႐ုရွားသမၼတ ပူတင္ ျပဳံယမ္းခရီးစဥ္ ေရာက္ရွိေန

႐ုရွားသမၼတ ဗလာဒီမာပူတင္ဟာ ေျမာက္ကိုရီးယားနိင္ငံ ျပဳံယမ္းၿမိဳ႕ေတာ္ကို (၂၄)ႏွစ္အတြင္း ပထမဆုံးအျဖစ္ ဗုဒၶဟူးေန႔က ေရာက္ရွိလာခဲ့ပါတယ္။ အခု ခရီးစဥ္မတိုင္ခင္မွာ ေျမာက္ကိုရီးယားနဲ႔ ကုန္သြယ္ေရး၊ လုံျခဳံေရး ဆိုင္ရာ ဆက္ဆံေရးကို နက္ရွိုင္းေစဖို႔နဲ႔ အေမရိကန္ကို ဆန႔္က်င္ရာမွာ ေထာက္ခံသြားဖို႔ ပူတင္က ကတိျပဳထားခဲ့ ပါတယ္။
ပူတင္ စီးနင္းလာတဲ့ ေလယာဥ္ဟာ ဗုဒၶဟူး ေန႔ မနက္ (၂)ခြဲေက်ာ္ေလာက္မွာ ျပဳံယမ္းကို ဆိုက္ ေရာက္ လာခဲ့တာ ပါ။ ႐ုရွားသမၼတပူတင္ကို ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ဳံအန္က လက္ဆြဲႏႈတ္ဆက္ ႀကိဳဆို ေနတဲ့ ျမင္ကြင္း႐ုပ္သံဖိုင္ေတြကိုလည္း ေျမာက္ကိုရီးယားနဲ႔ ႐ုရွား အစိုးရပိုင္ မီဒီယာေတြက အသီးသီး ထုတ္ျပန္ခဲ့ ၾကပါတယ္။ ခရီးစဥ္မတိုင္ခင္ ႐ုရွားမီဒီယာကေနတစ္ဆင့္ ပူတင္က အေမရိကန္ရဲ့ စီးပြားေရးဖိအားနဲ႔ ၿခိမ္းေျခာက္ မႈေတြကို ခုခံမႈအတြက္ ေျမာက္ကိုရီးယားကို ခ်ီးမြမ္းခဲ့ပါတယ္။
ေျမာက္ကိုရီးယား အစိုးရပိုင္ မီဒီယာက ထုတ္ျပန္ တဲ့ ေဆာင္းပါးကလည္း ႐ုရွားနိုင္ငံနဲ႔ သူရဲ့ ယူကရိန္းအေရး ေဆာင္ရြက္ခ်က္ ေတြကို အမႊမ္းတင္ခ်ီးမြမ္းခဲ့တာကို ေတြ႕ရပါတယ္။ ခရီးစဥ္စတင္မဲ့ ညေနပိုင္းမွာ ထုတ္ျပန္ခဲ့တဲ့ ပူတင္ရဲ့ သမၼတ အမိန႔္ျပန္တမ္းမွာ ေျမာက္ကိုရီးယား နဲ႔ က်ယ္ျပန႔္တဲ့ မဟာဗ်ဴဟာ မိတ္ဖက္စာခ်ဳပ္တစ္ရပ္ကို ခ်ဳပ္ဆိုသြားမယ္လို႔ ေဖာ္ျပခဲ့ပါတယ္။
အေမရိကန္နဲ႔ မဟာမိတ္ေတြက ႐ုရွားဟာ ေျမာက္ကိုရီးယားရဲ့ န်ဴကလီးယားနဲ႔ ဒုံးလက္နက္ အစီအစဥ္အတြက္ အကူအညီေပး မွာကို စိုးရိမ္ေနၿပီး ေျမာက္ကိုရီးယားက ႐ုရွားကို အေျမာက္က်ည္နဲ႔ တိုက္ခ်င္းပစ္ဒုံးက်ည္ေတြ ပံ့ပိုးေနတယ္လို႔ စြပ္စြဲထားၾကပါတယ္။ ဒီအတြက္ သမၼတပူတင္ဟာ သူ႔ရဲ့ ျပဳံယမ္းခရီးစဥ္အတြင္း ေျမာက္ကိုရီး ယားကို ဘယ္ အတိုင္းအတာအထိ အကူအညီေတြ ေပးအပ္သြား မလဲဆိုတဲ့အေပၚ အေမရိကန္နဲ႔ မဟာမိတ္ေတြက ေစာင့္ၾကည့္ ေလ့လာေနၾကပါတယ္။

=====================

ရုရှားသမ္မတ ပူတင် ပြုံယမ်းခရီးစဉ် ရောက်ရှိနေ
———————
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ မြောက်ကိုရီးယားနိင်ငံ ပြုံယမ်းမြို့တော်ကို (၂၄)နှစ်အတွင်း ပထမဆုံးအဖြစ် ဗုဒ္ဓဟူးနေ့က ရောက်ရှိလာခဲ့ပါတယ်။ အခု ခရီးစဉ်မတိုင်ခင်မှာ မြောက်ကိုရီးယားနဲ့ ကုန်သွယ်ရေး၊ လုံခြုံရေး ဆိုင်ရာ ဆက်ဆံရေးကို နက်ရှိုင်းစေဖို့နဲ့ အမေရိကန်ကို ဆန့်ကျင်ရာမှာ ထောက်ခံသွားဖို့ ပူတင်က ကတိပြုထားခဲ့ ပါတယ်။
ပူတင် စီးနင်းလာတဲ့ လေယာဉ်ဟာ ဗုဒ္ဓဟူး နေ့ မနက် (၂)ခွဲကျော်လောက်မှာ ပြုံယမ်းကို ဆိုက် ရောက် လာခဲ့တာ ပါ။ ရုရှားသမ္မတပူတင်ကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က လက်ဆွဲနှုတ်ဆက် ကြိုဆို နေတဲ့ မြင်ကွင်းရုပ်သံဖိုင်တွေကိုလည်း မြောက်ကိုရီးယားနဲ့ ရုရှား အစိုးရပိုင် မီဒီယာတွေက အသီးသီး ထုတ်ပြန်ခဲ့ ကြပါတယ်။ ခရီးစဉ်မတိုင်ခင် ရုရှားမီဒီယာကနေတစ်ဆင့် ပူတင်က အမေရိကန်ရဲ့ စီးပွားရေးဖိအားနဲ့ ခြိမ်းခြောက် မှုတွေကို ခုခံမှုအတွက် မြောက်ကိုရီးယားကို ချီးမွမ်းခဲ့ပါတယ်။
မြောက်ကိုရီးယား အစိုးရပိုင် မီဒီယာက ထုတ်ပြန် တဲ့ ဆောင်းပါးကလည်း ရုရှားနိုင်ငံနဲ့ သူရဲ့ ယူကရိန်းအရေး ဆောင်ရွက်ချက် တွေကို အမွှမ်းတင်ချီးမွမ်းခဲ့တာကို တွေ့ရပါတယ်။ ခရီးစဉ်စတင်မဲ့ ညနေပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ပူတင်ရဲ့ သမ္မတ အမိန့်ပြန်တမ်းမှာ မြောက်ကိုရီးယား နဲ့ ကျယ်ပြန့်တဲ့ မဟာဗျူဟာ မိတ်ဖက်စာချုပ်တစ်ရပ်ကို ချုပ်ဆိုသွားမယ်လို့ ဖော်ပြခဲ့ပါတယ်။
အမေရိကန်နဲ့ မဟာမိတ်တွေက ရုရှားဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးလက်နက် အစီအစဉ်အတွက် အကူအညီပေး မှာကို စိုးရိမ်နေပြီး မြောက်ကိုရီးယားက ရုရှားကို အမြောက်ကျည်နဲ့ တိုက်ချင်းပစ်ဒုံးကျည်တွေ ပံ့ပိုးနေတယ်လို့ စွပ်စွဲထားကြပါတယ်။ ဒီအတွက် သမ္မတပူတင်ဟာ သူ့ရဲ့ ပြုံယမ်းခရီးစဉ်အတွင်း မြောက်ကိုရီး ယားကို ဘယ် အတိုင်းအတာအထိ အကူအညီတွေ ပေးအပ်သွား မလဲဆိုတဲ့အပေါ် အမေရိကန်နဲ့ မဟာမိတ်တွေက စောင့်ကြည့် လေ့လာနေကြပါတယ်။