နိုင္ငံေရးပါတီတစ္ခုအေနျဖင့္ ဘာပဲလုပ္လုပ္ ျပည္သူကိုဗဟိုျပဳၿပီးလုပ္ေဆာင္ရန္လိုအပ္ေၾကာင္း ျပည္ခိုင္ၿဖိဳးပါတီဒုတိယဥကၠဌ ေျပာၾကား

ရန္ကုန္ ဇြန္ ၁၄
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ
ေအာက္ျမန္မာျပည္ ေပါင္းစပ္ညႇိႏွိုင္း‌‌ေရးမႉးဒုတိယဥကၠ႒ဦးမ်ိဳးေဇာ္သိန္းသည္ ရန္ကုန္တိုင္းေဒသႀကီးေပါင္းစပ္ညႇိႏွိုင္းေရးမႉး ဗဟိုအလုပ္အမႈ‌ေဆာင္ ဦးေမာင္ျမင့္၊ရန္ကုန္တိုင္းပါတီဥကၠ႒ဦးခင္ေမာင္စိုး တို႔ႏွင့္အတူ ၂၀၂၄ခုႏွစ္‌၊ ဇြန္လ ၁၂ ရက္ေန႔မွ ၁၄ရက္ေန႔အထိ ရန္ကုန္ၿမိဳ႕တြင္ တိုင္း/ ခရိုင္/ၿမိဳ႕နယ္ပါတီမ်ားမွ တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံခဲ့ပါသည္။
ထို႔ေနာက္ အခမ္းအနားသို႔ တက္ေရာက္လာၾကေသာ ခရိုင္/ၿမိဳ႕နယ္တာဝန္ရွိသူမ်ားက နယ္ေျမေဒသအေျခအေနမ်ားႏွင့္ပတ္သက္၍ တင္ျပေဆြးေႏြးခဲ့ၾကၿပီး ပါတီဗဟိုအလုပ္အမႈ‌ေဆာင္ႏွင့္တိုင္းပါတီဥကၠ႒တို႔မွလည္း လိုအပ္သည္မ်ား ျဖည့္စြက္ေျပာၾကားခဲ့ပါသည္။
အဆိုပါေတြ႕ဆုံပြဲတြင္ ဒုတိယဥကၠ႒မွ စည္း႐ုံးေရးလုပ္ငန္းစဥ္ဆိုသည္မွာ နိုင္ငံေရးပါတီအတြက္ အသက္ဝိဉာဥ္သဖြယ္ျဖစ္ေၾကာင္း၊ နိုင္ငံေရးပါတီတစ္ခုအေနျဖင့္ ဘာပဲလုပ္လုပ္ ျပည္သူကိုဗဟိုျပဳၿပီးလုပ္ေဆာင္ရန္လိုအပ္ေၾကာင္း၊ အသြင္သ႑ာန္ေရာအႏွစ္သာရပါ ထိေရာက္သည့္ လက္ေတြ႕က်ေသာ စည္း႐ုံးေရးျဖစ္ရန္လိုအပ္ေၾကာင္း၊ အဆင့္ဆင့္ေသာ ပါတီကို ဦးေဆာင္ေနသူမ်ားသည္ အေျခအေနအရပ္ရပ္ကို အမွန္အတိုင္းသိရွိ၍ အေကာင္းဆုံးအ‌ေျဖရရွိေအာင္လုပ္ေဆာင္ရန္လိုအပ္ေၾကာင္း၊ သိ၃သိ၊ မွန္၃မွန္ႏွင့္ Three Knows တို႔ကို သိရွိနားလည္က်င့္သုံးရန္လိုအပ္‌ေၾကာင္း၊ ဥပေဒေဘာင္အတြင္းမွ မွန္ကန္စြာႏွင့္ေအာင္ျမင္ေအာင္ ေဆာင္ရြက္တတ္ရန္လိုအပ္ေၾကာင္း စသည္ျဖင့္ အေသးစိတ္လမ္းညႊန္မွာၾကားခဲ့ပါသည္။
ထို႔ေနာက္ပါတီဒုတိယဥကၠ႒သည္အစည္းအေဝးသို႔တက္ေရာက္လာၾကေသာ တိုင္း/ ခရိုင္/ၿမိဳ႕နယ္ပါတီမ်ားမွ တာဝန္ရွိသူမ်ားႏွင့္သက္ဆိုင္ရာ နယ္ေျမအလိုက္ နိုင္ငံေရး၊ နိုင္ငံ့အေရး ဆိုင္ရာကိစၥရပ္မ်ားအား အျပန္အလွန္ ေပါင္းစပ္ညႇိႏွိုင္းေဆြးေႏြး၍ ဆက္လက္ေဆာင္ရြက္ရမည့္လုပ္ငန္းစဥ္မ်ားအား သုံးသပ္ေဆြးေႏြးခဲ့‌ေၾကာင္း သတင္းရရွိပါသည္။

==============

 

နိုင်ငံရေးပါတီတစ်ခုအနေဖြင့် ဘာပဲလုပ်လုပ် ပြည်သူကိုဗဟိုပြုပြီးလုပ်ဆောင်ရန်လိုအပ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဌ ပြောကြား
==============================
ရန်ကုန် ဇွန် ၁၄
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
အောက်မြန်မာပြည် ပေါင်းစပ်ညှိနှိုင်း‌‌ရေးမှူးဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိန်းသည် ရန်ကုန်တိုင်းဒေသကြီးပေါင်းစပ်ညှိနှိုင်းရေးမှူး ဗဟိုအလုပ်အမှု‌ဆောင် ဦးမောင်မြင့်၊ရန်ကုန်တိုင်းပါတီဥက္ကဋ္ဌဦးခင်မောင်စိုး တို့နှင့်အတူ ၂၀၂၄ခုနှစ်‌၊ ဇွန်လ ၁၂ ရက်နေ့မှ ၁၄ရက်နေ့အထိ ရန်ကုန်မြို့တွင် တိုင်း/ ခရိုင်/မြို့နယ်ပါတီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ခရိုင်/မြို့နယ်တာဝန်ရှိသူများက နယ်မြေဒေသအခြေအနေများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြပြီး ပါတီဗဟိုအလုပ်အမှု‌ဆောင်နှင့်တိုင်းပါတီဥက္ကဋ္ဌတို့မှလည်း လိုအပ်သည်များ ဖြည့်စွက်ပြောကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲတွင် ဒုတိယဥက္ကဋ္ဌမှ စည်းရုံးရေးလုပ်ငန်းစဉ်ဆိုသည်မှာ နိုင်ငံရေးပါတီအတွက် အသက်ဝိဉာဥ်သဖွယ်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီတစ်ခုအနေဖြင့် ဘာပဲလုပ်လုပ် ပြည်သူကိုဗဟိုပြုပြီးလုပ်ဆောင်ရန်လိုအပ်ကြောင်း၊ အသွင်သဏ္ဍာန်ရောအနှစ်သာရပါ ထိရောက်သည့် လက်တွေ့ကျသော စည်းရုံးရေးဖြစ်ရန်လိုအပ်ကြောင်း၊ အဆင့်ဆင့်သော ပါတီကို ဦးဆောင်နေသူများသည် အခြေအနေအရပ်ရပ်ကို အမှန်အတိုင်းသိရှိ၍ အကောင်းဆုံးအ‌ဖြေရရှိအောင်လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ သိ၃သိ၊ မှန်၃မှန်နှင့် Three Knows တို့ကို သိရှိနားလည်ကျင့်သုံးရန်လိုအပ်‌ကြောင်း၊ ဥပဒေဘောင်အတွင်းမှ မှန်ကန်စွာနှင့်အောင်မြင်အောင် ဆောင်ရွက်တတ်ရန်လိုအပ်ကြောင်း စသည်ဖြင့် အသေးစိတ်လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက်ပါတီဒုတိယဥက္ကဋ္ဌသည်အစည်းအဝေးသို့တက်ရောက်လာကြသော တိုင်း/ ခရိုင်/မြို့နယ်ပါတီများမှ တာဝန်ရှိသူများနှင့်သက်ဆိုင်ရာ နယ်မြေအလိုက် နိုင်ငံရေး၊ နိုင်ငံ့အရေး ဆိုင်ရာကိစ္စရပ်များအား အပြန်အလှန် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး၍ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား သုံးသပ်ဆွေးနွေးခဲ့‌ကြောင်း သတင်းရရှိပါသည်။