ပရီးမီးယားလိဂ္ အသက္အငယ္ဆုံးနည္းျပျဖစ္လာတဲ့ ဟာဇီလာ

ဘရိုက္တန္အသင္းနည္းျပသစ္အျဖစ္ ခန႔္အပ္ျခင္းခံလိုက္ရတဲ့ အသက္ ၃၁ ႏွစ္အရြယ္ ဟာဇီလာဟာ ပရီးမီးယားလိဂ္သမိုင္းမွာ အသက္အငယ္ဆုံးနည္းျပျဖစ္လာခဲ့ပါတယ္။ အေမရိကန္နဲ႔ ဂ်ာမနီႏြယ္ဖြား ဟာဇီလာဟာ ၿပီးခဲ့တဲ့ေဘာလုံးရာသီက စိန႔္ေပၚလီအသင္းကို ဘြန္ဒက္စ္လီဂါ(၂) ခ်န္ပီယံဆုကို ရရွိေစခဲ့ၿပီး တန္းတက္ခြင့္ရေအာင္ ဦးေဆာင္ေပးနိုင္ခဲ့သူျဖစ္ပါတယ္။ နည္းျပဟာဇီလာက ကိုယ္ပိုင္စတိုင္ရွိၿပီး အသင္းကို အေကာင္းဆုံးဦးေဆာင္မႈေပးနိုင္မယ္ဆိုတာ ယုံၾကည္တယ္လို႔ ဘရိုက္တန္အသင္းဥကၠ႒ တိုနီဘလြန္းက ေျပာခဲ့ပါတယ္။ နည္းၿပ ဟာဇီလာကို ဘရိုက္တန္အသင္းက ၂၀၂၇ အထိစာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာပါ။ ၂၀၂၁ တုန္းက စပါးအသင္းယာယီနည္းၿပ ေမဆန္ဟာ အသက္ ၂၉ ႏွစ္အရြယ္နဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္တစ္ပြဲကို ကိုင္တြယ္ခြင့္ရတဲ့ အသက္အငယ္ဆုံးနည္းျပအျဖစ္ မွတ္တမ္း ဝင္ခဲ့ေပမယ့္ အခု ဟာဇီလာကေတာ့ အျမဲတမ္းနည္းျပေတြထဲ အသက္အငယ္ဆုံးအျဖစ္မွတ္တမ္းဝင္ ေတာ့မွာျဖစ္ပါတယ္။

============

ပရီးမီးယားလိဂ် အသက်အငယ်ဆုံးနည်းပြဖြစ်လာတဲ့ ဟာဇီလာ

ဘရိုက်တန်အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံလိုက်ရတဲ့ အသက် ၃၁ နှစ်အရွယ် ဟာဇီလာဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အသက်အငယ်ဆုံးနည်းပြဖြစ်လာခဲ့ပါတယ်။ အမေရိကန်နဲ့ ဂျာမနီနွယ်ဖွား ဟာဇီလာဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက စိန့်ပေါ်လီအသင်းကို ဘွန်ဒက်စ်လီဂါ(၂) ချန်ပီယံဆုကို ရရှိစေခဲ့ပြီး တန်းတက်ခွင့်ရအောင် ဦးဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ နည်းပြဟာဇီလာက ကိုယ်ပိုင်စတိုင်ရှိပြီး အသင်းကို အကောင်းဆုံးဦးဆောင်မှုပေးနိုင်မယ်ဆိုတာ ယုံကြည်တယ်လို့ ဘရိုက်တန်အသင်းဥက္ကဋ္ဌ တိုနီဘလွန်းက ပြောခဲ့ပါတယ်။ နည်းပြ ဟာဇီလာကို ဘရိုက်တန်အသင်းက ၂၀၂၇ အထိစာချုပ်ချုပ်ဆိုခဲ့တာပါ။ ၂၀၂၁ တုန်းက စပါးအသင်းယာယီနည်းပြ မေဆန်ဟာ အသက် ၂၉ နှစ်အရွယ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲကို ကိုင်တွယ်ခွင့်ရတဲ့ အသက်အငယ်ဆုံးနည်းပြအဖြစ် မှတ်တမ်း ဝင်ခဲ့ပေမယ့် အခု ဟာဇီလာကတော့ အမြဲတမ်းနည်းပြတွေထဲ အသက်အငယ်ဆုံးအဖြစ်မှတ်တမ်းဝင် တော့မှာဖြစ်ပါတယ်။