ျမန္မာ့လက္ေရြးစင္ တိုက္စစ္မႉးေအာင္သူ အူထိုင္းသနီအသင္းႏွင့္ စာခ်ဳပ္သက္တမ္းတိုး

ျမန္မာ့လက္ေရြးစင္ တိုက္စစ္မႉး ေအာင္သူအေနျဖင့္ ထိုင္းနိုင္ငံျပည္တြင္း ကလပ္တစ္ခုျဖစ္ေသာ အူထိုင္းသနီအသင္းႏွင့္ သက္တမ္းတိုးစာခ်ဳပ္ ထပ္မံခ်ဳပ္ဆိုလိုက္ေၾကာင္း သိရသည္။
အူထိုင္းသနီအသင္းသည္ လာမည့္ ထိုင္းလိဂ္-၁ ကလပ္ အသင္းတစ္သင္းျဖစ္ၿပီး လာမည့္ ေဘာလုံးရာသီအတြက္ ျမန္မာတိုက္စစ္မႉး ေအာင္သူအား သက္တမ္းတိုး ေခၚယူလိုက္ၿခ င္းျဖစ္သည္။
အူထိုင္းသနီ အသင္းသည္ ျမန္မာကစားသမား တိုက္စစ္မႉး ေအာင္သူ အပါအဝင္ ကစားသမား (၆) ဦးကို သက္တမ္းတိုး စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာထားသည္။
ျမန္မာတိုက္စစ္မႉး ေအာင္သူအေနျဖင့္ ၿပီးခဲ့သည့္ ေဘာလုံးရာသီအတြင္း အူထိုင္းသနီအသင္းႏွင့္ (၃၁)ပြဲ ပါဝင္ကစားထားၿပီး (၄) ဂိုးသြင္းခဲ့ကာ ဂိုးဖန္တီးေပးမႈ(၂)ႀကိမ္ စြမ္းေဆာင္ ေပးနိုင္ခဲ့ေၾကာင္း သိရသည္။

==============

မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးအောင်သူ အူထိုင်းသနီအသင်းနှင့် စာချုပ်သက်တမ်းတိုး

မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး အောင်သူအနေဖြင့် ထိုင်းနိုင်ငံပြည်တွင်း ကလပ်တစ်ခုဖြစ်သော အူထိုင်းသနီအသင်းနှင့် သက်တမ်းတိုးစာချုပ် ထပ်မံချုပ်ဆိုလိုက်ကြောင်း သိရသည်။
အူထိုင်းသနီအသင်းသည် လာမည့် ထိုင်းလိဂ်-၁ ကလပ် အသင်းတစ်သင်းဖြစ်ပြီး လာမည့် ဘောလုံးရာသီအတွက် မြန်မာတိုက်စစ်မှူး အောင်သူအား သက်တမ်းတိုး ခေါ်ယူလိုက်ခြ င်းဖြစ်သည်။
အူထိုင်းသနီ အသင်းသည် မြန်မာကစားသမား တိုက်စစ်မှူး အောင်သူ အပါအဝင် ကစားသမား (၆) ဦးကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
မြန်မာတိုက်စစ်မှူး အောင်သူအနေဖြင့် ပြီးခဲ့သည့် ဘောလုံးရာသီအတွင်း အူထိုင်းသနီအသင်းနှင့် (၃၁)ပွဲ ပါဝင်ကစားထားပြီး (၄) ဂိုးသွင်းခဲ့ကာ ဂိုးဖန်တီးပေးမှု(၂)ကြိမ် စွမ်းဆောင် ပေးနိုင်ခဲ့ကြောင်း သိရသည်။