ေျမာက္ကိုရီးယား-ျမန္မာပြဲစဥ္ ျမန္မာရႈံးနိမ့္

၂၀၂၆ ကမၻာဖလားဝင္ေရာက္ခြင့္ အာရွဇုန္အဆင့္ ဒုတိယအေက်ာ့ၿပိဳင္ပြဲအား ယမန္ေန႔ ဇြန္(၁၁)ရက္ ည (၇)နာရီ ခြဲအခ်ိန္၌ ေျမာက္ကိုရီးယားႏွင့္ ျမန္မာအသင္းတို႔ယွဥ္ၿပိဳင္ကစားၾကရာ ေျမာက္ကိုရီးယားအသင္းက(၄)ဂိုးသြင္းယူ၍ အနိုင္ရရွိခဲ့သည္။
ျမန္မာအသင္းဘက္မွ ျပန္လည္ေခ်ပဂိုးတစ္ဂိုးသာ သြင္းယူနိုင္ခဲ့ၿပီး ေခ်ပဂိုးအား အလယ္တန္းကစားသမား ေဝလင္းေအာင္က သြင္းယူခဲ့ျခင္းျဖစ္သည္။
ပြဲထြက္ လူစာရင္းတြင္ ဂိုးသမားအျဖစ္ ဆန္းဆက္နိုင္၊ ေက်ာ္ဇင္ၿဖိဳး၊ ဇင္ညီညီေအာင္၊ ေနာက္တန္းကစားသမား ေဒးဗစ္ထန္း၊ ဟိန္းၿဖိဳးဝင္း၊ၿငိမ္းခ်မ္း၊ စိုးမိုးေက်ာ္၊ လတ္ေဝဘုန္း၊ သက္ဟိန္းစိုး၊ ဇြဲခန႔္မင္း၊ ေက်ာ္မင္းဦး၊ သီဟထက္ေအာင္တို႔ ကစားၾကမည္ျဖစ္သည္။
ထို႔အျပင္ အလယ္တန္းကစားသမားအျဖစ္ ရန္နိုင္ဦး၊ ေနမိုးနိုင္၊ လြင္မိုးေအာင္၊ ေဝလင္းေအာင္၊ ဟိန္းထက္ေအာင္၊ ေဇာ္ဝင္းသိန္း၊ ေမာင္ေမာင္လြင္၊ ဥကၠာနိုင္၊ ဆြမ္လန္မန္ႏွင့္ ေရွ႕တန္းသမားမ်ားအျဖစ္ ဝင္းနိုင္ထြန္း၊ ေအာင္ေကာင္းမာန္တို႔ ကစားၾကမည္ျဖစ္သည္။
ေျမာက္ကိုရီးယားႏွင့္ ျမန္မာပြဲစဥ္အား ႐ုပ္သံ ရိုက္ကူးထုတ္လႊင့္နိုင္ျခင္း မရွိေၾကာင္း ႏွင့္ Live Stream ျပသနိုင္ျခင္းမရွိေၾကာင္း ျမန္မာနိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္က ယမန္ေန႔က အသိေပးထားသည္။
ထို႔အျပင္ ကြင္းအတြင္း ပရိတ္ၾကည့္ရႈခြင့္ကိုလည္း ပိတ္ပင္ထားၿပီး တံခါးပိတ္ပြဲအျဖစ္ျပဳလုပ္သြားမည္ဟု လာအိုေဘာလုံးအဖြဲ႕ခ်ဳပ္၏ သတင္းထုတ္ျပန္ထားမႈ႔အေပၚ The Laotian Times က သတင္းေဖာ္ျပထားသည္။
ေျမာက္ကိုရီးယားအသင္းသည္ ၎တို႔၏အိမ္ကြင္းပြဲစဥ္အား လာအိုနိုင္ငံ၊ ဗီယန္က်င္းၿမိဳ႕,၊ လာအိုအမ်ိဳးသားေဘာလုံးကြင္းအတြင္း ၾကားကြင္းအျဖစ္ လာေရာက္ယွဥ္ၿပိဳင္ခဲ့ၾကျခင္းျဖစ္သည္။

=========

မြောက်ကိုရီးယား-မြန်မာပွဲစဉ် မြန်မာရှုံးနိမ့်

၂၀၂၆ ကမ္ဘာဖလားဝင်ရောက်ခွင့် အာရှဇုန်အဆင့် ဒုတိယအကျော့ပြိုင်ပွဲအား ယမန်နေ့ ဇွန်(၁၁)ရက် ည (၇)နာရီ ခွဲအချိန်၌ မြောက်ကိုရီးယားနှင့် မြန်မာအသင်းတို့ယှဉ်ပြိုင်ကစားကြရာ မြောက်ကိုရီးယားအသင်းက(၄)ဂိုးသွင်းယူ၍ အနိုင်ရရှိခဲ့သည်။
မြန်မာအသင်းဘက်မှ ပြန်လည်ချေပဂိုးတစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ချေပဂိုးအား အလယ်တန်းကစားသမား ဝေလင်းအောင်က သွင်းယူခဲ့ခြင်းဖြစ်သည်။
ပွဲထွက် လူစာရင်းတွင် ဂိုးသမားအဖြစ် ဆန်းဆက်နိုင်၊ ကျော်ဇင်ဖြိုး၊ ဇင်ညီညီအောင်၊ နောက်တန်းကစားသမား ဒေးဗစ်ထန်း၊ ဟိန်းဖြိုးဝင်း၊ငြိမ်းချမ်း၊ စိုးမိုးကျော်၊ လတ်ဝေဘုန်း၊ သက်ဟိန်းစိုး၊ ဇွဲခန့်မင်း၊ ကျော်မင်းဦး၊ သီဟထက်အောင်တို့ ကစားကြမည်ဖြစ်သည်။
ထို့အပြင် အလယ်တန်းကစားသမားအဖြစ် ရန်နိုင်ဦး၊ နေမိုးနိုင်၊ လွင်မိုးအောင်၊ ဝေလင်းအောင်၊ ဟိန်းထက်အောင်၊ ဇော်ဝင်းသိန်း၊ မောင်မောင်လွင်၊ ဥက္ကာနိုင်၊ ဆွမ်လန်မန်နှင့် ရှေ့တန်းသမားများအဖြစ် ဝင်းနိုင်ထွန်း၊ အောင်ကောင်းမာန်တို့ ကစားကြမည်ဖြစ်သည်။
မြောက်ကိုရီးယားနှင့် မြန်မာပွဲစဉ်အား ရုပ်သံ ရိုက်ကူးထုတ်လွှင့်နိုင်ခြင်း မရှိကြောင်း နှင့် Live Stream ပြသနိုင်ခြင်းမရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ယမန်နေ့က အသိပေးထားသည်။
ထို့အပြင် ကွင်းအတွင်း ပရိတ်ကြည့်ရှုခွင့်ကိုလည်း ပိတ်ပင်ထားပြီး တံခါးပိတ်ပွဲအဖြစ်ပြုလုပ်သွားမည်ဟု လာအိုဘောလုံးအဖွဲ့ချုပ်၏ သတင်းထုတ်ပြန်ထားမှု့အပေါ် The Laotian Times က သတင်းဖော်ပြထားသည်။
မြောက်ကိုရီးယားအသင်းသည် ၎င်းတို့၏အိမ်ကွင်းပွဲစဉ်အား လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့,၊ လာအိုအမျိုးသားဘောလုံးကွင်းအတွင်း ကြားကွင်းအဖြစ် လာရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။