ဂရင္းဝုဒ္ကို ေပါင္သန္း(၄၀)နဲ႔ ေခၚယူဖို႔ ဂ်ဴဗင္တပ္ စိတ္ဝင္စား

ဂ်ဴဗင္တပ္အသင္းဟာ မန္ယူတိုက္စစ္ကစားသမား ဂရင္းဝုဒ္ကို ေပါင္သန္း(၄၀)ဝန္းက်င္နဲ႔ ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။ မန္ယူအသင္းကလည္း အခုေႏြရာသီမွာ အသက္(၂၂)ႏွစ္အရြယ္ ဂရင္းဝုဒ္ကို ေရာင္းခ်ဖို႔ ဆႏၵရွိေနၿပီး ေျပာင္းေရႊ႕ေၾကးေပါင္သန္း(၄၀)ဟာ ဂရင္းဝုဒ္အတြက္ မန္ယူသတ္မွတ္ထားတဲ့ တန္ေၾကးနဲ႔နီးစပ္ပါတယ္။ ဒါ့အျပင္ မန္ယူဟာ နည္းျပတန္ဟတ္ရဲ့အေျပာင္းအေရႊ႕ အတြက္ ေငြေၾကးသုံးစြဲနိုင္ဖို႔ ကစားသမားတစ္ခ်ိဳ႕ကိုေရာင္းခ်ဖို႔ စီစဥ္ေနပါတယ္။ ဂ်ဴဗင္တပ္ဟာ ဂရင္းဝုဒ္အတြက္ ကမ္းလွမ္းမႈမလုပ္ရေသးေပမယ့္ ကစားသမားသာ သေဘာတူညီမယ္ဆိုရင္ အေျပာင္းအေရႊ႕အၿပီးသတ္နိုင္မယ္လို႔ ယုံၾကည္ေနပါတယ္။ ဂရင္းဝုဒ္ဟာ ၿပီးခဲ့တဲ့ရာသီက ဂီတာေဖးမွာ အငွားနဲ႔သြားေရာက္ကစားခဲ့ၿပီး ေျခစြမ္းျပကစားနိုင္ခဲ့တာေၾကာင့္ ကလပ္အသင္းတစ္ခ်ိဳ႕က ေခၚယူဖို႔ စိတ္ဝင္စားေနၾကပါတယ္။

++++++++++++++++++++

ဂရင်းဝုဒ်ကို ပေါင်သန်း(၄၀)နဲ့ ခေါ်ယူဖို့ ဂျူဗင်တပ် စိတ်ဝင်စား
=====================================
ဂျူဗင်တပ်အသင်းဟာ မန်ယူတိုက်စစ်ကစားသမား ဂရင်းဝုဒ်ကို ပေါင်သန်း(၄၀)ဝန်းကျင်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ မန်ယူအသင်းကလည်း အခုနွေရာသီမှာ အသက်(၂၂)နှစ်အရွယ် ဂရင်းဝုဒ်ကို ရောင်းချဖို့ ဆန္ဒရှိနေပြီး ပြောင်းရွှေ့ကြေးပေါင်သန်း(၄၀)ဟာ ဂရင်းဝုဒ်အတွက် မန်ယူသတ်မှတ်ထားတဲ့ တန်ကြေးနဲ့နီးစပ်ပါတယ်။ ဒါ့အပြင် မန်ယူဟာ နည်းပြတန်ဟတ်ရဲ့အပြောင်းအရွှေ့ အတွက် ငွေကြေးသုံးစွဲနိုင်ဖို့ ကစားသမားတစ်ချို့ကိုရောင်းချဖို့ စီစဉ်နေပါတယ်။ ဂျူဗင်တပ်ဟာ ဂရင်းဝုဒ်အတွက် ကမ်းလှမ်းမှုမလုပ်ရသေးပေမယ့် ကစားသမားသာ သဘောတူညီမယ်ဆိုရင် အပြောင်းအရွှေ့အပြီးသတ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ရာသီက ဂီတာဖေးမှာ အငှားနဲ့သွားရောက်ကစားခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် ကလပ်အသင်းတစ်ချို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။