ေရာ္နယ္ဒိုဦးေဆာင္သည့္ ေပၚတူဂီအသင္း အဖြင့္ပြဲစဥ္ အနိုင္ရ

ယေန႔နံနက္ပိုင္းက ယွဥ္ၿပိဳင္ကစားသြားတဲ့ ခ်က္နဲ႔ ေပၚတူဂီအသင္းတို႔ရဲ့ ယူရိုအုပ္စု (F) အဖြင့္ပြဲစဥ္မွာ ေပၚတူဂီအသင္းက (၂-၁) ဂိုးနဲ႔ အနိုင္ရသြားပါတယ္။

ဒီပြဲစဥ္မွာ ေပၚတူဂီအသင္းက ေဘာလုံးပိုင္ဆိုင္မႈေရာ ဂိုးေပါက္ကန္သြင္းခြင့္ေတြပါ ခ်က္အသင္းထက္ပိုမိုရရွိခဲ့ၿပီး ေပၚတူဂီအသင္းေခါင္းေဆာင္ တိုက္စစ္မႉး စီေရာ္နယ္ဒိုဟာလည္း ဖရီးကစ္အပါအဝင္ ဂိုးေပါက္ကန္သြင္းခြင့္တခ်ိဳ႕ရခဲ့ေပမဲ့ ဂိုးမသြင္းနိုင္ခဲ့ဘဲ ပထမပိုင္းမွာ ဂိုးမ ရွိသေရက်ေနခဲ့ပါတယ္။

ဒုတိယပိုင္း ၆၂ မိနစ္မွာေတာ့ ခ်က္အသင္းက ပရိုဗိုဒ္က ဂိုးဧရိယာအစပ္ကေန ကန္သြင္းယူနိုင္ခဲ့လို႔ ေပၚတူဂီ ဂိုးသမား ဘယ္လိုမွမတတ္နိုင္ဘဲ ဦးေဆာင္ဂိုးေပးလိုက္ရပါတယ္။

ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ ေပၚတူဂီကစားသမား ႏူနိုမန္းဒတ္စ္ ေခါင္းတိုက္သြင္းတဲ့ေဘာလုံးကို ခ်က္ဂိုးသမား ပုတ္ထုတ္ကာကြယ္ခဲ့ေပမဲ့ ခ်က္ကစားသမား ဟာရာနစ္နဲ႔ထိၿပီး ကိုယ့္ဂိုးကိုယ္သြင္းသလိုျဖစ္သြားၿပီး ဂိုးဝင္သြားခဲ့လို႔ တဖက္တဂိုးစီ သေရက်ေနခဲ့ပါတယ္။

ဒုတိယပိုင္း ပုံမွန္ပြဲခ်ိန္ မိနစ္ ၉၀ အၿပီး နာက်င္အခ်ိန္ပို ၄ မိနစ္မွာေတာ့ လူစားဝင္ ေပၚတူဂီလူငယ္ကစားသမား ဖရန္စၥကိုကြန္စီကာအိုက အနီးကပ္ပိတ္သြင္းယူနိုင္ခဲ့လို႔ ပြဲအၿပီးမွာ ေပၚတူဂီအသင္း နိုင္ပြဲရသြားခဲ့တာပါ။

အသက္ ၃၉ ႏွစ္အရြယ္ ေပၚတူဂီ အသင္းေခါင္းေဆာင္ စီေရာ္နယ္ဒိုဟာ အခုႏွစ္ ယူရိုၿပိဳင္ပြဲကို ၁၁ ႀကိမ္ေျမာက္ အဓိကၿပိဳင္ပြဲတရပ္အျဖစ္ ယွဥ္ၿပိဳင္ကစားသြားရမွာပါ။

သူဟာ ယူရိုၿပိဳင္ပြဲသမိုင္းမွာ ၂၅ ပြဲနဲ႔ ပြဲအမ်ားဆုံးကစားထားသလို ၁၄ ဂိုးနဲ႔ ဂိုးအမ်ားဆုံး သြင္းယူထားသူလည္း ျဖစ္ပါတယ္။

အုပ္စု (F) တျခားပြဲစဥ္တခုျဖစ္တဲ့ တူရကီနဲ႔ ေဂ်ာ္ဂ်ီယာတို႔ရဲ့ ပြဲစဥ္မွာေတာ့ တူရကီက (၃-၁)ဂိုးနဲ႔ အနိုင္ရသြားပါတယ္။

အုပ္စု (F) အဖြင့္ပြဲစဥ္ေတြအၿပီးမွာေတာ့ တူရကီက ရမွတ္ ၃ မွတ္ ဂိုးကြာျခားခ်က္အသာနဲ႔ အုပ္စု ထိပ္ဆုံးမွာရပ္တည္ေနၿပီး ေပၚတူဂီကေတာ့ အုပ္စု ဒုတိယေနရာ၊ ခ်က္က တတိယေနရာနဲ႔ ေဂ်ာ္ဂ်ီယာကေတာ့ အုပ္စု ေအာက္ဆုံးမွာ အသီးသီးရပ္တည္ေနပါတယ္။

+++++++++++++++++

ရော်နယ်ဒိုဦးဆောင်သည့် ပေါ်တူဂီအသင်း အဖွင့်ပွဲစဉ် အနိုင်ရ

ယနေ့နံနက်ပိုင်းက ယှဉ်ပြိုင်ကစားသွားတဲ့ ချက်နဲ့ ပေါ်တူဂီအသင်းတို့ရဲ့ ယူရိုအုပ်စု (F) အဖွင့်ပွဲစဉ်မှာ ပေါ်တူဂီအသင်းက (၂-၁) ဂိုးနဲ့ အနိုင်ရသွားပါတယ်။

ဒီပွဲစဉ်မှာ ပေါ်တူဂီအသင်းက ဘောလုံးပိုင်ဆိုင်မှုရော ဂိုးပေါက်ကန်သွင်းခွင့်တွေပါ ချက်အသင်းထက်ပိုမိုရရှိခဲ့ပြီး ပေါ်တူဂီအသင်းခေါင်းဆောင် တိုက်စစ်မှူး စီရော်နယ်ဒိုဟာလည်း ဖရီးကစ်အပါအဝင် ဂိုးပေါက်ကန်သွင်းခွင့်တချို့ရခဲ့ပေမဲ့ ဂိုးမသွင်းနိုင်ခဲ့ဘဲ ပထမပိုင်းမှာ ဂိုးမ ရှိသရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်း ၆၂ မိနစ်မှာတော့ ချက်အသင်းက ပရိုဗိုဒ်က ဂိုးဧရိယာအစပ်ကနေ ကန်သွင်းယူနိုင်ခဲ့လို့ ပေါ်တူဂီ ဂိုးသမား ဘယ်လိုမှမတတ်နိုင်ဘဲ ဦးဆောင်ဂိုးပေးလိုက်ရပါတယ်။

ပွဲချိန် ၆၉ မိနစ်မှာတော့ ပေါ်တူဂီကစားသမား နူနိုမန်းဒတ်စ် ခေါင်းတိုက်သွင်းတဲ့ဘောလုံးကို ချက်ဂိုးသမား ပုတ်ထုတ်ကာကွယ်ခဲ့ပေမဲ့ ချက်ကစားသမား ဟာရာနစ်နဲ့ထိပြီး ကိုယ့်ဂိုးကိုယ်သွင်းသလိုဖြစ်သွားပြီး ဂိုးဝင်သွားခဲ့လို့ တဖက်တဂိုးစီ သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်း ပုံမှန်ပွဲချိန် မိနစ် ၉၀ အပြီး နာကျင်အချိန်ပို ၄ မိနစ်မှာတော့ လူစားဝင် ပေါ်တူဂီလူငယ်ကစားသမား ဖရန်စ္စကိုကွန်စီကာအိုက အနီးကပ်ပိတ်သွင်းယူနိုင်ခဲ့လို့ ပွဲအပြီးမှာ ပေါ်တူဂီအသင်း နိုင်ပွဲရသွားခဲ့တာပါ။

အသက် ၃၉ နှစ်အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ အခုနှစ် ယူရိုပြိုင်ပွဲကို ၁၁ ကြိမ်မြောက် အဓိကပြိုင်ပွဲတရပ်အဖြစ် ယှဉ်ပြိုင်ကစားသွားရမှာပါ။

သူဟာ ယူရိုပြိုင်ပွဲသမိုင်းမှာ ၂၅ ပွဲနဲ့ ပွဲအများဆုံးကစားထားသလို ၁၄ ဂိုးနဲ့ ဂိုးအများဆုံး သွင်းယူထားသူလည်း ဖြစ်ပါတယ်။

အုပ်စု (F) တခြားပွဲစဉ်တခုဖြစ်တဲ့ တူရကီနဲ့ ဂျော်ဂျီယာတို့ရဲ့ ပွဲစဉ်မှာတော့ တူရကီက (၃-၁)ဂိုးနဲ့ အနိုင်ရသွားပါတယ်။

အုပ်စု (F) အဖွင့်ပွဲစဉ်တွေအပြီးမှာတော့ တူရကီက ရမှတ် ၃ မှတ် ဂိုးကွာခြားချက်အသာနဲ့ အုပ်စု ထိပ်ဆုံးမှာရပ်တည်နေပြီး ပေါ်တူဂီကတော့ အုပ်စု ဒုတိယနေရာ၊ ချက်က တတိယနေရာနဲ့ ဂျော်ဂျီယာကတော့ အုပ်စု အောက်ဆုံးမှာ အသီးသီးရပ်တည်နေပါတယ်။