အစၥေရးနိုင္ငံသားေထာင္ခ်ီ၍ အစိုးရကို ထပ္မံ ဆႏၵျပခဲ့

ေဂ်႐ုဆလင္၊ဇြန္ ၁၈
ေထာင္ႏွင့္ခ်ီေသာ အစၥေရးနိုင္ငံသားမ်ားသည္ ဝန္ႀကီးခ်ဳပ္ေနတန္ယာဟုအစိုးရကို ဓ-ါးစာခံမ်ားကို လြတ္ေျမာက္ေရးအတြက္ ညႇိႏွိုင္းရန္ပ်က္ကြက္မႈႏွင့္ ဂါဇာစစ္ပြဲ ကိစၥျဖင့္ ထပ္မံဆႏၵျပခဲ့ၾကေၾကာင္းသိရသည္။
ဂါဇာရွိဟားမတ္စ္တို႔ႏွင့္ျဖစ္ေနသည့္ အစၥေရး – ဟားမတ္စ္အေရးကို ေနတန္ယာဟု၏ကိုင္တြယ္ပုံကို သေဘာမက်ေသာေၾကာင့္ အစၥေရးျပည္သူမ်ား၏ ဆႏၵျပမႈမ်ားသည္ အပတ္စဥ္တိုင္းလိုလိုျဖစ္ေပၚေနေလ့ရွိသည္။
သို႔ေသာ္ ယင္းဆႏၵျပမႈမ်ားကို တက္ႂကြလႈပ္ရွားသူမ်ား၏ ေႏွာင့္ယွက္မႈမ်ားအျဖစ္ တာဝန္ရွိသူမ်ားကယူဆထားၿပီး ဆႏၵထုတ္ေဖာ္သူမ်ားသည္ ေရြးေကာက္ပြဲအသစ္ျပဳလုပ္ဖို႔လည္းေတာင္းဆိုခဲ့ၾကသည္ဟုသိရသည္။
ဆႏၵျပသူမ်ားသည္ ေဂ်႐ုဆလင္သို႔ခ်ီတက္လာၿပီး အစၥေရးပါလီမန္ႏွင့္ေနတန္ယာဟုအိမ္အား ပိတ္ဆို႔ထားခဲ့သျဖင့္လည္း ရဲတပ္ဖြဲ႕ႏွင့္ အထိက႐ုဏ္းျဖစ္ခဲ့ၾကေသးသည္။ႏွစ္ဖက္အထိက႐ုဏ္းမ်ားၾကားမွ ရဲတပ္ဖြဲ႕ဝင္ႏွစ္ဦးဒဏ္ရာရရွိခဲ့သျဖင့္ ယင္းသို႔ျပဳလုပ္သူကိုးဦးအား ဖမ္းဆီးထိန္းသိမ္းထားသည္ဟုလည္းသိရသည္။
အစၥေရး – ဟားမတ္စ္အေရးသည္ ယမန္ႏွစ္ေအာက္တိုဘာ ၇ ရက္က ဟားမတ္စ္တို႔၏တိုက္ခိုက္မႈအၿပီး အစၥေရးဘက္မွ လူေပါင္း ၁,၁၉၄ ဦးခန႔္‌ေ-သဆုံးကာ ေနာက္ထပ္ ၂၅၀ ခန႔္ကို ‌ေ-သနတ္သမားမ်ားက ဓ-ါးစာခံအျဖစ္ေခၚေဆာင္သြားခဲ့ရာမွစတင္ခဲ့ျခင္းလည္းျဖစ္သည္။
အဆိုပါလုပ္ရပ္ကို အစၥေရး က တုန္႔ျပန္မႈသည္ ပါလက္စတိုင္း ၃၇,၃၄၇ ေက်ာ္ ‌ေ-သဆုံးေစခဲ့ၿပီး ဂါဇာ၏လူဦးေရ ၂ ဒသမ ၃ သန္းအနက္ အမ်ားစုကို အိုးအိမ္မဲ့ျဖစ္ေစခဲ့ကာ ငတ္မြတ္မႈႏွင့္ပ်က္စီးမႈမ်ားျဖစ္ေပၚေစခဲ့ေၾကာင္း ဂါဇာက်န္းမာေရးဝန္ႀကီးဌာနကေျပာၾကားခဲ့သည္။
Source : ေအအက္ဖ္ပီ/အယ္လ္အိတ္ခ္်

=========

အစ္စရေးနိုင်ငံသားထောင်ချီ၍ အစိုးရကို ထပ်မံ ဆန္ဒပြခဲ့

ဂျေရုဆလင်၊ဇွန် ၁၈
ထောင်နှင့်ချီသော အစ္စရေးနိုင်ငံသားများသည် ဝန်ကြီးချုပ်နေတန်ယာဟုအစိုးရကို ဓ-ါးစာခံများကို လွတ်မြောက်ရေးအတွက် ညှိနှိုင်းရန်ပျက်ကွက်မှုနှင့် ဂါဇာစစ်ပွဲ ကိစ္စဖြင့် ထပ်မံဆန္ဒပြခဲ့ကြကြောင်းသိရသည်။
ဂါဇာရှိဟားမတ်စ်တို့နှင့်ဖြစ်နေသည့် အစ္စရေး – ဟားမတ်စ်အရေးကို နေတန်ယာဟု၏ကိုင်တွယ်ပုံကို သဘောမကျသောကြောင့် အစ္စရေးပြည်သူများ၏ ဆန္ဒပြမှုများသည် အပတ်စဉ်တိုင်းလိုလိုဖြစ်ပေါ်နေလေ့ရှိသည်။
သို့သော် ယင်းဆန္ဒပြမှုများကို တက်ကြွလှုပ်ရှားသူများ၏ နှောင့်ယှက်မှုများအဖြစ် တာဝန်ရှိသူများကယူဆထားပြီး ဆန္ဒထုတ်ဖော်သူများသည် ရွေးကောက်ပွဲအသစ်ပြုလုပ်ဖို့လည်းတောင်းဆိုခဲ့ကြသည်ဟုသိရသည်။
ဆန္ဒပြသူများသည် ဂျေရုဆလင်သို့ချီတက်လာပြီး အစ္စရေးပါလီမန်နှင့်နေတန်ယာဟုအိမ်အား ပိတ်ဆို့ထားခဲ့သဖြင့်လည်း ရဲတပ်ဖွဲ့နှင့် အထိကရုဏ်းဖြစ်ခဲ့ကြသေးသည်။နှစ်ဖက်အထိကရုဏ်းများကြားမှ ရဲတပ်ဖွဲ့ဝင်နှစ်ဦးဒဏ်ရာရရှိခဲ့သဖြင့် ယင်းသို့ပြုလုပ်သူကိုးဦးအား ဖမ်းဆီးထိန်းသိမ်းထားသည်ဟုလည်းသိရသည်။
အစ္စရေး – ဟားမတ်စ်အရေးသည် ယမန်နှစ်အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့၏တိုက်ခိုက်မှုအပြီး အစ္စရေးဘက်မှ လူပေါင်း ၁,၁၉၄ ဦးခန့်‌ေ-သဆုံးကာ နောက်ထပ် ၂၅၀ ခန့်ကို ‌ေ-သနတ်သမားများက ဓ-ါးစာခံအဖြစ်ခေါ်ဆောင်သွားခဲ့ရာမှစတင်ခဲ့ခြင်းလည်းဖြစ်သည်။
အဆိုပါလုပ်ရပ်ကို အစ္စရေး က တုန့်ပြန်မှုသည် ပါလက်စတိုင်း ၃၇,၃၄၇ ကျော် ‌ေ-သဆုံးစေခဲ့ပြီး ဂါဇာ၏လူဦးရေ ၂ ဒသမ ၃ သန်းအနက် အများစုကို အိုးအိမ်မဲ့ဖြစ်စေခဲ့ကာ ငတ်မွတ်မှုနှင့်ပျက်စီးမှုများဖြစ်ပေါ်စေခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။
Source : အေအက်ဖ်ပီ/အယ်လ်အိတ်ခ်ျ