ေဒါ့မြန္ကိုအနိုင္ယူၿပီး ခ်န္ပီယံလိဂ္ဆုဖလားကို ရီးရဲလ္မက္ဒရစ္ ၁၅ႀကိမ္ေျမာက္ ရရွိ

ရီးရဲလ္မက္ဒရစ္အသင္းဟာ စေနညက ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ေဒါ့မြန္အသင္းကို အနိုင္ရၿပီးေနာက္ အသင္းသမိုင္းတစ္ေလၽွာက္ ၁၅ ႀကိမ္ေျမာက္ခ်န္ပီယံလိဂ္ဆုဖလားကို ရရွိသြားခဲ့ပါတယ္။ လန္ဒန္ၿမိဳ႕က ဝင္ဘေလကြင္းမွာ ကစားခဲ့တဲ့ ဗိုလ္လုပြဲ ပထမပိုင္းမွာ ေဒါ့မြန္အသင္းကစားပုံပိုေကာင္းခဲ့ေပမယ့္ ရီးရဲလ္အသင္းက ဒုတိယပိုင္းမွာ ဂိုးေတြသြင္းယူသြားခဲ့ၿပီး ခ်န္ပီယံဆုဖလားကို ရရွိသြားခဲ့တာျဖစ္ ပါတယ္။ ရီးရဲလ္အသင္းအတြက္ေတာ့ ထိုက္တန္တဲ့ခ်န္ပီယံဆုဖလားျဖစ္ခဲ့သလို အဂၤလန္ကြင္းလယ္လူ ဘယ္လင္ဟမ္အတြက္လည္း ရီးရဲလ္ကစားသမားဘဝ ပထမဆုံးရာသီမွာ လာလီဂါခ်န္ပီယံဆုနဲ႔ ခ်န္ပီယံလိဂ္ဆုဖလားတို႔ကို ရယူနိုင္ခဲ့တာျဖစ္ပါတယ္။ ေနာက္ၿပီး ရီးရဲလ္ကစားသမားဘဝ ေနာက္ဆုံးပြဲ အျဖစ္ပါဝင္ကစားေပးခဲ့တဲ့ တိုနီခ႐ူးစ္အတြက္လည္း ခ်န္ပီယံလိဂ္ဆုဖလား ၆ ႀကိမ္ရတဲ့ မွတ္တမ္းနဲ႔ ကစားသမားဘဝကို ႏႈတ္ဆက္ခြင့္ရသြားခဲ့တာလည္းျဖစ္ပါတယ္။

======

ဒေါ့မွန်ကိုအနိုင်ယူပြီး ချန်ပီယံလိဂ်ဆုဖလားကို ရီးရဲလ်မက်ဒရစ် ၁၅ကြိမ်မြောက် ရရှိ
**********

ရီးရဲလ်မက်ဒရစ်အသင်းဟာ စနေညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဒေါ့မွန်အသင်းကို အနိုင်ရပြီးနောက် အသင်းသမိုင်းတစ်လျှောက် ၁၅ ကြိမ်မြောက်ချန်ပီယံလိဂ်ဆုဖလားကို ရရှိသွားခဲ့ပါတယ်။ လန်ဒန်မြို့က ဝင်ဘလေကွင်းမှာ ကစားခဲ့တဲ့ ဗိုလ်လုပွဲ ပထမပိုင်းမှာ ဒေါ့မွန်အသင်းကစားပုံပိုကောင်းခဲ့ပေမယ့် ရီးရဲလ်အသင်းက ဒုတိယပိုင်းမှာ ဂိုးတွေသွင်းယူသွားခဲ့ပြီး ချန်ပီယံဆုဖလားကို ရရှိသွားခဲ့တာဖြစ် ပါတယ်။ ရီးရဲလ်အသင်းအတွက်တော့ ထိုက်တန်တဲ့ချန်ပီယံဆုဖလားဖြစ်ခဲ့သလို အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဟမ်အတွက်လည်း ရီးရဲလ်ကစားသမားဘဝ ပထမဆုံးရာသီမှာ လာလီဂါချန်ပီယံဆုနဲ့ ချန်ပီယံလိဂ်ဆုဖလားတို့ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ နောက်ပြီး ရီးရဲလ်ကစားသမားဘဝ နောက်ဆုံးပွဲ အဖြစ်ပါဝင်ကစားပေးခဲ့တဲ့ တိုနီခရူးစ်အတွက်လည်း ချန်ပီယံလိဂ်ဆုဖလား ၆ ကြိမ်ရတဲ့ မှတ်တမ်းနဲ့ ကစားသမားဘဝကို နှုတ်ဆက်ခွင့်ရသွားခဲ့တာလည်းဖြစ်ပါတယ်။