မန္ယူအသင္းႏွင့္ စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္အတြက္ သေဘာတူညီမႈရရန္ မလြယ္ကူေၾကာင္း အသင္းနည္းၿပ တန္ဟက္ဂ္ ဝန္ခံ

FILE PHOTO: Soccer Football – Premier League – Manchester United v Crystal Palace – Old Trafford, Manchester, Britain – February 4, 2023 Manchester United manager Erik ten Hag REUTERS/Phil Noble/File Photo

မန္ယူနည္းၿပ တန္ဟက္ဂ္က အသင္းႏွင့္ စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္အတြက္ သေဘာတူညီမႈရရန္ မလြယ္ကူေၾကာင္း ဝန္ခံေျပာၾကားခဲ့သည္။

တန္ဟက္ဂ္သည္ ၿပီးခဲ့သည့္ရာသီက မန္ယူအသင္းကို ပရီးမီးယားလိဂ္တြင္ အသင္းသမိုင္းတစ္ေလၽွာက္ အဆိုးရြားဆုံးရပ္တည္မႈအျဖစ္ အဆင့္(၈)သာရရွိေအာင္ ဦးေဆာင္ေပးနိုင္ခဲ့ေသာ္လည္း FA ဖလား ရရွိေအာင္ စြမ္းေဆာင္ေပးနိုင္ခဲ့သည္။

မန္ယူအသင္းသည္ FA ဖလား ရရွိျခင္းေၾကာင့္ လာမည့္ ၂၀၂၄-၂၅ ရာသီတြင္ ယူရိုပါလိဂ္ၿပိဳင္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရမည္ျဖစ္သည္။ မန္ယူအသင္း၏ရွယ္ယာရွင္သစ္ျဖစ္သည့္ ရက္ကလစ္ဖ္ႏွင့္အဖြဲ႕သည္ ရာသီအၿပီးတြင္ သုံးသပ္မႈမ်ားျပဳလုပ္ခဲ့ၿပီး တန္ဟက္ဂ္ကို အသင္းနည္းျပအျဖစ္ ဆက္လက္ထားရွိရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္သည္။

ယင္းေနာက္ မန္ယူအသင္းအေနျဖင့္ တန္ဟက္ဂ္ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖြယ္ရွိေၾကာင္း ၿဗိတိန္မီဒီယာမ်ားက ေဖာ္ျပခဲ့သည္။ သို႔ေသာ္ တန္ဟက္ဂ္က စာခ်ဳပ္သစ္အတြက္ အသင္းႏွင့္သေဘာတူညီမႈ မရေသးေၾကာင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။

တန္ဟက္ဂ္က “မန္ယူအသင္းနဲ႔ ကၽြန္ေတာ္တို႔က စာခ်ဳပ္သစ္အတြက္ သေဘာတူညီမႈေတြရရွိဖို႔ အေျဖရွာ ေနတုန္းပါပဲ။ တစ္ဖက္နဲ႔ တစ္ဖက္သေဘာတူညီမႈရဖို႔ မလြယ္ပါဘူး။ ကၽြန္ေတာ္တို႔အေနနဲ႔ စာခ်ဳပ္အတြက္ ေတြ႕ ဆုံေဆြးေႏြးမႈေတြ ျပဳလုပ္ရဦးမွာပါ” ဟု ေျပာၾကားခဲ့သည္။ မန္ယူအသင္းႏွင့္ ခ်ဳပ္ဆိုထားသည့္ တန္ဟက္ဂ္၏ လက္ရွိစာခ်ဳပ္မွာ ၂၀၂၅ ရာသီကုန္တြင္ ကုန္ဆုံးမည္ျဖစ္သည္။

==============

မန်ယူအသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန်အတွက် သဘောတူညီမှုရရန် မလွယ်ကူကြောင်း အသင်းနည်းပြ တန်ဟက်ဂ် ဝန်ခံ

မန်ယူနည်းပြ တန်ဟက်ဂ်က အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန်အတွက် သဘောတူညီမှုရရန် မလွယ်ကူကြောင်း ဝန်ခံပြောကြားခဲ့သည်။

တန်ဟက်ဂ်သည် ပြီးခဲ့သည့်ရာသီက မန်ယူအသင်းကို ပရီးမီးယားလိဂ်တွင် အသင်းသမိုင်းတစ်လျှောက် အဆိုးရွားဆုံးရပ်တည်မှုအဖြစ် အဆင့်(၈)သာရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့သော်လည်း FA ဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

မန်ယူအသင်းသည် FA ဖလား ရရှိခြင်းကြောင့် လာမည့် ၂၀၂၄-၂၅ ရာသီတွင် ယူရိုပါလိဂ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ မန်ယူအသင်း၏ရှယ်ယာရှင်သစ်ဖြစ်သည့် ရက်ကလစ်ဖ်နှင့်အဖွဲ့သည် ရာသီအပြီးတွင် သုံးသပ်မှုများပြုလုပ်ခဲ့ပြီး တန်ဟက်ဂ်ကို အသင်းနည်းပြအဖြစ် ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် မန်ယူအသင်းအနေဖြင့် တန်ဟက်ဂ်ကို စာချုပ်သစ်ချုပ်ဆိုဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။ သို့သော် တန်ဟက်ဂ်က စာချုပ်သစ်အတွက် အသင်းနှင့်သဘောတူညီမှု မရသေးကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

တန်ဟက်ဂ်က “မန်ယူအသင်းနဲ့ ကျွန်တော်တို့က စာချုပ်သစ်အတွက် သဘောတူညီမှုတွေရရှိဖို့ အဖြေရှာ နေတုန်းပါပဲ။ တစ်ဖက်နဲ့ တစ်ဖက်သဘောတူညီမှုရဖို့ မလွယ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ စာချုပ်အတွက် တွေ့ ဆုံဆွေးနွေးမှုတွေ ပြုလုပ်ရဦးမှာပါ” ဟု ပြောကြားခဲ့သည်။ မန်ယူအသင်းနှင့် ချုပ်ဆိုထားသည့် တန်ဟက်ဂ်၏ လက်ရှိစာချုပ်မှာ ၂၀၂၅ ရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။