ညောင်ဦး ဇွန် ၁၃
တွေ့ဆုံပွဲတွင်ပါတီဒုတိယဥက္ကဋ္ဌဦးလှထွန်းမှ ပြည်ခိုင်ဖြိုးပါတီမှာ အမျိုးသားရေးစိတ်ဓါတ်၊ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်လိုသော စိတ်ဓါတ်၊တိုင်းပြည်ကို ချစ်တဲ့စိတ်ဓါတ်ရှိသူများဖြင့် ဖွဲ့စည်းထားသည့် ပါတီဖြစ်ကြောင်း၊နိုင်ငံတော်တည်ငြိမ်အေးချမ်းမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်၍ တည်ငြိမ်အေးချမ်းမှုရှိအောင် ဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊လာမည့်ရွေးကောက်ပွဲတွင် အချိုးကျ ကိုယ်စားပြုစနစ်(PR)စနစ် ကျင့်သုံးသွားမည် ဖြစ်ကြောင်း၊ရွေးကောက်ပွဲတွင် မိမိတို့ပါတီ အနိုင်ရရှိရေး ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ပြည်သူပါမှ အောင်ပွဲရမည် ဖြစ်၍ ပြည်သူလူထုကို စည်းရုံးသွားရမည်ဖြဖြစ်ကြောင်းဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။
+++++++++++++++
ပြည်သူပါမှ အောင်ပွဲရမည် ဖြစ်၍ ပြည်သူလူထုကို စည်းရုံးသွားရမည်ဖြစ်ကြောင်းညောင်ဦးမြို့နယ်တွေ့ဆုံပွဲ၌ပါတီဒုတိယဥက္ကဋ္ဌဦးလှထွန်းမှာကြား
============================-
ညောင်ဦး ဇွန် ၁၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီဒုတိယဥက္ကဋ္ဌဦးလှထွန်းနှင့်အတူမန္တလေးတိုင်းဒေသကြီးပေါင်းစပ်ညှိနှိုင်းရေးမှူးဒေါက်တာမောင်သင်း၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးအောင်ကျော်မိုးတို့လိုက်ပါလျှက်(၁၃.၆.၂၀၂၄)နေ့ မွန်းလွဲပိုင်း၌ညောင်ဦးမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမတွင်ခရိုင်မြို့နယ်ပါတီဥက္ကဋ္ဌများ၊အတွင်းရေးမှူးများကော်မတီဝင်များ၊ရပ်/ ကျေးစည်းမှူးများ၊လူငယ်နှင့်အမျိုးသမီးပါတီဝင်များနှင့်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲတွင်ပါတီဒုတိယဥက္ကဋ္ဌဦးလှထွန်းမှ ပြည်ခိုင်ဖြိုးပါတီမှာ အမျိုးသားရေးစိတ်ဓါတ်၊ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်လိုသော စိတ်ဓါတ်၊တိုင်းပြည်ကို ချစ်တဲ့စိတ်ဓါတ်ရှိသူများဖြင့် ဖွဲ့စည်းထားသည့် ပါတီဖြစ်ကြောင်း၊နိူင်ငံတော်တည်ငြိမ်အေးချမ်းမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်၍ တည်ငြိမ်အေးချမ်းမှုရှိအောင် ဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊လာမည့်ရွေးကောက်ပွဲတွင် အချိုးကျ ကိုယ်စားပြုစနစ်(PR)စနစ် ကျင့်သုံးသွားမည် ဖြစ်ကြောင်း၊ရွေးကောက်ပွဲတွင် မိမိတို့ပါတီ အနိူင်ရရှိရေး ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ပြည်သူပါမှ အောင်ပွဲရမည် ဖြစ်၍ ပြည်သူလူထုကို စည်းရုံးသွားရမည်ဖြဖြစ်ကြောင်းဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။
၎င်းနောက် တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးက ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှု ဖြစ်စဥ်များ၊ လာမည့်ရွေးကောက်ပွဲတွင်ကျင့်သုံးမည့် PR စနစ်အကြောင်းအား အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ပါသည်။ဆက်လက်၍ ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီး ပေါင်းစပ်ညှိနှိုင်းရေးမှုး ဒေါက်တာမောင်သင်းက ပထမမြန်မာနိူင်ငံတော်ကြီးကို တည်ထောင်ခဲ့သည့် ပုဂံ-ညောင်ဦးသားတို့၏ စည်းလုံးညီညွတ်သည့်စိတ်ဓါတ်၊နိူင်ငံတော်ကိုကောင်းအောင် တည်ဆောက်လိုသည့် စိတ်ဓါတ်တို့ကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ကိုယ့်ရပ် ကိုယ့်ရွာကိုလည်း ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
၎င်းနောက် ညောင်ဦးမြို့နယ်ပါတီဥက္ကဌ ဦးအောင်ဌေးက နယ်မြေဒေသ အခြေအနေများ၊ပါတီလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဥက္ကဌမှ နိဂုံးချုပ်အမှာစကား ပြောကြားကာ တွေ့ဆုံပွဲ အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။