သင့္အေရျပားကို ထိခိုက္ေစေသာ အံ့ဖြယ္ အိမ္သုံးပစၥည္းငါးမ်ိဳး

ထင္မထားမိတဲ့ သာမန္အိမ္သုံးပစၥည္းေလးေတြကေန အေရျပား ထိခိုက္ယားယံမႈ၊ စပ္ဖ်ဥ္းဖ်ဥ္းျဖစ္မႈေတြ ခံစားရနိုင္တယ္ဆိုတာ သိပါရဲ့လား။
အေၾကာင္းကေတာ့ သင္က ဆိုးက်ိဳးေတြနဲ႔ ထိခိုက္ေစမႈေလးေတြကို သတိမထားမိဘဲ အဲ့ဒါေတြကို ပုံမွန္သုံးေနလို႔မိပါ။ ေအာက္ကစာရင္းကိုၾကည့္မိရင္ လန႔္သြားမွာအေသအခ်ာပါပဲ။
သန႔္စင္ ပစၥည္း၊ ဆပ္ျပာ
ေခတ္မီလာတဲ့ ဒီကာလႀကီးမွာ ေရာဂါပိုးမႊားေတြကို ေၾကာက္တတ္လာေၾကာင့္ အျမဲသန႔္ရွင္းေနခ်င္ၾကမွာပါ။ ဒီအခါ အေရျပားကို လိုတာထက္ပိုၿပီး ေဆးေၾကာမႈေတြ ျဖစ္လာပါေတာ့တယ္။ လိုတာထက္ပိုၿပီး ေဆးေၾကာမိတဲ့အခါ အေရျပားစိုစြတ္မႈကို ထိန္းေပးၿပီး ကာကြယ္ေပးထားတဲ့ အဆီေတြကို ဖယ္ပစ္လိုက္ပါေတာ့တယ္။ ထိုအခါ အေရျပား ေျခာက္ေသြ႕၊ယားယံျခင္းေတြ ျဖစ္လာေတာ့တယ္။ ထို အေျခအေနကို အျမန္မကုသဘူးဆိုရင္ အေရျပား အက္ကြဲျခင္းေတြ၊ ေသြးထြက္ျခင္းေတြပါ ျဖစ္လာနိုင္ပါတယ္။ ဒါ့အျပင္ ဓာတုပစၥည္းေတြ၊ အေမႊးနံ့ေတြပါတဲ့ သန႔္စင္ပစၥည္းေတြ ဆပ္ျပာေတြကလည္း သင့္အေရျပားကို ထိခိုက္ ယားယံေစပါတယ္။ Triclosan နဲ႔ ethyl alcohol ပါဝင္ပစၥည္းေတြဟာ သင့္အေရျပားကို ဓာတ္မတည့္ျခင္းေတြေတာင္ ျဖစ္ေစနိုင္ပါတယ္။
တတ္နိုင္သေလာက္ သဘာဝပစၥည္းေတြနဲ႔ လုပ္ထားတဲ့ ဆပ္ျပာေတြ၊ သန႔္စင္ပစၥည္း အေပ်ာ့စားေတြကိုသာ သုံးၾကည့္ပါ။ ခႏၶာကိုယ္ရဲ့ တစ္ေနရာစီအတြက္ သက္ဆိုင္ရာ သန႔္စင္ပစၥည္း အသီးသီး လိုပါတယ္။ ခႏၶာကိုယ္ အတြက္သုံးတဲ့ပစၥည္းဟာ မ်က္ႏွာအတြက္ သုံးတဲ့ပစၥည္းနဲ႔ မတူပါဘူး။ သင္အသုံးျပဳေနတဲ့ ပစၥည္းေတြက သင့္အေရျပားမွာ ယားဖုေတြ အနီဖုေတြ ေပၚေစရင္ ဒါမွမဟုတ္ အေရျပားကိုပူေလာင္လာေစရင္ အဲဒီအရာေတြကို ဆက္ၿပီးမသုံးပါနဲ႔ေတာ့။ သုံးစြဲရမယ့္ ဆပ္ျပာေတြ သန႔္စင္ပစၥည္းေတြနဲ႔ ပတ္သက္ၿပီး အခက္ေတြ႕ေနတယ္ဆိုရင္ အေရျပား ဆရာဝန္နဲ႔ တိုင္ပင္နိုင္ပါတယ္။
တစ္ခါသုံးတစ္ရႉး
တစ္ခါသုံးတစ္ရႉးေတြဟာ သုံးၿပီးတဲ့အခါ ျပန္ေလၽွာ္စရာမလို၊ လႊင့္ပစ္လိုက္႐ုံမို႔ သုံးရအလြန္ကို အဆင္ေျပပါတယ္။ ဒါေပမယ့္ ဒီအရာေတြမွာလည္း အရက္ပ်ံ၊ အေမႊးရည္၊ အေရာင္ နဲ႔ တာရွည္ခံေအာင္ လုပ္ထားတဲ့ ဓာတုပစၥည္းေတြ ပါေနတုန္းပါပဲ။ ဒါေတြဟာ ယားဖုေတြနဲ႔ အင္ျပင္ေတြလို ဓာတ္မတည့္ျခင္းေတြ ျဖစ္ေစနိုင္ပါတယ္။
လက္ကိုင္ပဝါလို ဓာတုပစၥည္းမပါတဲ့ ေလၽွာ္လို႔ရတဲ့ အဝတ္ေတြကို ေျပာင္းသုံးၾကည့္သင့္ပါတယ္။ ဒါေပမယ့္ ေလၽွာ္ဖြတ္ၿပီး ေကာင္းေကာင္း အေျခာက္ခံဖို႔ေတာ့ လိုတာေပါ့။ သြားတဲ့လာတဲ့ အခါမွာေတာ့ တစ္ခါသုံးအိတ္ေတြထဲ ထည့္သယ္သြားနိုင္ပါတယ္။
လက္ဝတ္လက္စား
မ်ားေသာအားျဖင့္ နီကယ္နဲ႔ ျပဳလုပ္ထားတဲ့ လက္ဝတ္လက္စားေတြကို ဓာတ္တည့္ ျဖစ္ေလ့ရွိၾကပါတယ္။ ဇစ္၊ နာရီႀကိဳး၊ အေႂကြေစ့၊ မ်က္မွန္ကိုင္းေတြကို နီကယ္ေတြနဲ႔လုပ္တတ္ၾကတယ္။
ထိုအရာေတြနဲ႔ အထိအေတြ႕မ်ားတဲ့အခါ နီကယ္နဲ႔ ဓာတ္မတည့္မႈေတြ ျဖစ္လာနိုင္တယ္။ လကၡဏာေတြကေတာ့ ယားယံျခင္း၊ ယားဖုေတြေပၚျခင္း၊ အဖုမ်ားေပါက္ျခင္း၊ နီရဲလာျခင္း၊ အေရျပားမွာ ေျပာင္းလဲမႈေတြျဖစ္ျခင္း၊ အရည္ၾကည္ဖုေပါက္ျခင္း၊ ေျခာက္ကပ္ အက္ကြဲေသာ အကြက္မ်ားျဖစ္လာျခင္း စသည္တို႔ ျဖစ္နိုင္ပါတယ္။ တကယ္လို႔ ထိုလကၡဏာမ်ား ျဖစ္လာၿပီး ဘာေၾကာင့္ ျဖစ္ရတယ္ ဆိုတာမသိရင္ ဆရာဝန္ျပဖို႔ အႀကံေပးပါရေစ။
ကုသမႈေတြက လကၡဏာေတြကိုေလၽွာ့ခ်ဖို႔ပဲ သုံးန္ိုင္ၿပီး ဓာတ္မတည့္ျခင္းကို အရွင္းေပ်ာက္ေအာင္ မကူညီနိုင္ပါဘူး။ နီကယ္ႏွင့္ တစ္ခါ ဓာတ္မတည့္မႈ ျဖစ္ထားလၽွင္ အျမဲ ဓာတ္မတည့္ျဖစ္ေနမွာမို႔ ေရွာင္ျခင္းသာ အေကာင္းဆုံးနည္းလမ္းျဖစ္ပါလိမ့္မယ္။
ေဆးပတ္တီး
တစ္ခါတေလ ဒဏ္ရာကို ေဆးပတ္တီး စည္းတာ၊ ပလာစတာ ကပ္တာေတြကေန အေရျပားနီရဲျခင္း၊ ယားဖုေပၚျခင္း၊ ပူျခင္း၊ ေရာင္ျခင္းမ်ားျဖစ္လာတာကို ၾကဳံရတတ္ပါတယ္။ ဆိုးတဲ့ အေျခအေနေတြမွာ အရည္ၾကည္ဖု နဲ႔အဖုေတြ ေပါက္သည္ထိ ျဖစ္နိုင္တယ္။ ဒါဟာ ထိုေဆးပတ္တီးေတြမွာပါတဲ့ ေဆးပစၥည္းေတြကို ဓာတ္မတည့္တာေၾကာင့္ျဖစ္နိုင္ပါတယ္။
တကယ္လို႔ ေဆးပတ္တီးေတြနဲ႔ ဓာတ္မတည့္ဘူးထင္ရင္ ခ်က္ျခင္းဖယ္ပစ္ပါ။ ထို႔ေနာက္ ထိခိုက္ထားတဲ့ေနရာကို ေရသန႔္သန႔္နဲ႔ ေသခ်ာေဆးၿပီး ေဆးခန္းသြားသင့္ပါတယ္။ ဓာတ္မတည့္ျခင္းကို ကာကြယ္ဖို႔အတြက္ ေဆးပတ္တီးေတြကို ေရွာင္ရွားၿပီး အဝတ္နဲ႔ စကၠဴတိတ္ေတြကို အသုံးျပဳျခင္းက ပိုေဘးကင္းပါလိမ့္မယ္။
ရာဘာ
သင့္အိမ္မွာ ရွိနိုင္တဲ့ ရာဘာထုတ္ကုန္မ်ားသည္ ရာဘာနဲ႔ ျပဳလုပ္ထားတဲ့ အိမ္သုံးပစၥည္း၊ ရာဘာလက္အိတ္၊ ေရကူးမ်က္မွန္၊ ဒါမွမဟုတ္ ဖိနပ္တို႔ ျဖစ္ပါသည္။ လကၡဏာေတြက ပူမယ္၊ ယားယံမယ္၊ အင္ျပင္ေတြထမယ္။ ဒီလိုဆိုရင္ေတာ့ ဆရာဝန္ျပၿပီး ေနာက္ဆို ထိုအရာေတြနဲ႔ ထိေတြ႕ျခင္းကို ေရွာင္ရွားပါေတာ့။
လက္ေဆးဖို႔ သင္သုံးတဲ့ဆပ္ျပာ၊ ဒဏ္ရာကိုစည္းဖို႔ သင္သုံးတဲ့ေဆးပတ္တီး၊ ေနာက္ဆုံး ဖက္ရွင္က်ဖို႔ လွဖို႔ သင္ဝတ္တဲ့ လက္ဝတ္လက္စားေတြ ကေတာင္မွ သင့္အေရျပားကို ထိခိုက္ေစနိုင္တယ္။ ဒါေၾကာင့္ သတိထားၿပီး ပါဝင္ပစၥည္းေတြကို ေသခ်ာဖတ္ၾကည့္ကာ မိမိနဲ႔ဓာတ္မတည့္တဲ့အရာကို ေသခ်ာေလ့လာသင့္ပါတယ္။
Credit: ေရးသားသူ Dr.Aye Myat Myat Noe
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. K Zin Thwe
#yoyarlay

========

သင့်အရေပြားကို ထိခိုက်စေသော အံ့ဖွယ် အိမ်သုံးပစ္စည်းငါးမျိုး

ထင်မထားမိတဲ့ သာမန်အိမ်သုံးပစ္စည်းလေးတွေကနေ အရေပြား ထိခိုက်ယားယံမှု၊ စပ်ဖျဉ်းဖျဉ်းဖြစ်မှုတွေ ခံစားရနိုင်တယ်ဆိုတာ သိပါရဲ့လား။
အကြောင်းကတော့ သင်က ဆိုးကျိုးတွေနဲ့ ထိခိုက်စေမှုလေးတွေကို သတိမထားမိဘဲ အဲ့ဒါတွေကို ပုံမှန်သုံးနေလို့မိပါ။ အောက်ကစာရင်းကိုကြည့်မိရင် လန့်သွားမှာအသေအချာပါပဲ။
သန့်စင် ပစ္စည်း၊ ဆပ်ပြာ
ခေတ်မီလာတဲ့ ဒီကာလကြီးမှာ ရောဂါပိုးမွှားတွေကို ကြောက်တတ်လာကြောင့် အမြဲသန့်ရှင်းနေချင်ကြမှာပါ။ ဒီအခါ အရေပြားကို လိုတာထက်ပိုပြီး ဆေးကြောမှုတွေ ဖြစ်လာပါတော့တယ်။ လိုတာထက်ပိုပြီး ဆေးကြောမိတဲ့အခါ အရေပြားစိုစွတ်မှုကို ထိန်းပေးပြီး ကာကွယ်ပေးထားတဲ့ အဆီတွေကို ဖယ်ပစ်လိုက်ပါတော့တယ်။ ထိုအခါ အရေပြား ခြောက်သွေ့၊ယားယံခြင်းတွေ ဖြစ်လာတော့တယ်။ ထို အခြေအနေကို အမြန်မကုသဘူးဆိုရင် အရေပြား အက်ကွဲခြင်းတွေ၊ သွေးထွက်ခြင်းတွေပါ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ဓာတုပစ္စည်းတွေ၊ အမွှေးနံ့တွေပါတဲ့ သန့်စင်ပစ္စည်းတွေ ဆပ်ပြာတွေကလည်း သင့်အရေပြားကို ထိခိုက် ယားယံစေပါတယ်။ Triclosan နဲ့ ethyl alcohol ပါဝင်ပစ္စည်းတွေဟာ သင့်အရေပြားကို ဓာတ်မတည့်ခြင်းတွေတောင် ဖြစ်စေနိုင်ပါတယ်။
တတ်နိုင်သလောက် သဘာဝပစ္စည်းတွေနဲ့ လုပ်ထားတဲ့ ဆပ်ပြာတွေ၊ သန့်စင်ပစ္စည်း အပျော့စားတွေကိုသာ သုံးကြည့်ပါ။ ခန္ဓာကိုယ်ရဲ့ တစ်နေရာစီအတွက် သက်ဆိုင်ရာ သန့်စင်ပစ္စည်း အသီးသီး လိုပါတယ်။ ခန္ဓာကိုယ် အတွက်သုံးတဲ့ပစ္စည်းဟာ မျက်နှာအတွက် သုံးတဲ့ပစ္စည်းနဲ့ မတူပါဘူး။ သင်အသုံးပြုနေတဲ့ ပစ္စည်းတွေက သင့်အရေပြားမှာ ယားဖုတွေ အနီဖုတွေ ပေါ်စေရင် ဒါမှမဟုတ် အရေပြားကိုပူလောင်လာစေရင် အဲဒီအရာတွေကို ဆက်ပြီးမသုံးပါနဲ့တော့။ သုံးစွဲရမယ့် ဆပ်ပြာတွေ သန့်စင်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး အခက်တွေ့နေတယ်ဆိုရင် အရေပြား ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။
တစ်ခါသုံးတစ်ရှူး
တစ်ခါသုံးတစ်ရှူးတွေဟာ သုံးပြီးတဲ့အခါ ပြန်လျှော်စရာမလို၊ လွှင့်ပစ်လိုက်ရုံမို့ သုံးရအလွန်ကို အဆင်ပြေပါတယ်။ ဒါပေမယ့် ဒီအရာတွေမှာလည်း အရက်ပျံ၊ အမွှေးရည်၊ အရောင် နဲ့ တာရှည်ခံအောင် လုပ်ထားတဲ့ ဓာတုပစ္စည်းတွေ ပါနေတုန်းပါပဲ။ ဒါတွေဟာ ယားဖုတွေနဲ့ အင်ပြင်တွေလို ဓာတ်မတည့်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။
လက်ကိုင်ပဝါလို ဓာတုပစ္စည်းမပါတဲ့ လျှော်လို့ရတဲ့ အဝတ်တွေကို ပြောင်းသုံးကြည့်သင့်ပါတယ်။ ဒါပေမယ့် လျှော်ဖွတ်ပြီး ကောင်းကောင်း အခြောက်ခံဖို့တော့ လိုတာပေါ့။ သွားတဲ့လာတဲ့ အခါမှာတော့ တစ်ခါသုံးအိတ်တွေထဲ ထည့်သယ်သွားနိုင်ပါတယ်။
လက်ဝတ်လက်စား
များသောအားဖြင့် နီကယ်နဲ့ ပြုလုပ်ထားတဲ့ လက်ဝတ်လက်စားတွေကို ဓာတ်တည့် ဖြစ်လေ့ရှိကြပါတယ်။ ဇစ်၊ နာရီကြိုး၊ အကြွေစေ့၊ မျက်မှန်ကိုင်းတွေကို နီကယ်တွေနဲ့လုပ်တတ်ကြတယ်။
ထိုအရာတွေနဲ့ အထိအတွေ့များတဲ့အခါ နီကယ်နဲ့ ဓာတ်မတည့်မှုတွေ ဖြစ်လာနိုင်တယ်။ လက္ခဏာတွေကတော့ ယားယံခြင်း၊ ယားဖုတွေပေါ်ခြင်း၊ အဖုများပေါက်ခြင်း၊ နီရဲလာခြင်း၊ အရေပြားမှာ ပြောင်းလဲမှုတွေဖြစ်ခြင်း၊ အရည်ကြည်ဖုပေါက်ခြင်း၊ ခြောက်ကပ် အက်ကွဲသော အကွက်များဖြစ်လာခြင်း စသည်တို့ ဖြစ်နိုင်ပါတယ်။ တကယ်လို့ ထိုလက္ခဏာများ ဖြစ်လာပြီး ဘာကြောင့် ဖြစ်ရတယ် ဆိုတာမသိရင် ဆရာဝန်ပြဖို့ အကြံပေးပါရစေ။
ကုသမှုတွေက လက္ခဏာတွေကိုလျှော့ချဖို့ပဲ သုံးန်ိုင်ပြီး ဓာတ်မတည့်ခြင်းကို အရှင်းပျောက်အောင် မကူညီနိုင်ပါဘူး။ နီကယ်နှင့် တစ်ခါ ဓာတ်မတည့်မှု ဖြစ်ထားလျှင် အမြဲ ဓာတ်မတည့်ဖြစ်နေမှာမို့ ရှောင်ခြင်းသာ အကောင်းဆုံးနည်းလမ်းဖြစ်ပါလိမ့်မယ်။
ဆေးပတ်တီး
တစ်ခါတလေ ဒဏ်ရာကို ဆေးပတ်တီး စည်းတာ၊ ပလာစတာ ကပ်တာတွေကနေ အရေပြားနီရဲခြင်း၊ ယားဖုပေါ်ခြင်း၊ ပူခြင်း၊ ရောင်ခြင်းများဖြစ်လာတာကို ကြုံရတတ်ပါတယ်။ ဆိုးတဲ့ အခြေအနေတွေမှာ အရည်ကြည်ဖု နဲ့အဖုတွေ ပေါက်သည်ထိ ဖြစ်နိုင်တယ်။ ဒါဟာ ထိုဆေးပတ်တီးတွေမှာပါတဲ့ ဆေးပစ္စည်းတွေကို ဓာတ်မတည့်တာကြောင့်ဖြစ်နိုင်ပါတယ်။
တကယ်လို့ ဆေးပတ်တီးတွေနဲ့ ဓာတ်မတည့်ဘူးထင်ရင် ချက်ခြင်းဖယ်ပစ်ပါ။ ထို့နောက် ထိခိုက်ထားတဲ့နေရာကို ရေသန့်သန့်နဲ့ သေချာဆေးပြီး ဆေးခန်းသွားသင့်ပါတယ်။ ဓာတ်မတည့်ခြင်းကို ကာကွယ်ဖို့အတွက် ဆေးပတ်တီးတွေကို ရှောင်ရှားပြီး အဝတ်နဲ့ စက္ကူတိတ်တွေကို အသုံးပြုခြင်းက ပိုဘေးကင်းပါလိမ့်မယ်။
ရာဘာ
သင့်အိမ်မှာ ရှိနိုင်တဲ့ ရာဘာထုတ်ကုန်များသည် ရာဘာနဲ့ ပြုလုပ်ထားတဲ့ အိမ်သုံးပစ္စည်း၊ ရာဘာလက်အိတ်၊ ရေကူးမျက်မှန်၊ ဒါမှမဟုတ် ဖိနပ်တို့ ဖြစ်ပါသည်။ လက္ခဏာတွေက ပူမယ်၊ ယားယံမယ်၊ အင်ပြင်တွေထမယ်။ ဒီလိုဆိုရင်တော့ ဆရာဝန်ပြပြီး နောက်ဆို ထိုအရာတွေနဲ့ ထိတွေ့ခြင်းကို ရှောင်ရှားပါတော့။
လက်ဆေးဖို့ သင်သုံးတဲ့ဆပ်ပြာ၊ ဒဏ်ရာကိုစည်းဖို့ သင်သုံးတဲ့ဆေးပတ်တီး၊ နောက်ဆုံး ဖက်ရှင်ကျဖို့ လှဖို့ သင်ဝတ်တဲ့ လက်ဝတ်လက်စားတွေ ကတောင်မှ သင့်အရေပြားကို ထိခိုက်စေနိုင်တယ်။ ဒါကြောင့် သတိထားပြီး ပါဝင်ပစ္စည်းတွေကို သေချာဖတ်ကြည့်ကာ မိမိနဲ့ဓာတ်မတည့်တဲ့အရာကို သေချာလေ့လာသင့်ပါတယ်။
Credit: ရေးသားသူ Dr.Aye Myat Myat Noe
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe
#yoyarlay