လက္နက္ကုမၸဏီႏွင့္ စပြန္ဆာစာခ်ဳပ္ ခ်ဳပ္ဆို၍ ေဒါ့မြန္ပရိသတ္မ်ား ဆႏၵျပ

ေဒါ့မြန္အသင္း၏ ပရိသတ္မ်ားသည္ လက္နက္ထုတ္လုပ္သည့္ကုမၸဏီႏွင့္ စပြန္ဆာစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့သည့္အတြက္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္ အသင္းအား ဆႏၵျပကန႔္ကြက္မႈ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ေဒါ့မြန္အသင္းသည္ ဂ်ာမနီအေျခစိုက္ လက္နက္ထုတ္လုပ္သည့္ Rheinmetall ကုမၸဏီႏွင့္ ၿပီးခဲ့သည့္ရက္ပိုင္းအတြင္းတြင္ (၃)ႏွစ္သက္တမ္းရွိ စပြန္ဆာစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ျခင္းျဖစ္ၿပီး ေၾကာ္ျငာဘုတ္မ်ား၊ အခမ္းအနားမ်ား၊ ကြင္းတြင္းကြင္းျပင္ ဝန္ေဆာင္မႈအစီအစဥ္မ်ားတြင္ ယင္းအမွတ္တံဆိပ္ကို ေဖာ္ျပေပးရမည္ျဖစ္ေၾကာင္း သိရသည္။

ယင္းကုမၸဏီသည္ ဥေရာပတြင္ အႀကီးမားဆုံး လက္နက္ထုတ္လုပ္သည့္ကုမၸဏီျဖစ္ၿပီး ေဒါ့မြန္ပရိသတ္မ်ားက ေဘာလုံးကို အသုံးခ်ကာ ၎တို႔၏ပုံရိပ္ကို သန႔္စင္ေအာင္ျပဳလုပ္ျခင္းဟု ယူဆသည့္အတြက္ ဝင္ဘေလကြင္းအတြင္း စာတန္းမ်ားကိုင္ေဆာင္ကာ ဆႏၵျပခဲ့ၾကျခင္းျဖစ္သည္။

ဂ်ာမန္-အဂၤလိပ္ ႏွစ္ဘာသာျဖင့္ ေရးသားထားသည့္ အဆိုပါစာတန္းမ်ား၏ အဓိပၸာယ္မွာ ”Rheinmetall၊ ေဘာလုံးကို အသုံးခ်ၿပီး သန႔္စင္တဲ့ပုံရိပ္ျဖစ္ေအာင္ ဖန္တီးေနတာလား။ ေဒါ့မြန္အသင္းကို Sportswashing ကေန ကာကြယ္ဖို႔က ငါတို႔ရဲ့တာဝန္ပဲ”ဟူ၍ျဖစ္ေၾကာင္း သိရသည္။

========

လက်နက်ကုမ္ပဏီနှင့် စပွန်ဆာစာချုပ် ချုပ်ဆို၍ ဒေါ့မွန်ပရိသတ်များ ဆန္ဒပြ

ဒေါ့မွန်အသင်း၏ ပရိသတ်များသည် လက်နက်ထုတ်လုပ်သည့်ကုမ္ပဏီနှင့် စပွန်ဆာစာချုပ် ချုပ်ဆိုခဲ့သည့်အတွက် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အသင်းအား ဆန္ဒပြကန့်ကွက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေါ့မွန်အသင်းသည် ဂျာမနီအခြေစိုက် လက်နက်ထုတ်လုပ်သည့် Rheinmetall ကုမ္ပဏီနှင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းတွင် (၃)နှစ်သက်တမ်းရှိ စပွန်ဆာစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ကြော်ငြာဘုတ်များ၊ အခမ်းအနားများ၊ ကွင်းတွင်းကွင်းပြင် ဝန်ဆောင်မှုအစီအစဉ်များတွင် ယင်းအမှတ်တံဆိပ်ကို ဖော်ပြပေးရမည်ဖြစ်ကြောင်း သိရသည်။

ယင်းကုမ္ပဏီသည် ဥရောပတွင် အကြီးမားဆုံး လက်နက်ထုတ်လုပ်သည့်ကုမ္ပဏီဖြစ်ပြီး ဒေါ့မွန်ပရိသတ်များက ဘောလုံးကို အသုံးချကာ ၎င်းတို့၏ပုံရိပ်ကို သန့်စင်အောင်ပြုလုပ်ခြင်းဟု ယူဆသည့်အတွက် ဝင်ဘလေကွင်းအတွင်း စာတန်းများကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ဂျာမန်-အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားထားသည့် အဆိုပါစာတန်းများ၏ အဓိပ္ပာယ်မှာ ”Rheinmetall၊ ဘောလုံးကို အသုံးချပြီး သန့်စင်တဲ့ပုံရိပ်ဖြစ်အောင် ဖန်တီးနေတာလား။ ဒေါ့မွန်အသင်းကို Sportswashing ကနေ ကာကွယ်ဖို့က ငါတို့ရဲ့တာဝန်ပဲ”ဟူ၍ဖြစ်ကြောင်း သိရသည်။