တ႐ုတ္ အစိုးရက ျမန္မာကို ကင္းလွည့္ေရယာဥ္ (၆)စီးေထာက္ပံ့ေပးအပ္

၂၀၁၈ ခုႏွစ္ က အဆိုျပဳထားၿပီး ၂၀၂၀ ခုႏွစ္ သမၼတ ရွီက်င့္ဖ်င္ခရီးစဥ္၌ အတည္ျပဳလက္မွတ္ေရးထိုးထားသည့္ အစီအစဥ္အရ တ႐ုတ္အစိုးရက ျမန္မာနိုင္ငံအား ကင္းလွည့္ေရယာဥ္ (၆) စီး ေထာက္ပံ့ေပးအပ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ ကင္းလွည့္ေရယာဥ္ (၆)စီးကို ယေန႔ဇြန္လ (၁၁)ရက္ က ရန္ကုန္ၿမိဳ႕တြင္ လႊဲေျပာင္းေပးအပ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
၂၀၁၈ ခုႏွစ္ ဇြန္လက ျမန္မာနိုင္ငံ အစိုးရမွ တ႐ုတ္နိုင္ငံထံ သို႔ တရားဝင္ အဆိုျပဳထားသည့္အတြက္ ယခုကဲ့သို႔ ေထာက္ပံ့ေပးအပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုလႊဲေျပာင္းမႈကို ႏွစ္ဦးႏွစ္ဖက္က ၂ဝ၂၀ ျပည့္ႏွစ္ သမၼတ ရွီက်င့္ဖ်င္၏ ျမန္မာနိုင္ငံခရီးစဥ္အတြင္း အဆိုပါစီမံကိန္း၏ လဲလွယ္မႈစာလႊာအျဖစ္လည္း လက္မွတ္ေရးထိုးခဲ့ျခင္းလည္းျဖစ္သည္။
အဆိုပါ ကင္းလွည့္ေရယာဥ္မ်ားကို ျမန္မာနိုင္ငံ၏ ေရေၾကာင္းပို႔ေဆာင္မႈ ေဘးကင္းေရး၊ ေရေပၚရွာေဖြကယ္ဆယ္ေရးႏွင့္ ေရအရင္းအျမစ္ကာကြယ္ အသုံးခ်မႈ လုပ္ငန္းမ်ားကို ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

========

တရုတ် အစိုးရက မြန်မာကို ကင်းလှည့်ရေယာဥ် (၆)စီးထောက်ပံ့ပေးအပ်

၂၀၁၈ ခုနှစ် က အဆိုပြုထားပြီး ၂၀၂၀ ခုနှစ် သမ္မတ ရှီကျင့်ဖျင်ခရီးစဉ်၌ အတည်ပြုလက်မှတ်ရေးထိုးထားသည့် အစီအစဉ်အရ တရုတ်အစိုးရက မြန်မာနိုင်ငံအား ကင်းလှည့်ရေယာဥ် (၆) စီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကင်းလှည့်ရေယာဉ် (၆)စီးကို ယနေ့ဇွန်လ (၁၁)ရက် က ရန်ကုန်မြို့တွင် လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
၂၀၁၈ ခုနှစ် ဇွန်လက မြန်မာနိုင်ငံ အစိုးရမှ တရုတ်နိုင်ငံထံ သို့ တရားဝင် အဆိုပြုထားသည့်အတွက် ယခုကဲ့သို့ ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုလွှဲပြောင်းမှုကို နှစ်ဦးနှစ်ဖက်က ၂ဝ၂၀ ပြည့်နှစ် သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း အဆိုပါစီမံကိန်း၏ လဲလှယ်မှုစာလွှာအဖြစ်လည်း လက်မှတ်ရေးထိုးခဲ့ခြင်းလည်းဖြစ်သည်။
အဆိုပါ ကင်းလှည့်ရေယာဉ်များကို မြန်မာနိုင်ငံ၏ ရေကြောင်းပို့ဆောင်မှု ဘေးကင်းရေး၊ ရေပေါ်ရှာဖွေကယ်ဆယ်ရေးနှင့် ရေအရင်းအမြစ်ကာကွယ် အသုံးချမှု လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။