ႏွာေခါင္းရိုးက်ိဳးဒဏ္ရာရခဲ့သည့္ ျပင္သစ္တိုက္စစ္မႉး အမ္ဘာေပ ေလ့က်င့္ခန္းျပန္ဆင္း

ၾသစႀတီးယားနဲ႔ ယူရိုအုပ္စုအဖြင့္ပြဲစဥ္မွာ ႏွာေခါင္းရိုးက်ိဳး ဒဏ္ရာရခဲ့တဲ့ ျပင္သစ္တိုက္စစ္မႉး ဘာေပသည္ ႏွာေခါင္းရိုး က်ိဳးဒဏ္ရာကို ပလာစတာကပ္ၿပီး ဇြန္လ ၁၉ ရက္က အသင္းႏွင့္အတူ ေလ့က်င့္ခန္း ျပန္ဆင္းခဲ့ေၾကာင္း သိရပါတယ္။

ႏွာေခါင္းဒဏ္ရာက ႀကီးမားတဲ့အတြက္ ေနာက္ထပ္ ၁၀ ရက္ အနည္းဆုံးအနားယူရနိုင္ေၾကာင္း ျပင္သစ္အသင္း ဆရာဝန္ေဟာင္းက မွတ္ခ်က္ေပးခဲ့ေပမဲ့ ရက္ပိုင္းအတြင္းမွာပဲ ေလ့က်င့္ခန္းျပန္ဆင္းနိုင္ခဲ့တာပါ။

ျပင္သစ္အသင္းဘက္ကေတာ့ အမ္ဘာေပအေနနဲ႔ ခြဲစိတ္ကုသမႈလုပ္ဖို႔ မလိုအပ္တာေၾကာင့္ ရက္ပိုင္းအတြင္းမွာပဲ ေလ့က်င့္ခန္းျပန္ဆင္းနိုင္ခဲ့တာျဖစ္ၿပီး ပြဲကစားခ်ိန္ေတြမွာ မ်က္ႏွာကို အကာအကြယ္တခုနဲ႔ ယွဥ္ၿပိဳင္ကစားသြားရဖို႔ ရွိပါတယ္။

အမ္ဘာေပ ေလ့က်င့္ခန္းျပန္ဆင္းခဲ့တာေၾကာင့္ ေဟာ္လန္၊ ပိုလန္အသင္းေတြနဲ႔ ကစားရမယ့္အုပ္စု လက္က်န္ပြဲစဥ္ေတြမွာ ျပန္လည္ကစားနိုင္ဖို႔ရွိပါတယ္။

============

နှာခေါင်းရိုးကျိုးဒဏ်ရာရခဲ့သည့် ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေ လေ့ကျင့်ခန်းပြန်ဆင်း
သြစတြီးယားနဲ့ ယူရိုအုပ်စုအဖွင့်ပွဲစဉ်မှာ နှာခေါင်းရိုးကျိုး ဒဏ်ရာရခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူး ဘာပေသည် နှာခေါင်းရိုး ကျိုးဒဏ်ရာကို ပလာစတာကပ်ပြီး ဇွန်လ ၁၉ ရက်က အသင်းနှင့်အတူ လေ့ကျင့်ခန်း ပြန်ဆင်းခဲ့ကြောင်း သိရပါတယ်။

နှာခေါင်းဒဏ်ရာက ကြီးမားတဲ့အတွက် နောက်ထပ် ၁၀ ရက် အနည်းဆုံးအနားယူရနိုင်ကြောင်း ပြင်သစ်အသင်း ဆရာဝန်ဟောင်းက မှတ်ချက်ပေးခဲ့ပေမဲ့ ရက်ပိုင်းအတွင်းမှာပဲ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့တာပါ။

ပြင်သစ်အသင်းဘက်ကတော့ အမ်ဘာပေအနေနဲ့ ခွဲစိတ်ကုသမှုလုပ်ဖို့ မလိုအပ်တာကြောင့် ရက်ပိုင်းအတွင်းမှာပဲ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့တာဖြစ်ပြီး ပွဲကစားချိန်တွေမှာ မျက်နှာကို အကာအကွယ်တခုနဲ့ ယှဉ်ပြိုင်ကစားသွားရဖို့ ရှိပါတယ်။

အမ်ဘာပေ လေ့ကျင့်ခန်းပြန်ဆင်းခဲ့တာကြောင့် ဟော်လန်၊ ပိုလန်အသင်းတွေနဲ့ ကစားရမယ့်အုပ်စု လက်ကျန်ပွဲစဉ်တွေမှာ ပြန်လည်ကစားနိုင်ဖို့ရှိပါတယ်။