႐ုရွား-ျမန္မာပူးေပါင္းၿပီး ႏွစ္နိုင္ငံ ကင္ဆာေရာဂါ ကုသနိုင္ေရး ေဆာင္ရြက္မည္

႐ုရွား-ျမန္မာပူးေပါင္း၍ ႏွစ္နိုင္ငံ ကင္ဆာေရာဂါကုသနိုင္ေရးမ်ားကို ေဆာင္ရြက္ရန္ စီစဥ္ေနၿပီး အဆိုပါ ကိစၥရပ္ႏွင့္ပတ္သက္၍ ႐ုရွားနိုင္ငံ စိန႔္ပီတာစဘတ္ၿမိဳ႕၌ က်င္းပသည့္ (၂၇) ႀကိမ္ေျမာက္ နိုင္ငံတကာစီးပြားေရး ဖိုရမ္တက္ေရာက္ရန္ ေရာက္ရွိေနသည့္ က်န္းမာေရးဝန္ႀကီး ေဒါက္တာသက္ခိုင္ဝင္းက ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
႐ုရွားနိုင္ငံမွ ထုတ္လုပ္သည့္ ကင္ဆာေဆးဝါးမ်ားကို ျမန္မာသို႔ တင္သြင္းျဖန႔္ခ်ိ ထုတ္လုပ္နိုင္ေရးႏွင့္ ႐ုရွား – ျမန္မာ ပူးေပါင္းၿပီး ကင္ဆာေရာဂါကုသနိုင္ေရးမ်ားကို ႏွစ္နိုင္ငံက်န္းမာေရးဝန္ႀကီးဌာနမ်ားမွ က်န္းမာေရးဝန္ႀကီးမ်ားက ေဆြးေႏြးခဲ့ၾကျခင္း ျဖစ္သည္။
ထို႔အျပင္ ျမန္မာ – ႐ုရွား ႏွစ္နိုင္ငံ က်န္းမာေရးက႑ ပိုမိုျမႇင့္တင္ေဆာင္ရြက္နိုင္ေရးႏွင့္ ပူးေပါင္းေဆာင္ရြက္မႈ မူေဘာင္ေရးဆြဲနိုင္ေရး ကိစၥရပ္မ်ား၊ မိခင္ႏွင့္ က-ေလ-းက်န္းမာေရးေစာင့္ေရွာက္မႈ၊ အေရးေပၚက်န္းမာေရးေစာင့္ေရွာက္မႈမ်ားအပါအဝင္ ႏွစ္နိုင္ငံ ေဆးဘက္ဆိုင္ရာ သင္ၾကားေရး ပူးေပါင္းေဆာင္ရြက္နိုင္မည့္ ကိစၥရပ္မ်ား၊ ႐ုရွားဖက္ဒေရးရွင္းနိုင္ငံမွ ထုတ္လုပ္သည့္ ကင္ဆာေရာဂါ ကုသမႈႏွင့္ အျခားေရာဂါမ်ား ကုသမႈဆိုင္ရာ ေခတ္မီေဆးဝါးမ်ားႏွင့္ ေဆးဘက္ဆိုင္ရာပစၥည္းမ်ား တင္သြင္း၊ ျဖန႔္ခ်ိ၊ ထုတ္လုပ္နိုင္ေရးကိစၥရပ္မ်ား ‌ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ စဝ္စံထြန္းျပည္သူ႔ေဆး႐ုံႀကီး အဆင့္ျမႇင့္တင္ေရးႏွင့္ ကင္ဆာေရာဂါကုသမႈ ပူးေပါင္းေဆာင္ရြက္ နိုင္ေရးကိစၥရပ္မ်ား၊ ေဆးဘက္ ဆိုင္ရာပညာရွင္မ်ား အျပန္အလွန္ အေတြ႕ အၾကဳံဖလွယ္ေရးႏွင့္ ေဆးဘက္ဆိုင္ရာညီလာခံ၊ သင္တန္းမ်ား၊ အစည္းအေဝးမ်ားသို႔ ဖိတ္ၾကားနိုင္ေရး ကိစၥရပ္မ်ားကို ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။ popular

========

ရုရှား-မြန်မာပူးပေါင်းပြီး နှစ်နိုင်ငံ ကင်ဆာရောဂါ ကုသနိုင်ရေး ဆောင်ရွက်မည်

ရုရှား-မြန်မာပူးပေါင်း၍ နှစ်နိုင်ငံ ကင်ဆာရောဂါကုသနိုင်ရေးများကို ဆောင်ရွက်ရန် စီစဉ်နေပြီး အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပသည့် (၂၇) ကြိမ်မြောက် နိုင်ငံတကာစီးပွားရေး ဖိုရမ်တက်ရောက်ရန် ရောက်ရှိနေသည့် ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရုရှားနိုင်ငံမှ ထုတ်လုပ်သည့် ကင်ဆာဆေးဝါးများကို မြန်မာသို့ တင်သွင်းဖြန့်ချိ ထုတ်လုပ်နိုင်ရေးနှင့် ရုရှား – မြန်မာ ပူးပေါင်းပြီး ကင်ဆာရောဂါကုသနိုင်ရေးများကို နှစ်နိုင်ငံကျန်းမာရေးဝန်ကြီးဌာနများမှ ကျန်းမာရေးဝန်ကြီးများက ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ထို့အပြင် မြန်မာ – ရုရှား နှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍ ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မူဘောင်ရေးဆွဲနိုင်ရေး ကိစ္စရပ်များ၊ မိခင်နှင့် က-လေ-းကျန်းမာရေးစောင့်ရှောက်မှု၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများအပါအဝင် နှစ်နိုင်ငံ ဆေးဘက်ဆိုင်ရာ သင်ကြားရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ထုတ်လုပ်သည့် ကင်ဆာရောဂါ ကုသမှုနှင့် အခြားရောဂါများ ကုသမှုဆိုင်ရာ ခေတ်မီဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ တင်သွင်း၊ ဖြန့်ချိ၊ ထုတ်လုပ်နိုင်ရေးကိစ္စရပ်များ ‌ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရေးနှင့် ကင်ဆာရောဂါကုသမှု ပူးပေါင်းဆောင်ရွက် နိုင်ရေးကိစ္စရပ်များ၊ ဆေးဘက် ဆိုင်ရာပညာရှင်များ အပြန်အလှန် အတွေ့ အကြုံဖလှယ်ရေးနှင့် ဆေးဘက်ဆိုင်ရာညီလာခံ၊ သင်တန်းများ၊ အစည်းအဝေးများသို့ ဖိတ်ကြားနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ popular