လာမည့္ ၂၀၂၄-၂၀၂၅ ေဘာလုံးရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲတြင္ VAR စနစ္ဆက္လက္ အသုံးျပဳမည္

လာမည့္ ၂၀၂၄-၂၀၂၅ ေဘာလုံးရာသီ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲတြင္လည္း ဗီဒီယိုအကူဒိုင္စနစ္ (VAR) ကို ဆက္လက္အသုံးျပဳမည္ျဖစ္ေၾကာင္း ပရီးမီးယားလိဂ္ ေဘာလုံးအဖြဲ႕ခ်ဳပ္က အတည္ျပဳခဲ့သည္။

ၿပီးခဲ့သည့္ ၂၀၂၃-၂၀၂၄ ေဘာလုံးရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲတြင္ VAR စနစ္ႏွင့္ ပတ္သက္ၿပီး အျငင္းပြားဖြယ္ ဆုံးျဖတ္ခ်က္မ်ားရွိခဲ့ကာ အဓိကအားျဖင့္ လူကၽြံေဘာ သတ္မွတ္သည့္ေနရာမ်ားတြင္ အျငင္းပြားဖြယ္ ဆုံးျဖတ္ခ်က္ အမ်ားအျပား ရွိလာခဲ့သည့္အျပင္ မလိုလားအပ္ဘဲ ပြဲခ်ိန္ၾကန႔္ၾကာမႈမ်ား ရွိလာခဲ့သည့္ အတြက္ ဝုဗ္အသင္းက ဦးေဆာင္ၿပီး လာမည့္ေဘာလုံးရာသီတြင္ VAR စနစ္ကို ဖ်က္သိမ္းေရးအတြက္ ေတာင္းဆိုမႈမ်ား ရွိလာခဲ့ျခင္းျဖစ္သည္။

VAR စနစ္ဖ်က္သိမ္းေရးႏွင့္ ပတ္သက္ၿပီး ပရီးမီးယားလိဂ္ ေဘာလုံးအဖြဲ႕ခ်ဳပ္က ၿပိဳင္ပြဲဝင္အသင္း ၂၀ ထံမွ ဆႏၵမဲေကာက္ယူခဲ့ရာတြင္ ဝုဗ္အသင္း တစ္သင္းတည္းသာ မေထာက္ခံခဲ့ဘဲ က်န္အသင္း ၁၉ သင္းက VAR စနစ္ကို စည္းကမ္းခ်က္တခ်ိဳ႕အား ျပန္လည္ျပင္ဆင္ၿပီး ဆက္လက္က်င့္သုံးရန္ ေထာက္ခံမႈျပဳလုပ္ခဲ့သည့္ အတြက္ VAR စနစ္ကို လာမည့္ေဘာလုံးရာသီတြင္ ဆက္လက္က်င့္သုံးရန္ ပရီးမီးယားလိဂ္ ေဘာလုံးအဖြဲ႕ခ်ဳပ္က အတည္ျပဳခဲ့ျခင္း ျဖစ္သည္။

ပရီးမီးယားလိဂ္ေဘာလုံး အဖြဲ႕ခ်ဳပ္၏ စည္းမ်ဥ္းမ်ား အရ VAR စနစ္ကို ဖ်က္သိမ္းလိုပါက ၿပိဳင္ပြဲဝင္အသင္း ၂၀ မွ အသင္း ၁၄ သင္းက ကန႔္ကြက္ခဲ့ပါက ဖ်က္သိမ္းနိုင္မည္ျဖစ္ၿပီး လက္ရွိတြင္ ဝုဗ္အသင္း တစ္သင္းတည္းကသာ ကန႔္ကြက္ခဲ့ကာ က်န္ ၁၉ သင္းက ေထာက္ခံမႈျပဳလုပ္ခဲ့သည့္အတြက္ VAR စနစ္ကို ဆက္လက္က်င့္သုံးရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္သည္။

ၿပီးခဲ့သည့္ ေဘာလုံးရာသီက VAR စနစ္ႏွင့္ ပတ္သက္ၿပီး ေဝဖန္မႈမ်ားစြာရွိခဲ့ေသာ္လည္း ၁၀၅ ႀကိမ္မွန္ကန္မႈရွိခဲ့ကာ ငါးႀကိမ္သာ မွားယြင္းမႈျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

=========

လာမည့် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် VAR စနစ်ဆက်လက် အသုံးပြုမည်

လာမည့် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင်လည်း ဗီဒီယိုအကူဒိုင်စနစ် (VAR) ကို ဆက်လက်အသုံးပြုမည်ဖြစ်ကြောင်း ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်က အတည်ပြုခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် VAR စနစ်နှင့် ပတ်သက်ပြီး အငြင်းပွားဖွယ် ဆုံးဖြတ်ချက်များရှိခဲ့ကာ အဓိကအားဖြင့် လူကျွံဘော သတ်မှတ်သည့်နေရာများတွင် အငြင်းပွားဖွယ် ဆုံးဖြတ်ချက် အများအပြား ရှိလာခဲ့သည့်အပြင် မလိုလားအပ်ဘဲ ပွဲချိန်ကြန့်ကြာမှုများ ရှိလာခဲ့သည့် အတွက် ဝုဗ်အသင်းက ဦးဆောင်ပြီး လာမည့်ဘောလုံးရာသီတွင် VAR စနစ်ကို ဖျက်သိမ်းရေးအတွက် တောင်းဆိုမှုများ ရှိလာခဲ့ခြင်းဖြစ်သည်။

VAR စနစ်ဖျက်သိမ်းရေးနှင့် ပတ်သက်ပြီး ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်က ပြိုင်ပွဲဝင်အသင်း ၂၀ ထံမှ ဆန္ဒမဲကောက်ယူခဲ့ရာတွင် ဝုဗ်အသင်း တစ်သင်းတည်းသာ မထောက်ခံခဲ့ဘဲ ကျန်အသင်း ၁၉ သင်းက VAR စနစ်ကို စည်းကမ်းချက်တချို့အား ပြန်လည်ပြင်ဆင်ပြီး ဆက်လက်ကျင့်သုံးရန် ထောက်ခံမှုပြုလုပ်ခဲ့သည့် အတွက် VAR စနစ်ကို လာမည့်ဘောလုံးရာသီတွင် ဆက်လက်ကျင့်သုံးရန် ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ပရီးမီးယားလိဂ်ဘောလုံး အဖွဲ့ချုပ်၏ စည်းမျဉ်းများ အရ VAR စနစ်ကို ဖျက်သိမ်းလိုပါက ပြိုင်ပွဲဝင်အသင်း ၂၀ မှ အသင်း ၁၄ သင်းက ကန့်ကွက်ခဲ့ပါက ဖျက်သိမ်းနိုင်မည်ဖြစ်ပြီး လက်ရှိတွင် ဝုဗ်အသင်း တစ်သင်းတည်းကသာ ကန့်ကွက်ခဲ့ကာ ကျန် ၁၉ သင်းက ထောက်ခံမှုပြုလုပ်ခဲ့သည့်အတွက် VAR စနစ်ကို ဆက်လက်ကျင့်သုံးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဘောလုံးရာသီက VAR စနစ်နှင့် ပတ်သက်ပြီး ဝေဖန်မှုများစွာရှိခဲ့သော်လည်း ၁၀၅ ကြိမ်မှန်ကန်မှုရှိခဲ့ကာ ငါးကြိမ်သာ မှားယွင်းမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။