ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီဥကၠ႒ ဦးခင္ရီ ႐ုရွားဖက္ဒေရးရွင္းနိုင္ငံ၊ ဗလာဒီေဗာ့စေတာ့ခ္ၿမိဳ႕တြင္ က်င္းပသည့္ International Interparty “BIRCS and Partner Countries Forum” တက္ေရာက္ရန္ထြက္ခြာ

ဇြန္ ၁၄၊ ရန္ကုန္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီဥကၠ႒ ဦးခင္ရီ ဦးေဆာင္သည့္ အဖြဲ႕ဝင္(၂)ဦးပါ ပါတီကိုယ္စားလွယ္အဖြဲ႕သည္ ႐ုရွားဖက္ဒေရးရွင္းနိုင္ငံ၊ ဗလာဒီေဗာ့စေတာ့ခ္ၿမိဳ႕တြင္ ၂၀၂၄ ခုႏွစ္၊ ဇြန္လ ၁၆ ရက္ေန႔မွ ၁၉ ရက္ေန႔အထိ “The Global Majority for a Multipolar World” ေခါင္းစဥ္ျဖင့္ က်င္းပသည့္ International Interparty “BIRCS and Partner Countries Forum”သို႔ တက္ေရာက္ရန္ ၁၄-၆-၂၀၂၄ ရက္ေန႔ ညေန႔ ၁၈၀၀ နာရီအခ်ိန္တြင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွ ထြက္ခြာသြားခဲ့ၾကပါသည္။
အဆိုပါ ပါတီကိုယ္စားလွယ္အဖြဲ႕ ​ျပည္ပထြက္ခြာရာသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဒုတိယဥကၠ႒ ဦးမ်ိဳးေဇာ္သိန္း၊ ရန္ကုန္တိုင္းေဒသႀကီး ေပါင္းစပ္ညႇိႏွိုင္းေရးမႉး ဗဟိုအလုပ္အမႈေဆာင္ ဦးေမာင္ျမင့္၊ ရန္ကုန္တိုင္းေဒသႀကီး ပါတီဥကၠ႒ ဗဟိုအလုပ္အမႈေဆာင္ ဦးခင္ေမာင္စိုးႏွင့္ တိုင္းပါတီေကာ္မတီဝင္မ်ား၊ နိုင္ငံတကာေရးရာေကာ္မတီမွ တာဝန္ရွိသူမ်ား လိုက္ပါပို႔ေဆာင္ခဲ့ၾကပါသည္။

=========

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့တွင် ကျင်းပသည့် International Interparty “BIRCS and Partner Countries Forum” တက်ရောက်ရန်ထွက်ခွာ
===========
ဇွန် ၁၄၊ ရန်ကုန်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သည့် အဖွဲ့ဝင်(၂)ဦးပါ ပါတီကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့တွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ “The Global Majority for a Multipolar World” ခေါင်းစဉ်ဖြင့် ကျင်းပသည့် International Interparty “BIRCS and Partner Countries Forum”သို့ တက်ရောက်ရန် ၁၄-၆-၂၀၂၄ ရက်နေ့ ညနေ့ ၁၈၀၀ နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားခဲ့ကြပါသည်။
အဆိုပါ ပါတီကိုယ်စားလှယ်အဖွဲ့ ​ပြည်ပထွက်ခွာရာသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း၊ ရန်ကုန်တိုင်းဒေသကြီး ပေါင်းစပ်ညှိနှိုင်းရေးမှူး ဗဟိုအလုပ်အမှုဆောင် ဦးမောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးနှင့် တိုင်းပါတီကော်မတီဝင်များ၊ နိုင်ငံတကာရေးရာကော်မတီမှ တာဝန်ရှိသူများ လိုက်ပါပို့ဆောင်ခဲ့ကြပါသည်။