မန္ယူနည္းျပအျဖစ္ ဆက္ရွိေနမယ့္ တန္ဟတ္

ၿပီးခဲ့တဲ့ရာသီက မန္ယူအသင္းကို ရလဒ္ေကာင္းရရွိေအာင္ လုပ္ေဆာင္မေပးနိုင္ခဲ့တာေၾကာင့္ အသင္းကေန ထုတ္ပယ္မယ္လို႔ သတင္းေတြ ထြက္ေပၚေနေပမယ့္လည္း မန္ယူအသင္းဟာ တန္ဟတ္ကို နည္းျပအျဖစ္ ဆက္ခန႔္ဖို႔ ဆုံးျဖတ္လိုက္တယ္လို႔ သတင္းေတြမွာ ေဖာ္ျပေနပါတယ္။
နည္းျပတန္ဟတ္လက္ထက္ မန္ယူအသင္း ဟာ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ အဆင့္(၈)ေနရာနဲ႔ ၿပီးဆုံးခဲ့ေပမယ့္ မန္စီးတီးအသင္းကို အနိုင္ရၿပီး အက္ဖ္ေအဖလားဆြတ္ခူးနိုင္ခဲ့တာပါ။ ၿပီးခဲ့တဲ့ရာသီအကုန္မွာပဲ မန္ယူအသင္းရဲ့ တာဝန္ရွိသူေတြက နည္းၿပ တန္ဟတ္ရဲ့အနာဂတ္ကို ဆုံးျဖတ္ေနၾကတာျဖစ္ၿပီး အခုအခ်ိန္မွာ ေတာ့ အသင္းမွာ ဆက္ထားဖို႔ ဆုံးျဖတ္ခဲ့တာ ျဖစ္ပါတယ္။
မန္ယူအသင္းနဲ႔ နည္းျပတန္ဟတ္တို႔ရဲ့ စာခ်ဳပ္ဟာ လာမယ့္ ေဘာလုံးရာသီအၿပီးမွာ ကုန္ဆုံးမွာျဖစ္တာေၾကာင့္ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ကိုလည္း ေဆြးေႏြးေနတယ္လို႔ သတင္းေတြက ေဖာ္ျပလာခဲ့ပါတယ္။

============

မန်ယူနည်းပြအဖြစ် ဆက်ရှိနေမယ့် တန်ဟတ်
——————–
ပြီးခဲ့တဲ့ရာသီက မန်ယူအသင်းကို ရလဒ်ကောင်းရရှိအောင် လုပ်ဆောင်မပေးနိုင်ခဲ့တာကြောင့် အသင်းကနေ ထုတ်ပယ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း မန်ယူအသင်းဟာ တန်ဟတ်ကို နည်းပြအဖြစ် ဆက်ခန့်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ သတင်းတွေမှာ ဖော်ပြနေပါတယ်။
နည်းပြတန်ဟတ်လက်ထက် မန်ယူအသင်း ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၈)နေရာနဲ့ ပြီးဆုံးခဲ့ပေမယ့် မန်စီးတီးအသင်းကို အနိုင်ရပြီး အက်ဖ်အေဖလားဆွတ်ခူးနိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီအကုန်မှာပဲ မန်ယူအသင်းရဲ့ တာဝန်ရှိသူတွေက နည်းပြ တန်ဟတ်ရဲ့အနာဂတ်ကို ဆုံးဖြတ်နေကြတာဖြစ်ပြီး အခုအချိန်မှာ တော့ အသင်းမှာ ဆက်ထားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
မန်ယူအသင်းနဲ့ နည်းပြတန်ဟတ်တို့ရဲ့ စာချုပ်ဟာ လာမယ့် ဘောလုံးရာသီအပြီးမှာ ကုန်ဆုံးမှာဖြစ်တာကြောင့် စာချုပ်သစ်ချုပ်ဆိုဖို့ကိုလည်း ဆွေးနွေးနေတယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။