေးနှုန်းဟာ ၃.၅ ရာခိုင်နှုန်း တက်လာပြီး ၁၃၅.၅၈ ဒေါ်လာ ဖြစ်လာပါတယ်။ Nvidia ရဲ့ AI Processor တွေဟာ ဝယ်လိုအားမြင့်မားလာတဲ့အတွက် ဒီနှစ်ထဲမှာ စတော့ ဈေးနှုန်းဟာ ၃ ဆနီးပါးတက်လာတာပါ။
Nvidia ရဲ့ တန်ဖိုးဟာ ၉ လအတွင်း ဒေါ်လာ ၁ ထရီလီယမ် ကနေ ၂ ထရီလီယမ်အထိ တိုးတက်ခဲ့ပြီး ၃ လအတွင်း ဒေါ်လာ ၃ ထရီလီယမ် အထိ မြင့်တက်ခဲ့ပါတယ်။ Nvidia ရဲ့ စတော့ ဈေးနှုန်းဟာ မကြာခင်က စံချိန်တင်မြင့်မားခဲ့ပြီး ဈေးကွက်တန်ဖိုးမှာ ဒေါ်လာ ၁၁၀ ဘီလီယမ် တိုးတက်လာပါတယ်။
Microsoft ရဲ့ တန်ဖိုးက ဒေါ်လာ ၃.၃၁၇ ထရီလီယမ်ဖြစ်ပြီး နံပါတ် ၂ နေရာကို ရထားပါတယ်။ နံပါတ် ၃ နေရာမှာ Apple က ဒေါ်လာ ၃.၂၈၆ ထရီလီယမ်နဲ့ ရှိနေပါတယ်။
Ref : digitaltrends