5 G ကြန္ရက္သစ္ကို ရန္ကုန္၊ မႏၲေလးႏွင့္ ေနျပည္ေတာ္ရွိ ေနရာအခ်ိဳ႕တြင္ ဇြန္လအတြင္း အသုံးျပဳနိုင္ေတာ့မည္ဟု MPT ထုတ္ျပန္

MPT က 5G ကြန္ရက္သစ္ကို ရန္ကုန္၊ မႏၲေလးႏွင့္ ေနျပည္ေတာ္တို႔ရွိ သတ္မွတ္ထား သည့္ ေနရာအခ်ိဳ႕တြင္ ဇြန္လအတြင္း စတင္ စမ္းသပ္ အသုံးျပဳနိုင္ေတာ့မည္ျဖစ္ေၾကာင္း ဇြန္ ၁၀ ရက္တြင္ MPT က ထုတ္ျပန္ခဲ့သည္။

MPT အေနျဖင့္ ၿပီးခဲ့သည့္ႏွစ္အတြင္း တြင္ ျမန္ႏႈန္းျမင့္ LTE ကြန္ရက္အဆင့္ျမႇင့္တင္ ျခင္းကို ရန္ကုန္ႏွင့္ မႏၲေလးၿမိဳ႕တို႔တြင္ ေဆာင္ရြက္ခဲ့ၿပီး ယခု 5 G စမ္းသပ္မႈမွာလည္း သုံးစြဲသူမ်ား စိတ္ေက်နပ္မႈရွိေစရန္အတြက္ ေဆာင္ ရြက္ေနသည့္ အားထုတ္မႈတစ္ခုပင္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

GSMA ဝက္ဘ္ဆိုက္၏ထုတ္ျပန္ခ်က္ အရ ၂၀၂၄ ခုႏွစ္ ဇန္နဝါရီအထိ နိုင္ငံေပါင္း ၁၀၁ နိုင္ငံမွ ေအာ္ပေရတာေပါင္း ၂၆၁ ခုမွာ စီးပြားေရးလုပ္ငန္းသုံး 5G ကြန္ရက္ကို ျဖန႔္ၾကက္ခဲ့ၿပီးျဖစ္ကာ MPT သည္ ျမန္မာနိုင္ငံ တြင္ MPT ဝန္ေဆာင္မႈေပးသည့္ ဆက္သြယ္ေရး ေအာ္ပေရတာမ်ားထဲတြင္ တစ္ခုအပါအဝင္ ျဖစ္လာမည္ျဖစ္သည္။

ထို႔ျပင္ စိတ္ဝင္စားသူမ်ားအေနျဖင့္ ဇြန္ လတြင္ ျပဳလုပ္မည့္ MPT ၏ “ 5 G သ႐ုပ္ျပ” ပြဲတြင္ လာေရာက္ေလ့လာနိုင္မည္ျဖစ္ၿပီး အေသးစိတ္အခ်က္အလက္မ်ားျဖစ္သည့္ (ေန႔ ရက္ႏွင့္ အခ်ိန္) ကို MPT ၏ ဝက္ဘ္ဆိုက္တြင္ ထပ္မံေၾကညာသြားမည္ျဖစ္သည္။

MPT ႏွင့္ပတ္သက္သည့္ အေသးစိတ္ အခ်က္အလက္မ်ားကို MPT ၏ တရားဝင္ ဝက္ဘ္ဆိုက္ www.mpt.com.mm သို႔ ဝင္ ေရာက္ၾကည့္ရႈနိုင္မည္ျဖစ္ၿပီး 106 call center သို႔ ေခၚဆိုေမးျမန္းနိုင္သည့္အျပင္ မိမိသိရွိလိုသည္မ်ားကိုလည္း တိုက္ရိုက္တုံ႔ျပန္ ေျဖၾကားေပးမည့္ chat bot ဝန္ေဆာင္မႈမ်ားကို MPT4 U အက္ပလီေကးရွင္း၊ MPT viber ႏွင့္ MPT တရားဝင္ ဝက္ဘ္ဆိုက္တို႔တြင္ စုံစမ္း ေမးျမန္းနိုင္ေၾကာင္း သိရသည္။

==========

5 G ကွန်ရက်သစ်ကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ နေရာအချို့တွင် ဇွန်လအတွင်း အသုံးပြုနိုင်တော့မည်ဟု MPT ထုတ်ပြန်

MPT က 5G ကွန်ရက်သစ်ကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့ရှိ သတ်မှတ်ထား သည့် နေရာအချို့တွင် ဇွန်လအတွင်း စတင် စမ်းသပ် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ဇွန် ၁၀ ရက်တွင် MPT က ထုတ်ပြန်ခဲ့သည်။

MPT အနေဖြင့် ပြီးခဲ့သည့်နှစ်အတွင်း တွင် မြန်နှုန်းမြင့် LTE ကွန်ရက်အဆင့်မြှင့်တင် ခြင်းကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ဆောင်ရွက်ခဲ့ပြီး ယခု 5 G စမ်းသပ်မှုမှာလည်း သုံးစွဲသူများ စိတ်ကျေနပ်မှုရှိစေရန်အတွက် ဆောင် ရွက်နေသည့် အားထုတ်မှုတစ်ခုပင်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

GSMA ဝက်ဘ်ဆိုက်၏ထုတ်ပြန်ချက် အရ ၂၀၂၄ ခုနှစ် ဇန်နဝါရီအထိ နိုင်ငံပေါင်း ၁၀၁ နိုင်ငံမှ အော်ပရေတာပေါင်း ၂၆၁ ခုမှာ စီးပွားရေးလုပ်ငန်းသုံး 5G ကွန်ရက်ကို ဖြန့်ကြက်ခဲ့ပြီးဖြစ်ကာ MPT သည် မြန်မာနိုင်ငံ တွင် MPT ဝန်ဆောင်မှုပေးသည့် ဆက်သွယ်ရေး အော်ပရေတာများထဲတွင် တစ်ခုအပါအဝင် ဖြစ်လာမည်ဖြစ်သည်။

ထို့ပြင် စိတ်ဝင်စားသူများအနေဖြင့် ဇွန် လတွင် ပြုလုပ်မည့် MPT ၏ “ 5 G သရုပ်ပြ” ပွဲတွင် လာရောက်လေ့လာနိုင်မည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များဖြစ်သည့် (နေ့ ရက်နှင့် အချိန်) ကို MPT ၏ ဝက်ဘ်ဆိုက်တွင် ထပ်မံကြေညာသွားမည်ဖြစ်သည်။

MPT နှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို MPT ၏ တရားဝင် ဝက်ဘ်ဆိုက် www.mpt.com.mm သို့ ဝင် ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး 106 call center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် chat bot ဝန်ဆောင်မှုများကို MPT4 U အက်ပလီကေးရှင်း၊ MPT viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။