ကလပ္ကမၻာ့ဖလားႏွင့္ပတ္သက္ၿပီး ရီးရဲလ္ ေၾကညာ

လာမယ့္(၂၀၂၅) ကလပ္ကမၻာ့ဖလားၿပိဳင္ပြဲမွာ ပါဝင္ဖြယ္မရွိဘူးဆိုတဲ့ သတင္းေတြ ထြက္ေပၚလာခဲ့ၿပီးေနာက္ ရီးရဲလ္မက္ဒရစ္အသင္းက ကလပ္ကမၻာ့ဖလားၿပိဳင္ပြဲမွာ ပါဝင္ဖို႔အတြက္ ဆႏၵရွိတယ္လို႔ ဇြန္လ(၁၀)ရက္က တရားဝင္ ေၾကညာခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္နည္းၿပ အန္ဆေလာ့တီက လာမယ့္ ကလပ္ကမၻာ့ဖလားၿပိဳင္ပြဲမွာ ပါဝင္ဖြယ္မရွိတဲ့ ပုံစံမ်ိဳးေျပာခဲ့ၿပီးေနာက္ ခ်က္ခ်င္းဆိုသလိုပဲ သတင္းေတြ ထြက္ေပၚလာခဲ့တာေၾကာင့္ ရီးရဲလ္ မက္ဒရစ္အသင္းဘက္က အခုလိုမ်ိဳး ေၾကညာခဲ့ရတာပါ။
ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ လာမယ့္ကလပ္ ကမၻာ့ဖလားၿပိဳင္ပြဲကို စီစဥ္ထားတဲ့အတိုင္း ပါဝင္ယွဥ္ၿပိဳင္သြားမွာ ျဖစ္ၿပီး ေအာင္ျမင္မႈရရွိေအာင္ ကစားသြားမွာျဖစ္တယ္လို႔ ကလပ္အသင္းဘက္က ထုတ္ျပန္ခဲ့ပါတယ္။ (၂၀၂၅) ကလပ္ကမၻာ့ဖလာ ၿပိဳင္ပြဲဟာ အရင္က တိုက္ႀကီး(၇)တိုက္ရဲ့ခ်န္ပီယံ အသင္း(၇)သင္းပဲ ပါဝင္ယွဥ္ၿပိဳင္ခဲ့တာ ျဖစ္ေပမယ့္ အခုအခ်ိန္မွာ အသင္းေပါင္း (၃၂)သင္းအထိ ျဖစ္လာတာေၾကာင့္ ကစားရမယ့္ပြဲစဥ္ေတြ မ်ားျပားလာ တဲ့အတြက္ ေဝဖန္မႈေတြနဲ႔လည္း ၾကဳံေတြ႕ေနရပါတယ္။

 

===========

ကလပ်ကမ္ဘာ့ဖလားနှင့်ပတ်သက်ပြီး ရီးရဲလ် ကြေညာ

————–

လာမယ့်(၂၀၂၅) ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ဖွယ်မရှိဘူးဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ဖို့အတွက် ဆန္ဒရှိတယ်လို့ ဇွန်လ(၁၀)ရက်က တရားဝင် ကြေညာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆလော့တီက လာမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ဖွယ်မရှိတဲ့ ပုံစံမျိုးပြောခဲ့ပြီးနောက် ချက်ချင်းဆိုသလိုပဲ သတင်းတွေ ထွက်ပေါ်လာခဲ့တာကြောင့် ရီးရဲလ် မက်ဒရစ်အသင်းဘက်က အခုလိုမျိုး ကြေညာခဲ့ရတာပါ။
ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ လာမယ့်ကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို စီစဉ်ထားတဲ့အတိုင်း ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပြီး အောင်မြင်မှုရရှိအောင် ကစားသွားမှာဖြစ်တယ်လို့ ကလပ်အသင်းဘက်က ထုတ်ပြန်ခဲ့ပါတယ်။ (၂၀၂၅) ကလပ်ကမ္ဘာ့ဖလာ ပြိုင်ပွဲဟာ အရင်က တိုက်ကြီး(၇)တိုက်ရဲ့ချန်ပီယံ အသင်း(၇)သင်းပဲ ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပေမယ့် အခုအချိန်မှာ အသင်းပေါင်း (၃၂)သင်းအထိ ဖြစ်လာတာကြောင့် ကစားရမယ့်ပွဲစဉ်တွေ များပြားလာ တဲ့အတွက် ဝေဖန်မှုတွေနဲ့လည်း ကြုံတွေ့နေရပါတယ်။