ကိုဗစ္အတည္ျပဳလူနာသစ္ ၇၃ ဦးရွိလာ ၊ ယခင္တစ္ပတ္ထက္ (၁၀) ဦးထပ္တိုး

က်န္းမာေရးဝန္ႀကီးဌာန၏ ယမန္ေန႔ဇြန္ (၁၇) ရက္ ထုတ္ျပန္သည့္ ကိုဗစ္ – ၁၉ ေရာဂါကူးစက္မႈ အေျခအေန အသိေပးခ်က္အရ တစ္ပတ္အတြင္း ကိုဗစ္အတည္ျပဳ လူနာသစ္ (၇၃) ဦးရွိေၾကာင္း သိရသည္။
ဇြန္လ(၉)ရက္၊ ည(၈)နာရီမွ ဇြန္လ(၁၆)ရက္၊ ည(၈)နာရီအထိ တစ္ပတ္အတြင္း ဓာတ္ခြဲနမူနာစုစုေပါင္း (၃၃၈၇၈)ခုကို စစ္ေဆးခဲ့ရာ ကိုဗစ္-၁၉ေရာဂါဓာတ္ခြဲ အတည္ျပဳလူနာသစ္ (၇၃) ေယာက္ေတြ႕ရွိခဲ့ျခင္း ျဖစ္သည္။
ထို႔ေၾကာင့္ ေရာဂါပိုးေတြ႕ရွိမႈ ရာခိုင္ႏႈန္းသည္ (၀ ဒသမ ၂၂) ရာခိုင္ႏႈန္းရွိလာျခင္းျဖစ္ကာ ကိုဗစ္-၁၉ေရာဂါႏွင့္ ‌ေ-သဆုံးသူမရွိေသးေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန ထုတ္ျပန္ခ်က္အရ သိရသည္။
ယခင္အပတ္က ဓာတ္ခြဲအတည္ျပဳလူနာသစ္ ေတြ႕ရွိမႈသည္ (၆၃) ေယာက္ရွိကာ ယခု (၇၃) ေယာက္ရွိလာေသာေၾကာင့္ယခင္အပတ္ထက္ (၁၀)ဦး ပိုမ်ားလာျခင္းျဖစ္သည္။

=====================

ကိုဗစ်အတည်ပြုလူနာသစ် ၇၃ ဦးရှိလာ ၊ ယခင်တစ်ပတ်ထက် (၁၀) ဦးထပ်တိုး

ကျန်းမာရေးဝန်ကြီးဌာန၏ ယမန်နေ့ဇွန် (၁၇) ရက် ထုတ်ပြန်သည့် ကိုဗစ် – ၁၉ ရောဂါကူးစက်မှု အခြေအနေ အသိပေးချက်အရ တစ်ပတ်အတွင်း ကိုဗစ်အတည်ပြု လူနာသစ် (၇၃) ဦးရှိကြောင်း သိရသည်။
ဇွန်လ(၉)ရက်၊ ည(၈)နာရီမှ ဇွန်လ(၁၆)ရက်၊ ည(၈)နာရီအထိ တစ်ပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃၃၈၇၈)ခုကို စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် (၇၃) ယောက်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းသည် (၀ ဒသမ ၂၂) ရာခိုင်နှုန်းရှိလာခြင်းဖြစ်ကာ ကိုဗစ်-၁၉ရောဂါနှင့် ‌ေ-သဆုံးသူမရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
ယခင်အပတ်က ဓာတ်ခွဲအတည်ပြုလူနာသစ် တွေ့ရှိမှုသည် (၆၃) ယောက်ရှိကာ ယခု (၇၃) ယောက်ရှိလာသောကြောင့်ယခင်အပတ်ထက် (၁၀)ဦး ပိုများလာခြင်းဖြစ်သည်။