

+++++++++++++++++++++++++++++++++++++

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ နှင့် United Russia ပါတီတို့အကြား Cooperation Agreement လက်မှတ်ရေးထိုး
==========================
ဘလာဒီဗော့စတော့ခ်၊ ဇွန် ၂၁
ရုရှားနိုင်ငံ ဘလာဒီဗော့စတော့ခ်မြိုတွင် ဇွန်လ ၁၆ ရက်မှ ၁၉ ရက်ထိ ကျင်းပပြုလုပ်ခဲ့သည့် World Majority for a Multipolar World ဖိုရမ်သို မြန်မာနိုင်ငံမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
အဆိုပါ ဖိုရမ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နှင့် ရုရှားဘက် United Russia ပါတီတို့အကြား Cooperation Agreement တစ်စောင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းရရှိပါသည်။