ျပင္သစ္အိုးပင္းခ်န္ပီယံဆုကို ဆြီယာတက္ခ္ ၃ ႏွစ္ဆက္သိမ္းပိုက္

ကမၻာ့အဆင့္ ၁ ပိုလန္တင္းနစ္မယ္ ဆြီယာတက္ခ္ဟာ အခုႏွစ္ျပင္သစ္အိုးပင္းတင္းနစ္ အမ်ိဳးသမီး တစ္ဦးခ်င္းပြဲမွာ အနိုင္ရခဲ့ၿပီးေနာက္ ခ်န္ပီယံဆုကို ၃ ႏွစ္ဆက္ သိမ္းပိုက္သြားခဲ့ပါတယ္။ဗိုလ္လုပြဲမွာ ဆြီယာတက္ခ္နဲ႔ အီတလီတင္းနစ္မယ္ ပါအိုလီနီတို႔ဆုံေတြ႕ခဲ့တာျဖစ္ၿပီး ဆြီယာတက္ခ္အတြက္ သက္ေသာင့္သက္သာ ရွိတဲ့ ဗိုလ္လုပြဲတစ္ပြဲျဖစ္ခဲ့ပါတယ္။ပါအိုလီနီကလည္း အေကာင္းဆုံးႀကိဳးစားခဲ့ေပမယ့္ပြဲအၿပီးမွာ ဆြီယာတက္ခ္က (၆:၂ ၊၆:၁)ဆိုတဲ့ရလဒ္နဲ႔ အနိုင္ရခဲ့ၿပီး ခ်န္ပီယံဆုကိုရယူသြားခဲ့တာျဖစ္ပါတယ္။ ဆြီယာတက္ခ္အတြက္ေတာ့ အခုခ်န္ပီယံဆုက ၄ႀကိမ္ေျမာက္ ျပင္သစ္အိုးပင္းခ်န္ပီယံဆု ျဖစ္သလို ၅ ခုေျမာက္ဂရင္းစလမ္ခ်န္ပီယံဆုလည္းျဖစ္ခဲ့ပါတယ္။

======

ပြင်သစ်အိုးပင်းချန်ပီယံဆုကို ဆွီယာတက်ခ် ၃ နှစ်ဆက်သိမ်းပိုက်

ကမ္ဘာ့အဆင့် ၁ ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ်ဟာ အခုနှစ်ပြင်သစ်အိုးပင်းတင်းနစ် အမျိုးသမီး တစ်ဦးချင်းပွဲမှာ အနိုင်ရခဲ့ပြီးနောက် ချန်ပီယံဆုကို ၃ နှစ်ဆက် သိမ်းပိုက်သွားခဲ့ပါတယ်။ဗိုလ်လုပွဲမှာ ဆွီယာတက်ခ်နဲ့ အီတလီတင်းနစ်မယ် ပါအိုလီနီတို့ဆုံတွေ့ခဲ့တာဖြစ်ပြီး ဆွီယာတက်ခ်အတွက် သက်သောင့်သက်သာ ရှိတဲ့ ဗိုလ်လုပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ပါအိုလီနီကလည်း အကောင်းဆုံးကြိုးစားခဲ့ပေမယ့်ပွဲအပြီးမှာ ဆွီယာတက်ခ်က (၆:၂ ၊၆:၁)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံဆုကိုရယူသွားခဲ့တာဖြစ်ပါတယ်။ ဆွီယာတက်ခ်အတွက်တော့ အခုချန်ပီယံဆုက ၄ကြိမ်မြောက် ပြင်သစ်အိုးပင်းချန်ပီယံဆု ဖြစ်သလို ၅ ခုမြောက်ဂရင်းစလမ်ချန်ပီယံဆုလည်းဖြစ်ခဲ့ပါတယ်။