ကစားသမားမ်ား၏ကန္တင္းတြင္ ဝန္ထမ္းမ်ားကို စားေသာက္ခြင့္ပိတ္ပင္ရန္ မန္ယူအသင္း စီစဥ္

မန္ယူအသင္းရွယ္ယာ (၂၅) ရာခိုင္ႏႈန္းပိုင္ရွင္ ဆာဂ်င္ရက္ကလစ္ဖ္သည္ အသင္း၏ေလ့က်င့္ေရးကြင္း ကာရင္တန္ရွိ ကစားသမားမ်ား စားေသာက္ေလ့ရွိသည့္ ကန္တင္းတြင္ ဝန္ထမ္းမ်ားကို စားေသာက္ခြင့္ပိတ္ပင္ရန္ စီစဥ္ေနေၾကာင္း Daily Mail က ေဖာ္ျပခဲ့သည္။

ရက္ကလစ္ဖ္သည္ လာမည့္ရာသီသစ္အတြက္ ေအာက္ေျခမွစၿပီး အေျပာင္းအလဲမ်ား ျပဳလုပ္ေနၿပီး ယခုအခါ ကစားသမားမ်ားကို ဝန္ထမ္းမ်ားႏွင့္ ခြဲျခားထားရန္ စီစဥ္လာျခင္းျဖစ္သည္။

ပရီးမီးယားလိဂ္ကလပ္အသင္းမ်ားတြင္ ကစားသမားမ်ားအေနျဖင့္ အသင္း၏ေလ့က်င့္ေရးကြင္းရွိ ကန္တင္းတြင္ ဝန္ထမ္းမ်ားႏွင့္ စားေသာက္ေလ့ရွိေၾကာင္း သိရွိရသည္။

သို႔ေသာ္ ယခုအခါ မန္ယူအသင္းအေနျဖင့္ အသင္းဝန္ထမ္းမ်ားကို ကစားသမားမ်ား၏ ကန္တင္းတြင္ စားေသာက္ခြင့္ ပိတ္ပင္ဖြယ္ရွိေနရာ မန္ယူကစားသမားမ်ားမွာ ပိုအထီးက်န္လာမည္ဟု ေဝဖန္သူမ်ားက သုံးသပ္ခဲ့ၾကသည္။

ရက္ကလစ္ဖ္အေနျဖင့္ ယခုကဲ့သို႔ စီစဥ္ျခင္းမွာ ကစားသမားမ်ား ေဘာလုံးအေပၚ ပိုမိုအာ႐ုံစိုက္နိုင္ရန္ ရည္ရြယ္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

သို႔ေသာ္ မန္ယူအသင္းဂႏၴဝင္နည္းျပႀကီး ဖာဂူဆန္လက္ထက္တြင္ အသင္း၏ေလ့က်င့္ေရးကြင္းတြင္ လုပ္ကိုင္သည့္ ဝန္ထမ္းမ်ားအားလုံးကို အသင္းကစားသမားမ်ားႏွင့္ ေပ်ာ္ေပ်ာ္ပါးပါး စားေသာက္ခြင့္ျပဳခဲ့သည့္ အစဥ္အလာမွာ ရက္ကလစ္ဖ္လက္ထက္တြင္ ပ်က္ဖြယ္ရွိေၾကာင္း သိရသည္။

========

ကစားသမားများ၏ကန်တင်းတွင် ဝန်ထမ်းများကို စားသောက်ခွင့်ပိတ်ပင်ရန် မန်ယူအသင်း စီစဉ်
**************

မန်ယူအသင်းရှယ်ယာ (၂၅) ရာခိုင်နှုန်းပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်သည် အသင်း၏လေ့ကျင့်ရေးကွင်း ကာရင်တန်ရှိ ကစားသမားများ စားသောက်လေ့ရှိသည့် ကန်တင်းတွင် ဝန်ထမ်းများကို စားသောက်ခွင့်ပိတ်ပင်ရန် စီစဉ်နေကြောင်း Daily Mail က ဖော်ပြခဲ့သည်။

ရက်ကလစ်ဖ်သည် လာမည့်ရာသီသစ်အတွက် အောက်ခြေမှစပြီး အပြောင်းအလဲများ ပြုလုပ်နေပြီး ယခုအခါ ကစားသမားများကို ဝန်ထမ်းများနှင့် ခွဲခြားထားရန် စီစဉ်လာခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်ကလပ်အသင်းများတွင် ကစားသမားများအနေဖြင့် အသင်း၏လေ့ကျင့်ရေးကွင်းရှိ ကန်တင်းတွင် ဝန်ထမ်းများနှင့် စားသောက်လေ့ရှိကြောင်း သိရှိရသည်။

သို့သော် ယခုအခါ မန်ယူအသင်းအနေဖြင့် အသင်းဝန်ထမ်းများကို ကစားသမားများ၏ ကန်တင်းတွင် စားသောက်ခွင့် ပိတ်ပင်ဖွယ်ရှိနေရာ မန်ယူကစားသမားများမှာ ပိုအထီးကျန်လာမည်ဟု ဝေဖန်သူများက သုံးသပ်ခဲ့ကြသည်။

ရက်ကလစ်ဖ်အနေဖြင့် ယခုကဲ့သို့ စီစဉ်ခြင်းမှာ ကစားသမားများ ဘောလုံးအပေါ် ပိုမိုအာရုံစိုက်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

သို့သော် မန်ယူအသင်းဂန္ထဝင်နည်းပြကြီး ဖာဂူဆန်လက်ထက်တွင် အသင်း၏လေ့ကျင့်ရေးကွင်းတွင် လုပ်ကိုင်သည့် ဝန်ထမ်းများအားလုံးကို အသင်းကစားသမားများနှင့် ပျော်ပျော်ပါးပါး စားသောက်ခွင့်ပြုခဲ့သည့် အစဉ်အလာမှာ ရက်ကလစ်ဖ်လက်ထက်တွင် ပျက်ဖွယ်ရှိကြောင်း သိရသည်။