ရိုးရာေသြးေအးက်ား ေသြးသစ္ဝင္းလွိုင္ေမြထိုင္းဖိုက္တာ ခြန္ဆြမ္င့္ ထိုးသ-တ္မည္

ဇြန္၃

ရိုးရာေသြးေအးက်ားဟု အမည္တြင္ေနသည့္ ေသြးသစ္ဝင္းလွိုင္အ‌ေနျဖင့္ ယခုလ ဇြန္(၇)ရက္ေန႔ ထိုင္းစံေတာ္ခ်ိန္ ည(၇) နာရီအခ်ိန္၌ ထိုင္းနိုင္ငံနာမည္ႀကီးလက္‌ေဝွ႕ကလပ္၏ ေမြထိုင္းဖိုက္တာ ခြန္ဆြမ္ႏွင့္ ယွဥ္ၿပိဳင္ထိုးသ-တ္သြားမည္ျဖစ္ေၾကာင္း ONE က အသိေပးလာခဲ့ၿပီျဖစ္သည္။
၎ ဖိုက္တာႏွစ္ဦးမွာ ONE ကျပဳလုပ္သည့္ Friday Fights 66 ပြဲစဥ္၏ တြဲဆိုင္း(၁၂)ဆိုင္းအနက္ တြဲဆိုင္း (၅)ဆိုင္းေျမာက္တြင္ သုံးမိနစ္ထိုး ႏွစ္မိနစ္နား သုံးခ်ီစနစ္ျဖင့္ ယွဥ္ၿပိဳင္ထိုးသ-တ္သြားၾကမည္ျဖစ္ေၾကာင္း သိရသည္။
ရိုးရာေသြးေအးက်ား ေသြးသစ္ဝင္းလွိုင္ႏွင့္ ထိုးသ-တ္မည့္ ခြန္ဆြမ္ဆိုသူမွာ ထိုင္းနိုင္ငံနာမည္ႀကီး Superbone ေမြထိုင္းကလပ္မွျဖစ္ကာ ေသြးသစ္ကို အလဲထိုးၿပီး ေဘာနပ္စ္ယူမည္ဟုလည္း ၎ဘက္က ၾကဳံးဝါးထားသည္။
ၿပီးခဲ့ေသာ ေမ(၃၁)ရက္ One Friday Fight 65 ပြဲစဥ္တြင္ ရိုးရာလက္ေဝွ႕ဖိုက္တာ ထြန္းမင္းေအာင္ႏွင့္ ႐ုရွားဖိုက္တာတို႔ ယွဥ္ၿပိဳင္ခဲ့ရာ ႐ုရွားဖိုက္တာ ကီရိယက္ဖ္က ဒိုင္ေပးမွတ္ျဖင့္ အနိုင္ရခဲ့သည္။
လက္ရွိတြင္ ONE ကျပဳလုပ္သည့္ ဖိတ္ေခၚပြဲမ်ားတြင္ ရိုးရာဖိုက္တာမ်ားျဖစ္သည့္ စိုးလင္းဦး၊ ထြန္းမင္းနိုင္ ၊ ထြန္းမင္းေအာင္ႏွင့္ ေသြးသစ္ဝင္းလွိုင္တို႔ ထိုးသ-တ္ခဲ့ၿပီး‌ေနာက္ ရိုးရာဖိုက္တာ တစ္ဦးျဖစ္သူ ေက်ာ္စြာဝင္းကိုလည္း ONE ဘက္က ပြဲတည္‌ေပးရန္ ရွိေနေၾကာင္း သိရသည္။

=========

ရိုးရာသွေးအေးကျား သွေးသစ်ဝင်းလှိုင်မွေထိုင်းဖိုက်တာ ခွန်ဆွမ်င့် ထိုးသ-တ်မည်
=================
ဇွန်၃

ရိုးရာသွေးအေးကျားဟု အမည်တွင်နေသည့် သွေးသစ်ဝင်းလှိုင်အ‌နေဖြင့် ယခုလ ဇွန်(၇)ရက်နေ့ ထိုင်းစံတော်ချိန် ည(၇) နာရီအချိန်၌ ထိုင်းနိုင်ငံနာမည်ကြီးလက်‌ဝှေ့ကလပ်၏ မွေထိုင်းဖိုက်တာ ခွန်ဆွမ်နှင့် ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း ONE က အသိပေးလာခဲ့ပြီဖြစ်သည်။
၎င်း ဖိုက်တာနှစ်ဦးမှာ ONE ကပြုလုပ်သည့် Friday Fights 66 ပွဲစဉ်၏ တွဲဆိုင်း(၁၂)ဆိုင်းအနက် တွဲဆိုင်း (၅)ဆိုင်းမြောက်တွင် သုံးမိနစ်ထိုး နှစ်မိနစ်နား သုံးချီစနစ်ဖြင့် ယှဉ်ပြိုင်ထိုးသ-တ်သွားကြမည်ဖြစ်ကြောင်း သိရသည်။
ရိုးရာသွေးအေးကျား သွေးသစ်ဝင်းလှိုင်နှင့် ထိုးသ-တ်မည့် ခွန်ဆွမ်ဆိုသူမှာ ထိုင်းနိုင်ငံနာမည်ကြီး Superbone မွေထိုင်းကလပ်မှဖြစ်ကာ သွေးသစ်ကို အလဲထိုးပြီး ဘောနပ်စ်ယူမည်ဟုလည်း ၎င်းဘက်က ကြုံးဝါးထားသည်။
ပြီးခဲ့သော မေ(၃၁)ရက် One Friday Fight 65 ပွဲစဉ်တွင် ရိုးရာလက်ဝှေ့ဖိုက်တာ ထွန်းမင်းအောင်နှင့် ရုရှားဖိုက်တာတို့ ယှဉ်ပြိုင်ခဲ့ရာ ရုရှားဖိုက်တာ ကီရိယက်ဖ်က ဒိုင်ပေးမှတ်ဖြင့် အနိုင်ရခဲ့သည်။
လက်ရှိတွင် ONE ကပြုလုပ်သည့် ဖိတ်ခေါ်ပွဲများတွင် ရိုးရာဖိုက်တာများဖြစ်သည့် စိုးလင်းဦး၊ ထွန်းမင်းနိုင် ၊ ထွန်းမင်းအောင်နှင့် သွေးသစ်ဝင်းလှိုင်တို့ ထိုးသ-တ်ခဲ့ပြီး‌နောက် ရိုးရာဖိုက်တာ တစ်ဦးဖြစ်သူ ကျော်စွာဝင်းကိုလည်း ONE ဘက်က ပွဲတည်‌ပေးရန် ရှိနေကြောင်း သိရသည်။